အသည်းကျန်းမာပြီး ရောဂါကင်းအောင် ဘာတွေစားသောက်ကြမလဲ

အသည်းက ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုပါ။ ခန္ဓာရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ၊ သဘာဝကရရှိတဲ့ ဖြည့်စွက်စာတွေက အသည်းရဲ့လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ပြီး အသည်းကို ကျန်းမာစေပါတယ်။

ခါးသောအရသာ


ခါးတဲ့အရသာပေးစွမ်းတဲ့ အသီး အရွက်တွေ စားသုံးတာက သည်းခြေ ကနေ သည်းခြေရည် ထုတ်လုပ်မှုကို အားပေးပြီး အစာချေဖျက်မှုကို အား ပေးပါတယ်။

သံပရိုသီး


မနက်အိပ်ရာထမှာ သံပရိုသီးတစ် ခြမ်းကို အရည်ညှစ်ပြီး ရေနွေးထဲ ထည့် သောက်တာက အသည်းအတွက် ကောင်းမွန်စေပါတယ်။ အာရုံကြောတွေ နဲ့ ဟော်မုန်းတွေကို လှုံ့ဆော်ပေးလို့ အသည်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း တို့ရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်စေ ပါတယ်။

ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်

 

ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်တွေထဲမှာ ဂလိုင် ကိုဆိုင်နိုလိတ်များစွာပါဝင်ပါတယ်။ ဂလို ကိုဆိုင်နိုလိတ်က ဆာလဖာပါဝင်တဲ့ ဒြပ် ပေါင်းတစ်ခုပြီး ဟော်မုန်းတွေနဲ့ အဆိပ် အတောက်တွေကြောင့် အသည်းပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

နနွင်း


နနွင်းကို ဟင်းခတ်အမွှေးအကြိုင် အဖြစ် ဟင်းလျာအများစုမှာ ထည့်သွင်း ချက်ပြုတ်တတ်ကြပါတယ်။ နနွင်းမှာ အသည်းအပါအဝင် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့နည်းစေပါ တယ်။ အသည်းထဲ ဗိုင်းရပ်စ်ပိုးအပါအဝင် ပိုးမွှားတွေ မဝင်ရောက်နိုင်အောင်လည်း တားဆီးပေးပါတယ်။

ရေ


ရေကို လုံလောက်စွာ သောက် တာ၊ ဒါမှမဟုတ် ရေနွေးကြမ်းကို လုံလောက်စွာ သောက်တာကြောင့် အသည်းကနေ အဆိပ်အတောက် တွေ စွန့်ထုတ်တာကို အားပေးပါ တယ်။ ခန္ဓာကိုယ်အတွက် ရေလုံ လောက်စွာ မသောက်သုံးတာက သည်းခြေအိတ်ထဲမှာ သည်းခြေရည် ပြစ်ပြီး သည်းခြေကျောက်တည်နိုင် ခြေကို များစေပါတယ်။

ဇင့်ဓာတ်

ဇင့်ဓာတ်က ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ အင်ဇိုင်းဓာတ်ပြုမှုများစွာ အတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုးပါ။ ဇင့်ဓာတ်က အသည်းမှာ အရက်ကို အဆိပ်အတောက်မဖြစ်စေတဲ့ ဒြပ်ပေါင်း အဖြစ်ပြောင်းလဲရာမှာလည်း အဓိက လို အပ်ပါတယ်။ အရက်သောက်သူတွေအ နေနဲ့ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ကို လုံ လောက်စွာ ဖြည့်စွက်သောက်သုံးဖို့ လို တယ်ဆိုတာ သိထားရမှာဖြစ်ပါတယ်။

မီသီရိုနင်း


အသည်းထဲမှာ အဆိပ်အတောက် တွေကို ချေဖျက်ရာမှာ အမိုင်နိုအက်စစ် ဖြစ်တဲ့ မီသီရိုနင်းက မရှိမဖြစ် လိုအပ်ပါ တယ်။ အသည်းဆဲလ်တွေကို ကာကွယ် ပေးတဲ့ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဂလူတာသိုင်အုန်းဒြပ်ပေါင်းရဲ့ အစိတ် အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal