အသီးဖျော်ရည် အလွန်အကျွံသောက်လျှင် အသက်တိုနိုင်

အသီးဖျော်ရည် အလွန်အကျွံ သောက်ရင် အချိုရည်အလွန်အကျွံ သောက်သလိုပဲ အသက်တိုနိုင်ခြေများ တယ်လို့ လေ့လာချက်က ဆိုလိုက်ပါ တယ်။ အသီးဖျော်ရည်အပါအဝင် သ ကြားအများကြီးပါတဲ့ ဘယ်အချိုရည်ကို မဆို အရမ်းအများကြီးသောက်ရင် အ ရွယ်မတိုင်ခင် သေဆုံးနိုင်ခြေများတာပါ။ အသီးဖျော်ရည်စစ်စစ်သောက်တာနဲ့အ ချိုရည်တွေ သောက်တာ ဘာကွာသလဲ ဆိုတာကို ပညာရှင်တွေက ပထမဦးဆုံး အကြိမ် ယှဉ်ကြည့်ခဲ့တာပါ။ ဒီတော့ နှစ် မျိုးလုံးက အသက်တိုစေတယ်ဆိုတာ တွေ့ရတာပါ။ ဒါပေမဲ့ တစ်ရက်ကို အသီး ဖျော်ရည် တစ်ခွက်ပဲသောက်မယ်ဆိုရင် တော့ ဘာဆိုးကျိုးမှ မခံစားရနိုင်ပါဘူးတဲ့။
လူပေါင်း ၁၃၄၄၀ ကို လေ့လာအပြီးမှာမှ ပညာရှင်တွေက အခုလိုဆိုလိုက်တာပါ။ဒီလူတွေကို နောက်ခြောက်နှစ်ကြာ ဆက်လေ့လာတော့ အသီးဖျော်ရည်အပါ အဝင် သကြားပါတဲ့ အချိုရည် အများကြီး သောက်လေ့ရှိတဲ့လူတွေဟာ သေဆုံးနိုင် ခြေများတာတွေ့ရပါတယ်။ အသီးဖျော် ရည်စစ်စစ်တွေမှာပါတဲ့ အာဟာရနဲ့ အချို ရည်တွေမှာပါတဲ့ အာဟာရအတော်ဆင် နေတာ တွေ့ရတယ်လို့လည်း ပညာရှင် တွေက ဆိုပါသေးတယ်။ နှစ်မျိုးလုံးမှာ အဓိကက ရေနဲ့သကြားပဲပါတာပါ။

(DM, 23.5.19) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *