အသည်းရောင် အသားဝါ စီပိုးအကြောင်း သင်ဘယ်လောက်သိပါသလဲ

အသည်းရောင်အသားဝါရောဂါကို ဖြစ်စေတဲ့ပိုးတွေက အေပိုး၊ ဘီပိုးနဲ့ စီပိုး ဆိုပြီးရှိပါတယ်။ အဲဒီထဲကမှ စီပိုးနဲ့ပတ် သက်ပြီး သင်ဘယ်လောက်သိသလဲ ဒီ မေးခွန်းလေးတွေဖြေပြီး လေ့လာကြည့် ကြရအောင်။

၁။ အသည်းရောင်အသားဝါစီက ရှား ပါးသလား။
(က) မှန်
(ခ) မှား

၂။ အသည်းဆိုတာ အသည်းရောင် အသားဝါစီပိုးကြောင့် အထိခိုက်ဆုံး အစိတ်အပိုင်းပါ။
(က) မှန်
(ခ) မှား

၃။ အသည်းရောင်အသားဝါစီပိုးရဲ့ ပထမ ဆုံးလက္ခဏာရပ်က အပြင်းဖျားတာပါ။
(က) မှန်
(ခ) မှား

၄။ အသည်းရောင်အသားဝါစီက ဆယ် ကျော်သက်တွေမှာ အဖြစ်အများဆုံးပါ။
(က) မှန်
(ခ) မှား

၅။ အသည်းရောင်အသားဝါစီပိုးက လိင် ကတစ်ဆင့်ကူးစက်နိုင်သလား။
(က) ကူးနိုင်တယ်
(ခ) မကူးနိုင်ဘူး

၆။ တက်တူထိုးတာနဲ့ ကိုယ်မှာအပေါက် ဖောက်တာတွေကနေတစ်ဆင့် အသည်း ရောင်အသားဝါစီပိုး ကူးစက်တတ်လား။
(က) ကူးတတ်တယ်
(ခ) မကူးတတ်ဘူး

၇။ အသည်းရောင်အသားဝါစီပိုးကို ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တယ်။
(က) မှန်
(ခ) မှား

၈။ အသည်းရောင်အသားဝါစီပိုးက သူ့ ဘာသာသူပျောက်သွားတတ်လား။
(က) ပျောက်တယ်
(ခ) မပျောက်ဘူး

၉။ အသည်းရောင်အသားဝါစီပိုးကို ဆေး သောက်ပြီးကုနိုင်လား။
(က) ကုနိုင်တယ်
(ခ) မကုနိုင်ဘူး

၁၀။ အသည်းရောင်အသားဝါစီပိုးက တစ်ခါကုသပြီးတာနဲ့ နောက်တစ်ခါထပ် မကူးနိုင်တော့ဘူး။
(က) ဟုတ်တယ်
(ခ) မဟုတ်ဘူး

၁။ (ခ) မှား
အမေရိကန်နိုင်ငံမှာဆိုရင် အ ယောက်ပေါင်း ၃.၉ သန်းမှာ အသည်း ရောင်အသားဝါစီပိုးရှိနေပြီး တစ်နှစ်ကို လူ သုံးသောင်းနီးပါး ကူးစက်ခံနေရပါ တယ်။ အသည်းရောင်အသားဝါစီပိုးက အမေရိကန်မှာ သွေးကတစ်ဆင့် အကူး စက်တတ်ဆုံးရောဂါပိုး ဖြစ်လို့နေပါ တယ်။ မူးယစ်ဆေးဝါး အကြောဆေးသွင်း သူတွေ၊ HIဠ ကူးစက်ခံရသူတွေ၊ ၁၉၈၂ ခုနှစ်မတိုင်မီက သွေးသွင်းဖူးသူတွေ၊ ကျောက်ကပ်ဆေးဖူးသူတွေမှာ အဖြစ် များပါတယ်။ အသည်းရောင်အသားဝါ စီပိုးရှိမိခင်က မွေးဖွားတဲ့ ကလေးငယ် တွေမှာလည်း ရောဂါပိုးကူးစက်တတ်ပါ တယ်။
ဗိုင်းရပ်စ်ပိုးကူးစက်လို့ ဖြစ်တာ မဟုတ်တဲ့ အသည်းရောင်တာမျိုးကတော့ အရက်စွဲတာ၊ ဆေးဝါးတချို့၊ တခြားရော ဂါပိုးမွှားတွေနဲ့ ခုခံအားဆိုင်ရာ မူမမှန် တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၂။ (က) မှန်
အသည်းရောင်အသားဝါရောဂါဟာ အသည်းရောင်ရမ်းတာပါ။ အသည်းရဲ့ အလုပ်က သွေးကိုသန့်ပေးဖို့ရယ်၊ အဆီ တွေ ချေဖျက်ပေးဖို့ရယ်၊ သကြားတွေကို စုဆောင်းပြီး ပြန်အသုံးချဖို့ရယ်၊ သွေးခဲ စေတဲ့ ပရိုတင်းတွေ ထွက်ရှိစေဖို့ရယ်ပါ။ အသည်းရောင်အသားဝါစီပိုးကြောင့် ပျက်စီးသွားတဲ့ အသည်းဟာ တဖြည်း ဖြည်းနဲ့ ပုံမှန်အတိုင်း အလုပ်မလုပ် တော့ဘဲ ဖြစ်သွားတတ်ပါတယ်။
အသည်းရောင်အသားဝါစီပိုးက ကူးစက်ခံလိုက်ရတာနဲ့ ခန္ဓာကိုယ်ထဲမှာ ရှင်သန်နေတတ်ပြီး အသည်းကို တဖြည်း ဖြည်း ပျက်စီးစေတတ်ပါတယ်။ ဒါကို နာတာရှည် အသည်းရောင်အသားဝါစီ ရောဂါလို့ ခေါ်ပါတယ်။ အသည်းအများစု ပျက်စီးပြီး အမာရွတ်ကျန်ရစ်သွားတဲ့ အခါမှာတော့ အသည်းခြောက်ရောဂါပါ ဖြစ်လာတတ်ပါတယ်။

၃။ (ခ) မှား
အသည်းရောင်အသားဝါစီပိုးက ရောဂါလက္ခဏာတွေ ပြလေ့မရှိပါဘူး။ အသည်းရောင်အသားဝါစီပိုးကို သွေး မစစ်မိပါက ကိုယ်ထဲမှာအကြာကြီး နေနေတတ်ပြီး အသည်းပျက်စီးတဲ့ လက္ခဏာတွေပေါ်လာတတ်ဖို့ အနှစ် ၃၀ အထိ ကြာတတ်ပါတယ်။ သင့်မှာ အ သည်းရောင်အသားဝါစီပိုးရှိပါက ရောဂါ လက္ခဏာတွေ ပေါ်မလာတတ်လည်း သူများတွေဆီ ဗိုင်းရပ်စ်ပိုးတွေ ကူးစက် နိုင်ပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ ရောဂါပိုးစပြီး ကူးစက်တဲ့အချိန်မှာ ပျို့ တာအန်တာ၊ ဆီးအရောင်ရင့်တာ၊ အ သားဝါတာနဲ့ ဝမ်းဗိုက်အပေါ်ညာဘက် အောင့်တာတွေဖြစ်တတ်ပါတယ်။ တခြား ရောဂါတွေကြောင့်လည်း ဒီလက္ခဏာ တွေ ပေါ်လာနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

၄။ (ခ) မှား
၁၉၄၅ ခုနှစ်ကနေ ၁၉၆၅ ခုနှစ် အတွင်း မွေးဖွားခဲ့သူတွေမှာ အသည်း ရောင်အသားဝါစီပိုးအဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ အသည်းရောင် အသားဝါစီပိုး ကူးစက်မှုအမြင့်ဆုံး ကာလ တွေဖြစ်တဲ့ ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ ကူးစက်ခံခဲ့ရတာတွေ ကြောင့်ပါ။

၅။ (က) ကူးနိုင်တယ်
အသည်းရောင်အသားဝါစီပိုးက လိင်ကတစ်ဆင့်ကူးစက်ဖို့ ခက်ခဲပေမယ့် ကူးစက်နိုင်ခြေတော့ရှိပါတယ်။ သင့်မှာ အတူလိင်ဆက်ဆံတဲ့ အဖော်များပါက ဒါမှမဟုတ် သင်နဲ့ သင့်အဖော်တစ်ယောက် ယောက်မှာ ရောဂါပိုးရှိပါက ကွန်ဒုံးအသုံး ပြုသင့်ပါတယ်။ အကြောဆေးသုံးတဲ့အခါ ဆေးထိုးအပ်တွေ ဝေမျှသုံးပါက ဒါမှမ ဟုတ် အသည်းရောင်အသားဝါစီပိုးရှိသူ လူနာတွေဆီကနေ ဆေးထိုးအပ်ကတစ် ဆင့် ကူးစက်နိုင်ခြေရှိတဲ့ ဆေးဝန်ထမ်း ဖြစ်ပါက အသည်းရောင်အသားဝါစီပိုး ကူးစက်ဖို့များပါတယ်။

၆။ (က) ကူးတတ်တယ်
တက်တူထိုးတာနဲ့ ကိုယ်မှာ အပေါက် ဖောက်တာတွေမှာသုံးတဲ့ ကိရိယာတွေကို သေချာပိုးသတ်ထားရင် ကူးစက်ဖို့ရှားပေ မယ့် သေချာပိုးမသတ်ထားရင်တော့ ကူး စက်နိုင်ပါတယ်။ တစ်ခါသုံး လက်အိတ်၊ ဆေးထိုးအပ်နဲ့ မင်အိုးတွေ သုံးပေးတဲ့ နေရာကိုသာ ရွေးချယ်ပါ။ ဆိုင်တွေအနေ နဲ့လည်း သွေးစွန်းတဲ့ ပစ္စည်းကိရိယာမှန် သမျှ စွန့်ပစ်သင့်ပြီး အလုပ်နေရာကို ပိုး သတ်ဆေးနဲ့ သေချာဆေးကြောသန့်စင် သင့်ပါတယ်။ ပြန်အသုံးပြုမယ့်ပစ္စည်း တွေကိုဆိုရင်လည်း သေချာပိုးသတ် သင့်ပါတယ်။

၇။ (ခ) မှား
အသည်းရောင်အသားဝါအေပိုးနဲ့ ဘီပိုးအတွက် ကာကွယ်ဆေးရှိပေမယ့် အသည်းရောင်အသားဝါစီပိုးအတွက် တော့ မရှိပါဘူး။ အသည်းရောင်အသား ဝါစီပိုး မကူးစက်ဖို့ဆိုရင် တခြားလူရဲ့ သွေးနဲ့မထိမိအောင် တတ်နိုင်သမျှ ကြိုး စားပါ။ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဂျုတ်၊ ဆံပင်ရိတ်ဓားတို့ကို တခြားလူတွေနဲ့ မျှမသုံးပါနဲ့။
အသည်းရောင်အသားဝါစီပိုးက ပွေ့ဖက်တာ၊ နမ်းရှုပ်တာ၊ ချောင်းဆိုးတာ၊ နှာချေတာနဲ့ နို့တိုက်တာကနေ မကူး စက်နိုင်ပါဘူး။ အသည်းရောင်အသား ဝါအေပိုးလို အစားအသောက်နဲ့ ရေက နေလည်း မကူးစက်နိုင်ပါဘူး။

၈။ (ခ) မပျောက်ဘူး
အသည်းရောင်အသားဝါစီပိုးကူး စက်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိက နာတာရှည်ကူးစက်ခံ နေရသူတွေပါ။ ကုသမှုမခံယူပါက ဘ၀ တစ်သက်လုံး ကူးစက်သွားနိုင်ပါတယ်။ သိတာမြန်ရင် ကုသမှုစောစောခံယူဖြစ်ပြီး အသည်းမပျက်စီးအောင်လည်း စောစော ကာကွယ်နိုင်ပါတယ်။

၉။ (က) ကုနိုင်တယ်
အသည်းရောင်အသားဝါစီပိုးကုသနိုင်တဲ့ဆေးဝါးတွေ များစွာရှိပြီး ဆရာဝန် နဲ့ သေချာပြသကာ ကုသမှုခံယူနိုင်ပါတယ်။ အသည်းရောင်အသားဝါစီပိုးရှိပါက တ ခြားဆေးဝါးတွေ၊ အားဆေးတွေမသောက် မီ ဆရာဝန်ကို သေချာမေးကြည့်ပါ။ အရက် ကိုလည်း ဖြတ်ရပါမယ်။ မဟုတ်ရင် အ သည်း ပျက်စီးမှုကို ပိုမြန်စေတာကြောင့်ပါ။

၁၀။ (ခ) မဟုတ်ဘူး
အသည်းရောင်အသားဝါစီပိုးက အောင်မြင်စွာကုသနိုင်ခဲ့ရင်တောင် နောက် ထပ်ကူးစက်မှုခံရနိုင်ပါသေးတယ်။ ဖြစ် နိုင်ခြေနည်းပေမယ့် ဖြစ်တော့ဖြစ်နိုင်ပါတယ်။

 ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *