အသက် ၄၀ ကျော် အမျိုးသမီးများအတွက် မိတ်ကပ်လိမ်းခြယ်နည်း

အမျိုးသမီးတွေအတွက် အလှအပဆိုတာ အသက် အရွယ် ကန့်သတ်မှုမရှိပါဘူး။ ဒါပေမဲ့ အသက် ၄၀ ထဲ ဝင်ရောက်လာခဲ့ ရင် ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်တွေနဲ့ ကျုံ့နိုင်ဆန့်နိုင်အားတွေ လျော့သွားတာကြောင့် အရေး ကြောင်းတွေပေါ် ပေါက်လာနိုင်ပါတယ်။ ဒီလိုဖြစ်တာကို မိတ်ကပ်နဲ့ ဖုံးကွယ်ပေးနိုင်ပါတယ် . . .

အ သက် ၄၀ ထဲ ဝင်ရောက်တဲ့အခါ မှာ သင့်အနေနဲ့ Skin Care နဲ့ မိတ် ကပ်ကို မှန်ကန်စွာရွေးချယ်ဖို့ လိုအပ်ပါ တယ်။ တချို့မိတ်ကပ်တွေက သင့်ကို အရွယ်တင်နုပျိုသွားစေသလို တချို့မိတ် ကပ်တွေကြောင့်လည်း သင်ရဲ့အရေး ကြောင်းတွေ ပိုမိုထင်ရှားသွားနိုင်ပါတယ်။ အောက်ပါတို့ဟာ အသက် ၄၀ ကျော်သူ တွေ အသုံးပြုသင့်တဲ့ Skin Care နဲ့ မိတ်ကပ်ပစ္စည်းတွေပါ။

Blindside Key Visual Assets

Hydrating PrimerHydrating Primer
မိတ်ကပ်မလိမ်းခင်မှာ လိမ်းရတဲ့ အလှကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သူ ကတော့ အရေပြားကိုချောမွေ့စေပြီး အစက်အပြောက်နဲ့ အရေးကြောင်း တွေကို ဖုံးကွယ်ပေးကာ မျက်နှာပေါ်လိမ်း ထားတဲ့အလှပစ္စည်းတွေကို ကြာရှည်ခံ စေပါတယ်။ သင့်အရေပြား ဝင်းလက် တောက်ပြောင်ဖို့အတွက် ရေဓာတ်ဖြည့် ပေးမယ့် Primer တစ်ခုကတော့ မရှိမ ဖြစ်လိုအပ်ပါတယ်။ Primer အသုံးပြု တာကြောင့် မိတ်ကပ်အသုံးပြုရတဲ့ ပမာ ဏလည်း နည်းသွားနိုင်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ O’Lay Anti-wrinkle firm and lift 2-in-1 moisturizer and Antiaging primer ကိုအသုံြး ပုဖို့ အကြံပေးထားပါတယ်။

Foundation
အသက် ၄၀ ကျော်သူတွေအတွက် မှန်ကန်တဲ့ ဖောင်ဒေးရှင်းကိုရွေးချယ်နိုင် မှ အရွယ်တင်နုပျိုနိုင်ပါလိမ့်မယ်။ တချို့ ဖောင်ဒေးရှင်းတွေကြောင့် သင့်မှာ ရှိတဲ့ အရေးကြောင်းတွေ ပိုပေါ်လွင်သွားတတ် ပါတယ်။ သင့်အရေပြားအရောင်ထက် တစ်ဆင့်နိမ့်တဲ့အရောင်ကို ရွေးချယ်ပါ။
ကျွမ်းကျင်သူတွေကတော့Neu­trogena Healthy Skin Anti-Aging Perfectorမ နဲ့ Estee Lauder Perfe­ctionist Youth-infusing Serum Makeup SPF 25 ကို အသုံးပြုဖို့ အကြံ ပေးထားပါတယ်။

Concealer
ကွန်ဆယ်လာကောင်းတစ်ခုက သင့် ကိုရှစ်နာရီလောက်အိပ်ထားလို့ အိပ်ရေး ၀နေတဲ့အသွင် ပေါ်ပေါက်စေပါတယ်။ အသက် ၄၀ ထဲဝင်ရောက်လာတဲ့အခါမှာ မျက်စိတစ်ဝိုက်က အရေပြားတွေက ပိုမို ခြောက်သွေ့တတ်တာကြောင့် liquid ငိ အမျိုးအစား ကွန်ဆယ်လာကို အသုံးပြု သင့်ပါတယ်။ မျက်ကွင်းညိုတာ သက် သာအောင် အောက်မျက်ခမ်းရဲ့ အတွင်း ပိုင်းတစ်ဝက်လောက်ကိုအသုံးပြုဖို့ အလှ အပ ပညာရှင်တွေက အကြံပေးထားကြ ပါတယ်။
ကျွမ်းကျင်သူတွေကတော့ May­be­lline New Yourk Instant Age Rewind Eraser Dark Circles Concealerမ နဲ့ NARS Radiant Creamy Concealer ကိုအသုံးပြုဖို့ အကြံပေးထားပါတယ်။

Blush
Blushကတော့ ပုံမှန်အလှအပအ တွက် မဖြစ်မနေပါဝင်ရမယ့်အရာပါ။ ပန်းရောင် ဒါမှမဟုတ် မက်မွန်သီးအ ရောင်တွေကတော့ ဘယ်အရေပြားနဲ့ မဆို လိုက်ဖက်ပါတယ်။ နေ့ညမရွေး အသုံးပြုနိုင်ပါတယ်။ Blushကိုအသုံးပြု တဲ့အခါမှာ ပါးရိုးအောက်ဘက်ကျကျ အသုံးမပြုသင့်ပါဘူး။ ပါးရိုးအပေါ်ဘက် ကနေနားထင်ဘက်ကို ဆွဲပြီးလိမ်းပေးပါ။
ကျွမ်းကျင်သူတွေကတော့ NARS Orgasm Blush နဲ့ NYX Rouge Cream Blush ကို အသုံးပြုဖို့ အကြံပေး ထားပါတယ်။

Eye Brow Kits
အသက်ကြီးလာတာနဲ့အမျှ မျက်ခုံး မွေးတွေကျွတ်ပြီး မျက်ခုံးပုံစံပျက်သွား တတ်ကြပါတယ်။ မျက်ခုံးပြည့်ပြည့်လေး ရှိနေတာက သင့်မျက်နှာကို ငယ်ရွယ်နု နယ်တဲ့အသွင် ပေါ်ပေါက်စေပါတယ်။ မျက်ခုံးမွေးပေါက်စေတဲ့ serum ကို အသုံးပြုပါ။ မျက်ခုံးမွေးဆွဲတံနဲ့ မျက်ခုံးပုံ ဖော်ပြီး ဆံသားပုံစံအချောင်းလေးတွေ ဖြစ်အောင် ဆွဲပေးပါ။ ပိတ်ပိတ်ထင်းထင်း ကြီးဖြစ်အောင် မဆွဲပါနဲ့။ ကာတွန်းရုပ်ပုံစံ ပေါက်သွားပါလိမ့်မယ်။

Eye Liner, Eye Shadow, Mascara
မျက်လုံးကို လှပအောင် မိတ်ကပ် အသုံးပြုနိုင်ရင် အရွယ်တင်နုပျိုသ ယောင် ထင်ရနိုင်ပါတယ်။ သင် အရမ်း အိပ်ရေးပျက်ထားရင် ကွန်ဆယ်လာကို အသုံးပြုပေးပါ။ အဝါရောင်ကွန်ဆယ်လာ က မျက်ကွင်းညိုတာကို ဖျောက်ဖျက်ပေး နိုင်ပါတယ်။ အိုင်းရှဲဒိုးကတော့ အနွေး ရောင် အမှိန်ရောင်နဲ့ ပန်းလိမ္မော်ရောင်က သင့်ကို အိပ်ရေးဝသယောင် ထင်ရစေပါ တယ်။ အိုင်းလိုင်နာကို မျက်တောင်နဲ့ကပ် လျက် အသုံးပြုရင် မျက်တောင်ထူသ ယောင်ထင်ရပြီး mascara က သင့်မျက် လုံးကို ပိုမိုပေါ်လွင်စေပါတယ်။ ပြိုးပြိုး ပြက်ပြက်အရောင်၊ ခဲရောင်နဲ့ အညို အိုင်းရှဲဒိုးတွေက သင့်မျက်လုံးကို ပင်ပန်း သယောင်ထင်ရစေပါတယ်။

Lip Stick

မိတ်ကပ်လိမ်းပြီးရင်တော့ နောက် ဆုံး နှုတ်ခမ်းနီဆိုးမှ ပြီးပြည့်စုံမှာပါ။ အ သက် ၄၀ ကျော်သူတွေအတွက် အ ကောင်းဆုံးဖြစ်မယ့် နှုတ်ခမ်းနီဆိုးနည်း ကို ဖော်ပြပေးလိုက်ပါတယ်။
– နှုတ်ခမ်းမှာရှိတဲ့ဆဲလ်သေတွေကို အရင်ဖယ်ရှားလိုက်ပါ။ ဒါမှ နှုတ်ခမ်း သားလေးက ပျော့ပျောင်းနေမှာပါ။
– Lip balm ကို အသုံးပြုပြီး နှုတ် ခမ်းကို ရေဓာတ်ဖြည့်လိုက်ပါ။ နှုတ် ခမ်းမှာ ပိုလျှံနေတဲ့ Lip balm ကို တစ်သျှူးနဲ့ သုတ်လိုက်ပါ။
– နှုတ်ခမ်းညိုနေရင် ကွန်ဆယ်လာအ နည်းငယ်လိမ်းပေးပါ။
– သင့်နှုတ်ခမ်းနီအရောင်နဲ့ လိုက် ဖက်မှုရှိတဲ့ Lip liner pencil ကို အသုံးပြုပြီး သင့်နှုတ်ခမ်းသားတွေ ကို အနားသတ်ပေးပါ။
– ပြီးရင် နှုတ်ခမ်းနီဆိုးလိုက်ပါ။
နှုတ်ခမ်းနီအရောင်ရွေးချယ်ရာမှာ သင် ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင် ပါတယ်။ အသက် ၄၀ ကျော်လို့ အရောင် နုနုပဲ ဆိုးရမယ်ဆိုတာ မဟုတ်ပါဘူး။
ထသွားထလာမိတ်ကပ်လိမ်းနည်း

– သင့်အရေပြားအတွက် ကြိုတင် ပြင်ဆင်ပါ။ အရေပြားကို အစိုဓာတ် ထိန်းခရင်မ်လိမ်းပါ။ SPF ပါဝင်တဲ့ ပစ္စည်းလိမ်းပါ။ ပြီးရင် Primer လိမ်းပါ။
– ဖောင်ဒေးရှင်းလိမ်းပါ။ မိတ်ကပ် လိမ်းတဲ့ ဘရပ်ရှ်ကို အသုံးပြုပြီး ဖောင်ဒေးရှင်းလိမ်းပေးပါ။ မျက်နှာ ပေါ်မှာ အရေးကြောင်းတွေ ဖုံးသွား တဲ့အထိ သေချာညှိပြီးလိမ်းပါ။
– ကွန်ဆယ်လာလိမ်းပါ။ မျက်ကွင်းညို တာပျောက်ကင်းအောင် ကွန်ဆယ် လာအသုံးပြုပါ။ အောက်မျက်လုံးအ တွင်း ထောင့်တွေကို အဓိကထားပြီး လိမ်းပေးပါ။ မိတ်ကပ်လိမ်းတဲ့ရေ မြှုပ်အသုံးပြုပြီး eye cream ကို မျက်လုံးအပြင်ထောင့်ကနေ အတွင်း ထောင့်အထိ လိမ်းပါ။
– မျက်ခုံးမွေး ဆွဲပါ။ မျက်လုံးအတွင်း ပိုင်းကနေ အပြင်ပိုင်းရောက်အောင် ဆံခြည်မျှင်လိုင်းလေးတွေဆွဲပါ။
– ပါးနီလိမ်းပါ။ သင်ရဲ့ပါးရိုးတစ်လျှောက် ပါးနီလိမ်းပြီး သေချာညှိပါ။
– နောက်ဆုံးအနေနဲ့ နှုတ်ခမ်းနီ ဆိုး ပါ။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *