အသည်းရောင်အသားဝါ စီ၊ အီး ရောဂါ ကာကွယ်နိုင်မည့် နည်းလမ်းများ

အသည်းရောင်အသားဝါရောဂါ ပိုးမှာ အေ၊ ဘီ၊ စီ၊ ဒီ၊ အီးရောဂါပိုး ငါးမျိုးရှိပြီး အသည်းရောင်အသားဝါ စီနဲ့ အီးရောဂါပိုးတွေရဲ့သိထားသင့်တဲ့ အ ကြောင်းအရာတွေနဲ့ ရောဂါမဖြစ်ရလေ အောင် ဆင်ခြင်နေထိုင်သင့်ပုံတွေကို World Hepatitis Day အခမ်းအနား မှာ မေးမြန်းခဲ့ပါတယ်။

အသည်းရောင်အသားဝါ စီပိုးကူးစက်တတ်ပုံ တွေကို ပြောပြပေးပါဆရာမ။
အသည်းရောင်အသားဝါစီ ရောဂါက ရောဂါပိုးရှိသူရဲ့သွေးကတစ်ဆင့် ကူးစက်တတ်ပြီး ကူးစက်ခံရသူ ကိုယ်ခံ အား အနည်း၊ အများအပေါ်မူတည်ပြီး ရက်အနည်းငယ်အတွင်း ရောဂါလက္ခ ဏာ အနည်းငယ်သာခံစားရပြီး ပျောက် သွားနိုင်သလို နှစ်ပေါင်းများစွာ နာတာ ရှည်ရောဂါလည်း ဖြစ်နိုင်ပါတယ်။ စီ ရောဂါပိုးက သွေးသွင်းမိတာ၊ မသန့်ရှင်း တဲ့ ဆေးထိုးအပ်တွေကို သုံးမိတာ၊ ရော ဂါပိုးရှိတဲ့ကိုယ်ဝန်ဆောင် မိခင်ကနေ ကလေးကိုကူးစက်တာ၊ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ ရောဂါပိုးရှိသူနဲ့သွားတိုက်တံ ဒါမှမဟုတ် မုတ်ဆိတ်ရိတ်ဓားတွေအတူ သုံးမိတာမျိုး တွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါစီပိုး ကူးစက်ရင် ဘယ်လိုရောဂါလက္ခဏာတွေပြပါသလဲ။
အသည်းရောင်စီပိုးရောဂါ လက္ခ ဏာတွေမှာ ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ အစားအသောက်ပျက်တာ၊ အသားဝါ၊ မျက်လုံးဝါတာ၊ မောပန်းနွမ်းနယ်တာနဲ့ ဆီးအရောင်ရင့်ပြီး ဝမ်းအရောင်ဖျော့တာ တွေဖြစ်ပါတယ်။

အသည်းရောင်အသားဝါစီရောဂါပိုးရှိ၊ မရှိ ကို ဘယ်လိုသိနိုင်မလဲ။
အသည်းရောင်အသားဝါစီ ရောဂါ ပိုး ရှိ၊ မရှိကို သွေးဖောက်စစ်ဆေးပြီး သိနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ အသည်းရောင်အသားဝါစီပိုး ပဋိပစ္စည်း ရှိ၊ မရှိကို စစ်ဆေးပြီး တွေ့ရှိရင် ပိုး ကောင်ရေစစ်ဆေးတာကိုလည်း ထပ်မံ ပြုလုပ်နိုင်ပါတယ်။

အသည်းရောင်စီရောဂါပိုးရှိသူအနေနဲ့ ဘာ တွေ လိုက်နာဆောင်ရွက်သင့်သလဲ။
အသည်းရောင်အသားဝါစီ ရောဂါ ပိုးရှိသူမှာ အရက်ဘီယာသောက်တာတွေ ရှောင်ကြဉ်သင့်ပါတယ်။ အသည်းကို ထိ ခိုက်စေနိုင်မယ့်ဆေးဝါးတွေကို မသုံးစွဲ ခင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

အသည်းရောင်အသားဝါစီပိုးက ဘယ်အချိန် မှာ ရောဂါလက္ခဏာပြတတ်ပါသလဲ။
အသည်းရောင်အသားဝါရောဂါမှာ ရောဂါပိုးဝင်ရောက်ပြီး ခြောက်ပတ်၊ ခုနစ်ပတ်အတွင်း ရောဂါလက္ခဏာပြလေ့ ရှိတတ်ပါတယ်။

ရောဂါပိုးကို ဘယ်လိုကာကွယ်နိုင်မလဲ၊ ကာ ကွယ်ဆေးကော ရှိပါသလားဆရာမ။
အသည်းရောင်စီရောဂါပိုးက ကာ ကွယ်ဆေးမရှိသေးပါ။ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ မလိုအပ်ဘဲ ဆေးထိုးတာကို ရှောင်ကြဉ်သင့်ပါတယ်၊ တစ်ခါသုံးဆေးထိုးအပ် အသုံးပြုတာ တွေ၊ တခြားတစ်ယောက်သွေးနဲ့ တိုက် ရိုက်ထိတာတွေ၊ ဆေးသွင်းဖို့လိုအပ်ရင် လည်း စစ်ဆေးထားတဲ့ ဆေးတွေကိုသာ သွင်းသင့်ပါတယ်။

အသည်းရောင်အသားဝါစီရောဂါပိုးက ကုသ လို့ ပျောက်ကင်းနိုင်ပါသလား။
အသည်းရောင်အသားဝါစီရောဂါ ပိုး ကုသလို့ ရနိုင်၊ မရနိုင် ဆိုတာက ရော ဂါဖြစ်သူရဲ့ကိုယ်ခံအားပေါ်မူတည်ပါ တယ်။ အနားယူတာက ကုထုံးဖြစ်ပါ တယ်။ မောပန်းနွမ်းနယ်စေတဲ့ အလုပ် တွေကိုရှောင်ကြဉ်ပြီး သစ်သီးဖျော်ရည် ကို ဂလူးကို့စ်အမှုန့်နဲ့ဖျော်ပြီး များများ သောက်ပေးသင့်ပါတယ်။ နာတာရှည်ဖြစ် ခဲ့ရင်လည်း ခေတ်မီတဲ့ဆေးဝါးတွေနဲ့ သုံး လကနေ ခြောက်လအတွင်း ပျောက်ကင်း အောင်ကုနိုင်ပါတယ်။

အသည်းရောင်အသားဝါအီးရောဂါနဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ။
ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်တတ် တဲ့ အသည်းရောင်ရောဂါ တစ်မျိုးဖြစ်ပြီး ရောဂါပိုးဝင်ရောက်ပြီး နှစ်ပတ်ကနေ ခြောက်ပတ်အတွင်းမှာ ရောဂါလက္ခဏာ တွေ ပြသလေ့ရှိပါတယ်။

အသည်းရောင်အသားဝါအီးပိုးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။
အသည်းရောင်အသားဝါ အီးရောဂါ ရဲ့ ရောဂါလက္ခဏာတွေကတော့ ဗိုက် အောင့်တာ၊ ပျို့အန်တာ၊ ဖျားတာ၊ မော ပန်းနွမ်းနယ်တာ၊ ဖျားတာ၊ အသားဝါတာ၊ မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာနဲ့ ဝမ်းအရောင်ရင့်တာတွေဖြစ်ပါတယ်။
အသည်းရောင်အသားဝါ အီးရောဂါပိုး ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲဆရာမ။
အသည်းရောင်အသားဝါအီးရောဂါပိုး ရှိ၊ မရှိ လူနာရဲ့ မစင်နဲ့ သွေးကိုယူပြီး စစ် ဆေးနိုင်ပါတယ်။

အသည်းရောင်အသားဝါ အီးရောဂါက ဘယ် လိုကူးစက်ခံနိုင်ရပါသလဲ။
အသည်းရောင်အသားဝါ အီးပိုးက မသန့်ရှင်းတဲ့ရေ၊ အညစ်အကြေးတွေ၊ မစင်တွေက အစာအိမ်နဲ့ အူလမ်းကြောင်း ထဲကိုရောက်ရှိပြီး ကူးစက်တတ်ပါတယ်။ ဒါတွေအပြင် ရောဂါပိုးကူးစက်ခံထားရ တဲ့ တိရစ္ဆာန်တွေရဲ့အသားတွေကို ကျက်တဲ့အထိ လုံလုံလောက်လောက် မချက်ပြုတ်ဘဲ စားသုံးမိတာတွေက လည်း ကူးစက်တတ်ပါတယ်။

အသည်းရောင်အသားဝါ အီးရောဂါပိုးက ကုသလို့ ရနိုင်သလားဆရာမ။
အသည်းရောင်အသားဝါအီးရော ဂါပိုးရှိသူဟာ အရက်၊ ဘီယာသောက်တာ တွေကို ရှောင်ကြဉ်သင့်ပါတယ်။ အသည်း ကို ထိခိုက်စေနိုင်မယ့် ဆေးတွေကိုမသုံး စွဲခင် ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုအပ်ပါ တယ်။ ရောဂါပိုးရှိသူတွေအနေနဲ့ မော ပန်းနွမ်းနယ်တဲ့အလုပ်ကို ရှောင်ကြဉ်ပြီး အပြည့်အဝ အနားယူသင့်ပါတယ်။ အ သည်းကို ထိခိုက်စေနိုင်မယ့် အရက် သေစာသောက်သုံးတာတွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ သစ်သီးဖျော် ရည်တွေကို များများသောက်သုံးသင့် ပါတယ်။

အသည်းရောင်အသားဝါ အီးရောဂါအတွက် ကာကွယ်ဆေးရှိပါသလား။
အသည်းရောင်အီးရောဂါအတွက် ကာကွယ်ဆေးရှိပေမယ့်လည်း တွင်တွင် ကျယ်ကျယ်အသုံးမပြုသေးပါဘူး။

အသည်းရောင်အသားဝါအီးရောဂါကို ဘယ် လိုကာကွယ်နိုင်မလဲ။
အသည်းရောင်အသားဝါအီးရော ဂါကို ကာကွယ်နိုင်မယ့်နည်းလမ်းတွေက တော့ အစားအသောက်မပြင်ဆင်ခင်နဲ့အ စားအသောက်မစားခင်၊ အိမ်သာတက်ပြီး တိုင်း လက်ကို ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောရမယ်၊ မသန့်ရှင်းတဲ့အစား အသောက်တွေ၊ ရေတွေကိုရှောင်ကြဉ်ပါ။ အသား၊ ငါးတွေကို ကျက်တဲ့အထိ မချက်ပြုတ်ဘဲစားမိတာတွေ ရှောင်ကြဉ် ရမယ်၊ အစားအသောက်တွေကို မကိုင် ခင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရု တစိုက်ဆောင်ရွက်ပြီး ရောဂါကာကွယ် သင့်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာမ။

ဒေါက်တာခင်ပြုံးကြည်
မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌ

မေသက်ဇော်

Post Author: Good Health Journal