အသားအစားများရင် သန်ထတတ်လား

မေး။ ။ ဘယ်လိုအခြေအနေမျိုးမှာ သန် ကောင်တွယ်နိုင်ပါသလဲ ဆရာ။
လူအယောက် ၁၀၀ မှာ ၅၀ က သန်ကောင်ရှိနေပါတယ်။ သန်ကောင်တွေ မှာ သန်လုံးကောင်ရှိတယ်၊ သန်ပြားကောင် ရှိတယ်။ သန်ဥလေးတွေ ရှိတယ်။ အစား အသောက်တွေမှာ တွယ်ကပ်နေတတ် တယ်၊ သေချာဆေးကြောပြီး မစားရင် သန်ကောင်တွေက တွယ်ကပ်နေတတ် တယ်။ အစားအသောက်က မသန့်ရှင်း တာလည်းပါတယ်။ လူနေမှုပုံစံက မသန့် ရှင်းတာလည်း ပါတယ်။ အဲဒီတော့ သန် ကောင်တွေကို စားသလို ဖြစ်နေတယ်။ တချို့သန်ကောင်တွေက လယ်ကွင်းထဲမှာ ဖိနပ်မစီးဘဲသွားတဲ့အခါ မြေကြီးနဲ့ ကြမ်း ပြင်မှာရှိတဲ့ သန်ကောင်တွေက ခန္ဓာကိုယ် ထဲကို ရောက်သွားတယ်။ ရောက်သွား တော့ ဆက်ပြီး မျိုးပွားမယ်၊ သန်လုံးကောင် က ကလေးတွေမှာ အဖြစ်များတယ်။ သန် ကောင်ဖြစ်တယ်ဆိုရင် ကိုးဆယ်ရာခိုင် နှုန်းက သန်လုံးကောင် ဖြစ်တယ်။ သန် ကောင်ဆိုရင် လူတွေက ပေါ့ပေါ့ပဲ သ ဘောထားတယ်၊ သန်ကောင်တွေ အရမ်း များတဲ့အခါမှာ ဘာစားစား အာဟာရ လည်း မဖြစ်တော့သလို အားလည်း မ ဖြစ်တော့ဘူး။

မေး။ ။ သန်လုံးကောင်နဲ့ သန်ပြားကောင် ဘယ်လိုမျိုးကွဲပြားပါသလဲဆရာ။
သန်ပြားကောင်ဆိုရင် ရိုးရိုးသန်ချ ဆေးနဲ့ မရဘူး။ တချို့သန်ကောင်တွေက အဆုတ်ထဲကို ရောက်တယ်။ ဗိုက်ထဲက သန်ကောင်တွေက လျှောက်သွားပြီး သည်းခြေပြွန်ဆီရောက်ရင် သည်းခြေ ပြွန်ရောင်တယ်၊ သည်းခြေပြွန် ပိတ် တယ်၊ သရက်ရွက်ရောင်တယ်။ တချို့ တွေမှာ သန်ကောင်သိပ်များရင် အူထဲဝင် တဲ့အခါ အူပိတ်တဲ့အထိဖြစ်တယ်၊ အူ ပိတ်ရင် အရေးပေါ်ခွဲရတယ်။ တချို့ကျ တော့လည်း သန်ကောင်က အူတည့်တည့် မှာ သွားပိတ်နေတော့ အူပိတ်သလို ဖြစ် နေတယ်။ တချို့လူနာတွေမှာ သန်ကောင် က နှာခေါင်းထဲဝင်တယ်။

မေး။ ။ ဘယ်သူတွေမှာ အဖြစ်များပါသလဲ ဆရာ။ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်ပါ သလဲဆရာ။
ကလေးတွေအတော်များများဖြစ် ဖူးတယ်၊ သန်ကောင်ရှိရင် ကလေးတွေမှာ အာဟာရ မဖြစ်တော့ဘူး။ အာဟာရ ချို့တဲ့တော့ ဉာဏ်ရည်မမီဘူး၊ စာ မလိုက်နိုင်တာတွေ ဖြစ်တယ်၊ ကြည့် လိုက်ရင်လည်း ကလေးက ပိန်ချုံးသွား တယ်။ ဝမ်းပျက် ဝမ်းလျှောချိန်ကနေ နာ လန်ထရင် ကလေးက အများကြီး ပိုစား လာတယ်။ သန်ကောင်ဝင်ရင် ယားယံ တယ်၊ တုပ်ထိုးတာပေါ့နော်။ တခြားရော ဂါလို ထွေထွေထူးထူးကုစရာမလိုဘူး၊ သန်ကောင်ရောဂါလို့ ထင်ရင် သန်ချလိုက် ရုံပဲ။ လူးလိမ့်နေအောင် အော်ဟစ်ပြီး ဗိုက်နာတယ်၊ တချို့ကတော့ သန်ကောင်ရှိ ရင် အစားအသောက်ပျက်တယ်။ က လေးတွေမှာ သန်ထရင် တော်တော်စိတ် ပူရတယ်၊ အရမ်းခံရတယ်။ တချို့က သွေးအားနည်းရောဂါ၊ ကလေးတွေ အမျိုးသမီးတွေမှာ သန်ဓာတ်အားနည်းတဲ့ ရောဂါနဲ့တွဲလာတယ်၊ သန်ချလိုက်ရင် ပျောက်သွားကော။ တချို့က ဖျားပြီး ဆေးရုံကို ရောက်လာတယ်။ သန်ကောင် တွေက ချောင်းဆိုးရောဂါ၊ ရင်ကျပ် ရောဂါကိုလည်း ဖြစ်စေတယ်။ တချို့ ကျတော့လည်း ခန္ဓာကိုယ်မှာ အလာ့ဂျစ် ဖြစ်တယ်၊ တချို့လူနာကျတော့လည်း ဘာလက္ခဏာမှ မရှိဘူး။ ဗိုက်ထဲမှာ မအီမသာဖြစ်တယ်၊ တချို့ကျတော့ ဝမ်း သွားရင် မအီမသာဖြစ်တယ်။

မေး။ ။ သန်ချဆေးကို ဘယ်လိုသောက်သုံး ရပါမလဲဆရာ။
သန်ချဆေးကို ဘယ်လောက် သောက်ရမလဲဆိုရင် တစ်နှစ်မှာ တစ် ကြိမ်ပဲ သောက်ရမယ်။ လူနာလည်း ဆေးခန်းထပ်လာစရာမလိုအောင် တစ်လုံးတည်းသောက်ရတဲ့ ဆေးပဲ ပေး လိုက်တယ်။ တချို့က သန်ချဆေးသောက် တယ်၊ သန်ကောင်ကျသွားပေမယ့် ဥက ကျန်ခဲ့တယ်၊ ဒီကောင်တွေက ဆက်ပြီး မျိုးပွားတယ်၊ ခြောက်လနေရင် ပြန်ထ တယ်။ အဲဒါကြောင့် ခြောက်လတစ်ခါ သောက်တာ အကောင်းဆုံးပဲ။ သူများ နိုင်ငံမှာတော့ သိပ်ချစရာမလိုဘူး၊ ဆေး က အရမ်းကောင်းတယ်၊ သန်ကောင်ကော၊ သန်ပြားကောင်ကော ကျတယ်။

မေး။ ။ သန်ကောင်နဲ့ပတ်သက်တဲ့ အယူအဆ လွဲမှားနေတဲ့အကြောင်းတွေကို ရှင်းပြပေးပါ ဆရာ။
သန်ကောင်ရောဂါဖြစ်တာနဲ့ ပတ် သက်ပြီး အယူအဆလွဲမှားနေတာတွေ အများကြီးရှိတယ်။ အသားစားရင် သန် ထတယ်လို့ ပြောကြတယ်။ အမှန်က အ သားစားလို့မဟုတ်ဘူး၊ မသန့်ရှင်းလို့ သန်ထတာ၊ မသန့်ရှင်းတဲ့အစားအစာတွေ အသားပဲဖြစ်ဖြစ်၊ အရွက်ပဲဖြစ်ဖြစ်၊ ထမင်းပဲဖြစ်ဖြစ် မသန့်ရှင်းဘူးဆိုရင် သန်ထတယ်။ လတ်လတ်ဆတ်ဆတ် သေ ချာကျက်အောင်ချက်ထားတဲ့ အစားဆို ရင် သန်ကောင်မတွယ်နိုင်ဘူး။ အယူအဆ မှားနေတာက သန်ချဆေးသောက်ရင် အားနည်းတယ်လို့ ပြောတယ်။ သန်လုံး ကောင်ရှိနေရင် ခန္ဓာကိုယ်မှာ စားတဲ့ အစားအစာရဲ့ သုံးပုံတစ်ပုံပဲ ခန္ဓာကိုယ် ထဲကိုရောက်တယ်။ အားနည်းတဲ့ အချိန် မှာ သန်ချတာမျိုးဖြစ်နေတာပါ။ ဒါကြောင့် သန်ကောင်ရှိနေရင် ဘယ်အချိန်သန်ချ ရတယ်။ တချို့ကပြောတယ် ဒီအတိုင်း နေတာကောင်းတယ်၊ သန်ချဆေး သောက်ပြီး ပိုဆိုးလာတယ်ဆိုပြီးတော့ အမှန်တော့ အဲဒီလိုမဟုတ်ပါဘူး။ နောက်ပြီးတော့ ပြောကြတာက အသက် ကြီးရင် သန်မချရဘူး၊ အသက်က ၇၀ ကျော်နေပြီ သန်ချလို့မရဘူးဆိုတာ မ ဟုတ်ပါဘူး။ သန်ကောင်က အစာစစားတဲ့ အချိန်ကနေသေတဲ့အချိန်အထိ ခန္ဓာ ကိုယ်ထဲမှာ ရှိနေနိုင်တယ်။ နို့တိုက် မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကို တတ်နိုင်သမျှ ဘာဆေးမှ မပေးဘူး။ မဖြစ်မနေပေးရမယ်ဆိုရင်လည်း သုံးလ အောက်ဆိုရင် မပေးဘူး၊ သုံးလကျော် ရင်တော့ ပေးတယ်၊ အမေအတွက်လည်း ကောင်းတယ်၊ ကလေးရဲ့ ဖွံ့ဖြိုးမှု အ တွက်လည်း ကောင်းတယ်။ တချို့က ထင်ကြတယ်၊ သန်ချဆေးသောက်ရင် ဝမ်းနုတ်ဆေးလည်း သောက်ရမယ်လို့၊ အမှန်က ပုံမှန်ဝမ်းသွားရင် သောက် စရာမလိုဘူး၊ ဝမ်းချုပ်မှပဲ သောက်ဖို့ လိုတာ။ နောက်အရေးအကြီးဆုံးက တုတ်ကောင်ပဲ၊ တုတ်ကောင်ရှိရင် သန်လုံး ကောင်လိုပဲ သန်ချဆေးနဲ့ မပျောက်ဘူး၊ ကလေးတွေရဲ့ အင်္ကျီတွေ၊ ဘောင်းဘီ တွေမှာ တွယ်ကပ်နေတတ်တယ်။ ပြီး တော့ သန်ချဆေးကို တစ်အိမ်လုံး သောက်ရမယ်။ အဝတ်အစားတွေ လျှော် ရမယ်၊ အိပ်ရာခင်းတွေ လျှော်ရမယ်။
တချို့တွေက သန်ချဆေးသောက် တယ်၊ သန်လည်း မကျဘူးပြောတယ်။ ပေးလိုက်တဲ့ တချို့ဆေးတွေကို သန် အကောင်လိုက်မကျဘူး၊ သန်ကိုကြေပြီး ကျတယ်ဆိုတာမျိုးမရှိပါဘူး ဒါတွေဟာ လွဲမှားနေတဲ့ အယူအဆတွေပါ။ သန် ကောင်ရှိရင် ကျတယ် ၊ မရှိရင် မကျပါဘူး။
တချို့ မြန်မာအယူအဆတွေက မှန်တယ်၊ မှားတယ် ပြောဖို့ခက်တယ်။ လည်ပင်းကို ထုံးတားရင် သန်ကောင် ကျတယ်ပြောကြ တယ်။ အသက်အန္တရာယ်မရှိရင်တော့ ဘာမှမပြောလိုပါဘူး။ တချို့ကပြောတယ် နာနတ်သီးစားရင် သန်ကျတယ်ဆိုပြီး အမှန်တော့နာနတ်သီးမှာ သန်ကျစေတဲ့ အာနိသင်မရှိပါဘူး။

မေး။ ။ သန်ချဆေးသောက်ဖို့ ငွေကြေး ဘယ်လောက် ကုန်ကျနိုင်ပါသလဲ။ ပြီးတော့ သန်ရှိရက်နဲ့ သန်ချဆေးမသောက်မိရင် ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိပါသလဲဆရာ။
သန်ချတာက ဘယ်လောက်မှ မကုန် ပါဘူး။ သန်ချဆေးက နှစ်ရာနဲ့ ငါးရာကြားပဲ ရှိတယ်၊ နည်းနည်းပိုဈေးများလည်း တစ် ထောင်ဝန်းကျင်ပဲ၊ ပြီးတော့ သောက်ရင် လည်း တစ်ကြိမ်ပဲ သောက်ရမယ်။
သန်ကောင်တွေများပြီး အူပိတ်သွား ရင်တော့ ခွဲရတဲ့အတွက် ငါးသိန်း၊ ဆယ် သိန်းလောက်ကုန်တယ်။ ပြီးတော့ ဗိုက် မှာ ဒဏ်ရာဖြစ်မယ်၊ တစ်ပတ်နှစ်ပတ် လောက် နားနေရမယ်။ သန်ကောင်ကို ထုတ်တဲ့အခါမှာလည်း သန်ကောင်က အရှင်ဖြစ်မှ ထွက်လာမှာ၊ သေနေရင် အထဲမှာပိတ်မိပြီး မထွက်နိုင်ဘူး။ သန် ကောင်ရဲ့ နောက်ဆက်တွဲတွေကတော့ အများကြီးပါ။ ကုန်ကျစရိတ်လည်း များတယ်။ ဒါကြောင့် သန်ကောင်ရောဂါကို ပေါ့ပေါ့မထားဘဲနဲ့ သေချာကုသင့်ပါ တယ်။

ပါမောက္ဓ ဒေါက်တာသိန်းမြင့်
အစာအိမ်နှင့် အူလမ်းကြောင်း
အထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *