အသားအရောင်ကပြောတဲ့ fashion

သင်ရဲ့ ဆံပင်ပုံစံနဲ့ မျက်နှာသွင်ပြင်က လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုအပေါ် သက် ရောက်နိုင်ပါတယ်။ ဒါပေမဲ့ သင်သိပါသလား၊ သင်ရဲ့အသားအရောင်နဲ့ ဝတ်ဆင်တဲ့ အဝတ် အစားအရောင်ကလည်း လူတစ်ယောက်ရဲ့ ဆွဲ ဆောင်မှုကိုပိုတိုးစေနိုင်ပါတယ်။ အသားအရောင် ဘယ်အရောင်ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့အရောင် နဲ့ တွဲဖက်ဝတ်ဆင်ရင် အလှတိုးမှာ အသေ ချာပါပဲ။ ဒါကြောင့် ဒီတစ်ပတ်မှာ ဖက်ရှင်ချစ် သူတွေအတွက် အသားအရောင်အလိုက် ဝတ် ဆင်ရမယ့်အရောင်၊ ရှောင်ရမယ့်အရောင်တွေ ကို ရေးပေးလိုက်ပါတယ်။

အသားအရောင်ကို ဘယ်လိုခွဲခြားလဲ
အသားအရောင်ကို အဓိကအားဖြင့် လေးမျိုးခွဲခြားထားပါတယ်။ အသားအရောင် အရမ်းဖြူဖျော့သူ(Pale)၊ အလယ်အလတ် အသားဖြူသူ(Light)၊ အဝါရောင်ဘက်သန်း သောအသားရောင်ရှိသူ (Olive)၊ အသားညို သူ(Dark) တို့ ဖြစ်ပါတယ်။

Pale
သင်ဟာ နေရောင်ခံထွက်သော်လည်း အလွယ်တကူTan Skin ကို မရနိုင်ပါဘူး။ နေရောင်ကြောင့် အသားညိုသွားတာ မဖြစ်ပါ ဘူး။ သင့်ကိုယ်သင်လည်း သတိထားမိမှာပါ၊ တချို့အဝတ်အစားအရောင်တွေက သင့်ကို အားမရှိသလို ဖြူဖျော့သွားစေနိုင်ပါတယ်။

အရောင်ရွေးချယ်မှု
Pastels အရောင်တွေ၊Neutrals အရောင်တွေ၊ အနက်ရောင်၊ အဖြူရောင် တွေကို ရှောင်ပါ။ လုံးဝရှောင်ရမယ့် အ ရောင် တွေမဟုတ်ပေမယ့် ဒီအရောင်တွေချည်းပဲ တစ် ကိုယ်လုံး မဝတ်ဆင်ဖို့လိုပါတယ်။ သင့်ကို မတောက်ပစေဘဲ မှေးမှိန်သွားစေပါလိမ့်မယ်။
Neutral tones ကို ကြိုက်တယ်ဆိုရင် မီးခိုးရောင်၊ အပြာရင့်ရောင်၊ အသားရောင်တွေ ကိုဝတ်ဆင်ပါ။ အရောင်အရမ်းဖျော့တဲ့ Pas­tels အရောင်ကိုဝတ်ချင်တယ်ဆိုရင် သူ့ကို အထဲက တီရှပ်အနေနဲ့ ဝတ်ဆင်ပြီး အပေါ်က အပြာရင့်ရောင်ဂျက်ကတ်အင်္ကျီ ဒါမှမဟုတ် အစိမ်းရင့်ရောင် ဂျက်ကတ်အင်္ကျီကို အပေါ် ထပ်အနေနဲ့ ဝတ်ဆင်ပါ။ အဓိကçကတော့ အ ရောင်ဖျော့တွေချည်းပဲမဝတ်ဘဲ Family Color တူတဲ့အရောင်ရင့်ရင့် ဒါမှမဟုတ် တွဲဖက်လို့ လိုက်မယ့်အရောင်ရင့်ရင့်နဲ့ တွဲဝတ်ပါ။

Light
သူကအသားရောင်အလယ်အလတ်ဖြူ သူပါ။ နေရောင်ထဲထွက်ရင်လည်း အချိန် အကြာကြီးနေစရာမလိုဘဲTan Skinရနိုင်ပါတယ်။ သူက အရောင်အတော် များများနဲ့ လိုက်ဖက်တယ်ဆိုပေမယ့် သိထားရမယ့်အချက်တွေတော့ရှိပါတယ်။

အရောင်ရွေးချယ်မှု
သူကလည်း Pastels တွေ၊ Nudeshades တွေက သူ့အသားရောင်ကို မတောက်ပစေ နိုင်ပါဘူး။ တချို့အရောင် တောက်တောက်တွေ ကိုလည်း ရှောင်သင့်ပါတယ်။ ဥပမာ သင့်မျက် နှာအရေပြားကနီတဲ့ဘက်သွားရင် အရောင်ရင့် ရင့်အဝတ်တွေက သင့်ကိုကြည့်ရ ပိုဆိုးစေ တတ်ပါတယ်၊ အဝါရောင်တောက်တောက် မဝတ်ပါနဲ့။
ဝတ်ဆင်သင့်တဲ့အရောင်တွေကတော့ Earthy Tones  တွေပါ။ တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကအရောင်လေးတွေကို ဆိုလိုပါတယ်။ ဒီထဲမှာ အစိမ်းရောင်၊ အညို ရောင်၊ ကာကီရောင်၊ သစ်ရွက်ခြောက်ရောင်၊ လိမ္မော်ရောင်၊ ပိတောက်ရောင်တွေ ပါဝင်ပါ တယ်။ အဖြူရောင်၊ အနက်ရောင်တွေက လည်း သင်နဲ့ လိုက်ဖက်ပါတယ်။

Olive
သင်ရဲ့ သဘာ၀ Tan Skin အရောင်က လူတကာကို မနာလိုဖြစ်စေနိုင်ပါတယ်။ နေ ရောင်ခံရင်လည်း အလွယ်တကူ Tan Skin ရနိုင်သူတွေဖြစ်ပါတယ်။ သင်ရဲ့အရေပြား အောက်က အဝါရောင်ဘက်သန်းတာ ဒါမှ မဟုတ် အစိမ်းရောင်ဘက်သန်းတာဆိုရင် သင့်အသားရောင်က Olive အရောင်လို့ဆို နိုင်ပါတယ်။

အရောင်ရွေးချယ်မှု
ရှောင်သင့်တဲ့အရောင်တွေထဲမှာ သင့် အသားရောင်နဲ့ ဆင်တူတဲ့အဝတ်ကိုရှောင်ပါ၊ အဝေးကကြည့်လိုက်ရင် သင့်မှာ အဝတ်မပါ သလို ဖြစ်နေစေပါတယ်။
ဝတ်ဆင်သင့်တဲ့ အရောင်တွေဆိုရင် Olive Skin အတွက်က အရောင်အကုန်လုံး နီးပါးနဲ့ လိုက်ဖက်ပါတယ်။ အဓိကကတော့ တွဲဝတ်တဲ့အရောင်တွေက လိုက်ဖက်မှုရှိဖို့ လို ပါတယ်။ မဝတ်ဖူးသေးတဲ့အရောင်တွေရှိနေ ရင်စမ်းဝတ်ကြည့်လိုက်ပါ။

Dark
သူက Olive Skin ထက် အသားရောင် ပိုရင့်သူတွေဖြစ်ပါတယ်။

အရောင်ရွေးချယ်မှု
သူတို့ကို အရမ်းဖျော့တဲ့အရောင်တွေက အားလျော့သွားအောင်မလုပ်နိုင်သလို အ ရောင်တောက်တောက်ရင့်ရင့်တွေကလည်း Dark Skin ရှိသူတွေနဲ့ လိုက်ဖက်နေပါတယ်။ လူအများမလိုက်မှာစိုးလို့ မဝတ်ရဲတဲ့ Crazy Colors တွေ၊ အနုမြူအရောင်တွေကအစ Dark Skin ရှိသူတွေနဲ့ဆိုရင် သဟဇာတ သင့်ပြီး တောက်ပနေစေပါတယ်။ သင့်စိတ် ကြိုက်အရောင်တွေကို ရဲရဲကြီးသာ စမ်းဝတ် ကြည့်လိုက်ပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *