အသားအရေကောင်းမွန်ဖို့ Skin Care တွေထက် ပိုမိုထိရောက်စေသည့် အစားအစာများ

အရေပြားကြည်လင်လှပစေဖို့ Skin Care မျိုးစုံကို ပိုက်ဆံဘယ်လောက် ကုန်ကုန် ဝယ်သုံးနေရုံနဲ့ မရပါဘူး။ Skin Care တွေပေါ်မှာပဲ သင့်အလှအပကို ပုံအပ်ထားလို့မရပါဘူး။ အစားအသောက် ပိုင်းကလည်း ကူမှရပါလိမ့်မယ်။ ကိုယ့် ခန္ဓာကိုယ်အတွက် ဘယ်နေရာက ဘယ် လိုအာဟာရဓာတ်တွေ လိုအပ်တယ် ဆိုတာကိုသိထားရင် သင့်ကျန်းမာရေး ကို အလွယ်လေး ထိန်းနိုင်ပြီး စားသမျှက လည်း အာဟာရဖြစ်နေမှာပါ။

အသားအရေ ကြည်လင်လှပစေရန် စားသင့်သော အစာများ

ဆီလီနီယမ် ကြွယ်ဝသော အစားအစာ
အစေ့အဆန်တွေမှာ ဆီလီနီယမ် ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဆီ လီနီယမ်ကြွယ်တဲ့ အစားအစာက ဝက်ခြံ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်ပြီး စွမ်းအား ပြည့် အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါ တယ်။ ဗီတာမင်အီးနဲ့ ဗီတာမင် အေ တွေ ပါဝင်ပြီး အရေပြားပျက်စီးတာကို ပြန် လည် ပြုပြင်နိုင်ပါတယ်။
အစေ့အဆန်တွေကို နေ့စဉ် သရေ စာသဘောမျိုး လက်တစ်ဆုပ်စာလောက် စားပေးပါ။ ဆီလီနီယမ်ကြွယ်ဝတဲ့ တခြား အစားအစာတွေကတော့ အသား၊ ငါး၊ ကြက်သား၊ ဘဲသား၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူနဲ့ ကောက်နှံတစ်ခုလုံးဖြစ်ပါတယ်။

ဇင့်ဓာတ်ကြွယ်ဝသော အစားအစာ
ကရုကမာ၊ ပဲအမျိုးမျိုး၊ ကြက်သား၊ ဘဲသားနဲ့ ငါးတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစား အစာတွေ အမျိုးသားတွေမှာ ဝက်ခြံဖြစ် စေတဲ့ ဟော်မုန်းထွက်ရှိမှုကို တားဆီးပေး နိုင်တာကြောင့် ဝက်ခြံသက်သာစေတဲ့ ဆေးတစ်မျိုးလိုပါပဲ။ ဇင့်ဓာတ်က ခန္ဓာ ကိုယ်ကနေ ဗီတာမင်အေကို စုပ်ယူနိုင်ဖို့ ကူညီပေးတာကြောင့် အရေပြားကို သ ဘာဝနည်းအတိုင်း ကျန်းမာစေပါတယ်။
အမျိုးသားတွေအတွက် တစ်နေ့ကို ဇင့် 11 mg၊ အမျိုးသမီးတွေအတွက် တစ်နေ့ကို ဇင့် 8 mg လိုပါတယ်။ ကမာ ကောင် ၉၀ ဂရမ် တစ်ကောင်မှာ ဇင့် ဓာတ် 30 mg ပါင်ဝင်ပြီး၊ ကြက်ဆင်သား 90 ဂရမ်မှာတော့ ဇင့်ဓာတ် 7 mg ပါဝင် ပါတယ်။

အိုမီဂါ-၃ ဖက်တီးအက်စစ်ကြွယ်ဝသော အစားအစာများ
အရေပြားဆရာဝန် အတော်များများ က အရေပြားချောမွေ့လှပစေဖို့နဲ့ အရေ ပြားအတွင်းပိုင်းထဲအထိ ပြုပြင်နိုင်စေဖို့ အိုမီဂါ-၃ ကို ညွှန်းလေ့ရှိကြပါတယ်။ ငါးဟင်းကြိုက်သူဆိုရင်တော့ အိုမီဂါ -၃ ရဖို့ လွယ်သွားပါပြီ။ ဆယ်လမွန်ငါး၊ ငါး သေတ္တာနဲ့ မက်ရရယ်ငါးတွေမှာ အိုမီဂါ -၃ ကြွယ်ဝပြီး မြေပဲမှာလည်း အိုမီဂါ-၃ ဖက်တီးအက်စစ်ပါဝင်ပါတယ်။
တစ်ပတ်မှာ နှစ်ကြိမ်လောက်တော့ အိုမီဂါ -၃ ရရှိအောင် ငါးဟင်းချက်စား ပါ။ ချက်နေတဲ့ ဟင်းထဲမှာ မြေပဲဆီ ထည့် ချက်တာမျိုးနဲ့ မြေပဲဆီ ဆမ်းစားတာမျိုး တွေကလည်း အိုမီဂါ -၃ ကို ရရှိနိုင်ပါ တယ်။

ဘီတာကယ်ရိုတင်းကြွယ်ဝသောအစားအစာများ
ကန်စွန်းဥ၊ မုန်လာဥနီ၊ ငရုတ်ကောင်း စတဲ့ အစားအစာတွေမှာ ဘီတာကယ်ရို တင်း ကြွယ်ဝပါတယ်။ ဘီတာကယ်ရို တင်းက အရေပြား အစွန်းအထင်းတွေ ဖြစ်ပေါ်တာကို သက်သာစေနိုင်ပါတယ်။ ဆီလီနီယမ်လိုပဲ ဗီတာမင်အေကို ခန္ဓာ ကိုယ်က အသုံးချနိုင်ဖို့ အလွယ်တကူ ကူညီပေးပါတယ်။
အနည်းဆုံး ခွက်တစ်ခွက်ရဲ့ တစ် ဝက်စာလောက် နေ့တိုင်းပါဝင်အောင် စားပေးပါ။ ထိခိုက်မှုကြောင့် အရေပြား ပြန်လည်တည်ဆောက်ချိန်မှာ အရေပြား ကို အမြန်ဆုံး နဂိုအတိုင်း ပြန်လည် ကောင်းမွန်ဖို့ ကူညီပေးနိုင်တာကြောင့် အမာရွတ်ကင်းတဲ့ အရေပြားကို ပိုင်ဆိုင် နိုင်စေပါတယ်။ အဝါရောင်၊ အနီရောင် စတဲ့ အသီးအနှံတွေမှာ ဘီတာကယ်ရို တင်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဗီတာမင်အီးကြွယ်ဝသော အစားအစာများ
ဗာဒံစေ့၊ ဥအမျိုးမျိုးနဲ့ အစိမ်းရောင် အရွက်တွေမှာ ဗီတာမင်အီးကြွယ်ပါ တယ်။ ဗီတာမင်အီးက အရေပြားပျက်စီး တာကို ကာကွယ်ပေးနိုင်ပြီး ဝက်ခြံ ကြောင့်ဖြစ်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်ပါသေးတယ်။ ဗီတာမင် အီးကို အဆီနည်းအစားအစာတွေက တော့ ရဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ဟင်း ရွက်ဆီ၊ အစေ့အဆန်နဲ့ ကောက်နှံတွေ ကနေ ရရှိနိုင်ပါတယ်။
လူတစ်ယောက်က တစ်နေ့ကို 15 mg လောက်လိုအပ်ပါတယ်။ ကနိုလာဆီ လက်ဖက်ရည်တစ်ဇွန်းမှာ 2 mg ဗီတာ မင်အီးပါဝင်ပြီး ဗာဒံစေ့ ၃၀ ဂရမ်မှာ ဗီတာ မင်အီး 7 mg ပါဝင်ပါတယ်။

သစ်သီးနှင့် ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ကို ကြိုက်နှစ်သက်တတ်တဲ့သူတွေဟာ အသား အရေကြည်လင်လှပနေတတ် တာကို လေ့လာမှုတွေအရ တွေ့ရှိထားပါ တယ်။ ဒါ့အပြင် အသီးအနှံနဲ့ ဟင်းသီး ဟင်းရွက်ကြိုက်သူတွေဟာ တခြားဟင်း သီးဟင်းရွက် မကြိုက်သူတွေနဲ့ ယှဉ် ကြည့်လိုက်ရင် ပိုပြီး နုပျိုနေတတ်တာကို သင်လည်း လက်တွေ့မြင်မှာပါ။
နေ့တိုင်း ဟင်းသီးဟင်းရွက်အ ကြော်၊ ဒါမှမဟုတ် အသုပ်တစ်မျိုးတော့ ပါဝင်ပါစေ။ ဒါမှမဟုတ် သစ်သီးတွေကို သရေစာအဖြစ် ပုံမှန်စားပေးပါ။

ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ
လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ဖရဲသီးနဲ့ သံပရာသီးတွေမှာ ဗီတာမင်စီကြွယ်ဝပါ တယ်။ ဗီတာမင်စီက အရေပြားကြည် လင်နေစေဖို့နဲ့ အရေပြားအတွင်းပိုင်း အထိ သန့်စင်မှုကို ပေးနိုင်စွမ်းရှိပါတယ်။ အရေပြားနေလောင်တာကို ကုသပေးနိုင် တဲ့ အာနိသင်ရှိတာကြောင့် နေရောင် ခြည်ကြောင့် အရေပြားထိခိုက် ပျက်စီးမှု တွေကိုလည်း သက်သာအောင် ကူညီ ပေးနိုင်စွမ်းရှိပါတယ်။
လူတစ်ယောက်အတွက် တစ်နေ့ကို ဗီတာမင်စီ 500 mg လိုအပ်ပါတယ်။ ဗီတာမင် စီကို မာလကာသီး၊ ပန်းဂေါ်ဖီ စိမ်း၊ အနီရောင်ငရုတ်ပွသီးနဲ့ စတော် ဘယ်ရီသီးတွေကနေ ရရှိနိုင်ပါတယ်။

အသားအရေ ကြည်လင်လှပစေရန် ရှောင်ကြဉ်သင့်သော အစာများ

ဆားလျှော့ပါ
ဆားကို လိုအပ်တာထက်ပိုပြီး စားမိ တာကြောင့် ဝက်ခြံဖြစ်လွယ်ပါတယ်။ ဆိုဒီယမ်ကြွယ်ဝတဲ့အစားအစာတွေကို အစားများတဲ့သူတွေက အသားအရေ ကြည်လင်လှပဖို့ အနှောင့်အယှက်တစ် ခုကို ဖြစ်စေပါတယ်။ ဆားများတဲ့အစား အစာတွေထဲမှာ အသင့်ပြုလုပ်ထားတဲ့ အစားအစာတွေများစွာပါဝင်ပါတယ်။ ဆားက အစားအစာတွေကို ကြာရှည်ခံ အောင်နဲ့ အနံ့ကောင်းအောင် ထိန်းထား နိုင်စွမ်းရှိတာကြောင့် ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေထဲမှာ ဆားပါဝင်မှု များနေတတ်ပါတယ်။ လတ် လတ်ဆတ်ဆတ်ငါးကို ချက်စားတာက သင့်ကျန်းမာရေးကို အကျိုးပြုပေမယ့် ဆားတွေနယ်ထားတဲ့ ငါးပိ၊ ငါးခြောက် တွေကိုတော့ သတ်မှတ်ချက်ထားပြီး စား ပါ။ သင်က ဝက်ခြံပေါက်လွယ်သူ၊ အထိ ခိုက်မခံတဲ့ အရေပြားကို ပိုင်ဆိုင်သူဆို ရင်တော့ ဆားလျှော့စားဖို့ လိုပါတယ်။

အရောင်ချွတ်ထားသော အစားအစာများကို ရှောင်ပါ
အရောင်ချွတ်ပြီး ဖြူဖွေးအောင် ပြုပြင်ထားတဲ့ အစားအစာတွေက ကျန်း မာရေးနဲ့ ညီညွတ်တဲ့ အစားအစာထဲမှာ မပါဝင်ပါဘူး။ ဖြူဖွေးနေအောင်ပြုလုပ် ထားတဲ့ သကြား၊ ပေါင်မုန့် စတာတွေကို နေ့စဉ်စားတာမျိုး မလုပ်ပါနဲ့။ သကြားနဲ့ ပေါင်မုန့်တွေကို အညိုရောင်သာ သုံးပါ။ အာလူးကြော်၊ ဆီကြော်မုန့်နဲ့ ဆီကြော်စာ တွေမှာ သကြားနဲ့ဆားတွေ လွန်ကဲစွာ ပါဝင်နေတတ်ပါသေးတယ်။ ဖော်ပြပါ အစားအစာတွေကို နေ့တိုင်းစားမိရင် သွေးတွင်းသကြားဓာတ်ကို တက်စေပြီး အရေပြားကိုလည်း ထိခိုက်စေပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို အသင့်ပြုလုပ်ထားတာမျိုးတွေ စားမယ့် အစား အိမ်မှာပဲ ကိုယ်တိုင်ချက်ပြုတ်စား သောက်တာက ငွေကုန်သက်သာတဲ့အ ပြင် ကျန်းမာရေးအတွက်လည်း ပို ကောင်းပါတယ်။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal