အသားအရေလှပကောင်းမွန်ဖို့လုပ်ကိုလုပ်သင့်တဲ့ အလေ့အထ ငါးခု

သင့်အသားအရေကို ဂရုမစိုက်တာ ရဲ့ ရလဒ်အနေနဲ့ သင်ဟာ ကလေးဘဝက ရရှိခဲ့တဲ့ အသားအရေမျိုးကို မပိုင်ဆိုင်နိုင် တော့ပါဘူး။ အသက်ကြီးလာလို့ အသား အရေတွေက ငယ်ငယ်ကနဲ့ မတူတော့ ဘူးလို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မနေပါ နဲ့။ သင်ရဲ့အသားအရေ ထိန်းသိမ်းမှုမ ကောင်းလို့သာ ဒီလိုဖြစ်လာရတယ်လို့ ခံယူပြီး ဘာတွေလုပ်သင့်တယ်ဆိုတာကို ဂရုစိုက်ကြည့်ပါဦး။

နေရောင်ခြည်နဲ့ မထိတွေ့နိုင် အောင် ကာကွယ်ပါ
နေရောင်ခြည်ဟာ အရေပြားအတွက် တော့ အဆိပ်အတောက် တစ်ခုပါပဲ။ နေ ရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင် ခြည်က အရေပြားကိုထိခိုက်စေပြီး အရေး ကြောင်းတွေဖြစ်စေပြီး အရေပြားခြောက် သွေ့တာ၊ ကြမ်းတမ်းတာနဲ့ အစက်အ ပြောက်တွေဖြစ်စေပါတယ်။ အသက်ကြီး လာချိန်မှာ သင့်အရေပြားတွေ ငယ်စဉ်က နဲ့မတူအောင် ပြောင်းလဲမှုဖြစ်ပေါ်စေတာ က နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ ကြောင့်ပါ။
– မနက် ၁၀ နာရီမှ ညနေ ၄ နာရီအ တွင်း နေရောင်ခြည်ဟာ အရေပြားကို အထိခိုက်စေနိုင်ဆုံးဖြစ်တာကြောင့် ဒီအချိန်အတွင်း နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
– နေ့လယ် နေ့ခင်း အပြင်ထွက်ရမယ့် အကြောင်းကိစ္စရှိခဲ့ရင် နေရောင်ခြည် ဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ အဝတ် အစားတွေကို ဝတ်ဆင်ပါ။
– SPF 15 ပါဝင်တဲ့ နေရောင်ကာခရင်မ် ကို နေရောင်ခြည်နဲ့ မထိတွေ့မီ မိနစ် ၂၀ ခန့်ကြိုလိမ်းပါ။ တစ်ခါလိမ်းပြီး နေရောင်ခြည်ထဲမှာ တစ်နေကုန်နေ လို့တော့ မရပါဘူး။ ၂နာရီခြား တစ်ခါ ထပ်လိမ်းပေးဖို့ လိုပါတယ်။

အရေပြားကို သန့်စင်ပေးပါ
အရေပြား သန့်စင်ပေးကလည်း အ သားအရေထိန်းသိမ်းမှုအတွက် အရေး ပါအရာရောက်ပါတယ်။ အရေပြားကိုသန့် စင်ရာမှာလည်း အရေပြားရဲ့ ခံနိုင်ရည်နဲ့ ကိုက်ညီဖို့လည်း လိုပါတယ်။ အလွန် အမင်း အရေပြားကိုဒဏ်ဖြစ်စေတာတွေ က အသားအရေထိန်းသိမ်း စောင့်ရှောက် မှုကို အဟန့်အတားဖြစ်စေပါတယ်။
– တစ်နေကုန် လိမ်းခြယ်ထားတဲ့ မိတ် ကပ်တွေကို အိမ်ပြန်ရောက်ချိန်မှာ ဆေး ကြောသန့်စင်ပေးပါ။ အထူးသဖြင့် မျက် လုံးအနီးတစ်ဝိုက်မှာရှိတဲ့ မိတ်ကပ်တွေကို ညင်သာစွာ ဖယ်ရှားသန့်စင်ပေးပါ။
– သန့်စင်အားများတဲ့ ဆပ်ပြာတွေ မသုံး ပါနဲ့။ အရေပြားမှာရှိတဲ့အဆီတွေကို ဖယ် ရှားပြီး အသားအရေခြောက်သွေ့စေတာ ကြောင့်ပါ။
– ရေချိုးသန့်စင်ပြီးချိန် ရေသုတ်ရာမှာ လည်း တဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဖိသုတ်တာကို ရှောင်ပါ။

အစိုဓာတ်ထိန်းပေးပါ
အရေပြားခြောက်သွေ့တာက သင့် အသားအရေထိန်းသိမ်းမှုကို ဟန့်တားရာ ရောက်ပါတယ်။ အသားအရေ စိုပြည် ဝင်းပနေစေဖို့ အရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။
– သင်ဟာ အသားအရေခြောက်သွေ့ သူဖြစ်ပါက အရေပြားရေငွေ့ထိန်းနိုင်ဖို့ အတွက် အစိုဓာတ်ထိန်း လိမ်းဆေးကို လိမ်းပေးပါ။
– ရေချိုးပြီးတဲ့အချိန် အရေပြားပေါ်မှာ ရှိတဲ့ ရေတွေအားလုံးကို ကုန်စင်သွား အောင် မသုတ်ဘဲ အစိုဓာတ်ရှိနေချိန်မှာ ပဲ ခရင်မ်တစ်ခုခုလိမ်းပေးပါ။
– သင်က ထိခိုက်လွယ်တဲ့ အသားအရေ မျိုးကိုပိုင်ဆိုင်ထားပါက အရေပြားနဲ့ဓာတ် မတည့်နိုင်တဲ့ အရာဝတ္ထုတွေကို ရှောင် ရှားပါ။

ဆေးလိပ်မသောက်ပါနဲ့
ဆေးလိပ်သောက်တာက အရေပြား ကိုစောစီးစွာ အိုမင်းစေတဲ့အကြောင်း တစ်ချက်ပါ။ ဆေးလိပ်သောက်တာ ကြောင့် အရေပြားအပေါ်ယံလွှာမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေပါတယ်။ ဒီလို သွေးကြောတွေကျဉ်းသွားတာက အရေ ပြားပေါ် သွေးကတစ်ဆင့် အစာအာ ဟာရထောက်ပံ့မှုနဲ့ အောက်ဆီဂျင်ရရှိမှု ကိုလျော့နည်းစေပြီး အရေပြားအိုမင်းမှု ကိုဖြစ်ပေါ်စေပါတယ်။

အရက်မသောက်ပါနဲ့
အရက်သောက်တာကလည်း အ ရေပြားအိုမင်းမှုကို အရွယ်မတိုင်မီ ဖြစ် စေတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ပါပဲ။ အရက်သောက်တာ ကြောင့် အရေပြားမှာရှိတဲ့ သွေး ကြောတွေကို ကျယ်စေပြီး အရေ ပြားနီရဲနေစေပါတယ်။ အရက်ကို ကြာရှည်စွဲသောက်ပါက အရေပြား မှာရှိတဲ့ ကျယ်သွားတဲ့သွေးကြော တွေဟာ ပုံမှန်အခြေအနေကို ပြန်မ ကျဉ်းနိုင်တော့တာကြောင့် သင့်အရေ ပြားက အမြဲလိုလို နီရဲနေတတ်ပါတယ်။ ဒါ့အပြင် အရက်သောက်တာကအရေ ပြားမှာရှိတဲ့ ရေငွေ့တွေကို ဆုံးရှုံး စေတာကြောင့် အသားအရေ ခြောက်သွေ့ပြီး အရေတွန့်မြန် စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal