အသက် ၅၀ အရွယ်တွင် လှုပ်လှုပ်ရှားရှားနေပေးခြင်းက သူငယ်ပြန်နိုင်ခြေ နည်းစေနိုင်ဟုဆို

အသက် ၅၀ အရွယ်မှာ လှုပ်လှုပ်ရှားရှားနေပေးတာက အသက်ကြီးတဲ့အခါ သူငယ်ပြန်နိုင်ခြေကို ထက်ဝက်လျှော့ချ ပေးနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။University College London က သုတေသီ Séverine Sabia ဦးဆောင်ခဲ့တဲ့လေ့လာမှုမှာ လူပေါင်း ၇၉၀၀ ကို အသက် ၅၀ အရွယ်ကနေစလို့ ၂၅ နှစ်ကြာအောင့် စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။ လှုပ်လှုပ်ရှားရှားနေလေ့မရှိသူတွေအတွက် နှစ်စဉ် လူ ၁၀၀၀ မှာ ၃.၂ ရာခိုင်နှုန်းလောက် သူငယ်ပြန်နိုင်ခြေရှိပေ မယ့် လှုပ်လှုပ်ရှားရှားနေသူတွေအတွက်တော့ လူ ၁၀၀၀ မှာ ၁.၃ ရာခိုင်နှုန်းလောက်သာ ဖြစ်နိုင်ခြေရှိတဲ့အတွက် ၅၉ ရာခိုင် နှုန်းလျှော့ချသွားတာကို မြင်တွေ့နိုင်ပါတယ်။ Institute of Public Health at Cambridge University က သုတေသီ Carol Brayne ကလည်း]သက်လတ်ပိုင်းမှာ သွေးကြောစနစ်ပို ကောင်းလေလေ အသက်ကြီးတဲ့အခါ သူငယ်ပြန်နိုင်ခြေပိုနည်း လေဖြစ်ပါတယ်}လို့ ဆိုခဲ့ပါတယ်။

(AP,8.8.19) အေးယုနိုင်

Post Author: Good Health Journal