အအိပ်လွန်ခြင်း သို့မဟုတ် အိပ်ရေးပျက်ခြင်းကြောင့် နှလုံးရောဂါဖြင့် သေနိုင်ခြေကို မြင့်တက်စေနိုင်

နေ့ခင်းအိပ်ချိန်အပါအဝင် ကိုယ်အိပ်စက်တဲ့အချိန်ပမာဏ က နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။ European Heart Journal မှာဖော်ပြခဲ့ တဲ့လေ့လာမှုအရ ကမ္ဘာတစ်ဝန်းက လူပေါင်း ၁၁၆၀၀၀ ကျော် ကိုလေ့လာခဲ့ရာမှာ တစ်နေ့ကို ခြောက်နာရီကနေ ရှစ်နာရီထက် ကြာအောင်အိပ်တဲ့လူတွေရဲ့ဦးနှောက်ထဲက သွေးကြောတွေနဲ့နှ လုံးမှာရောဂါဖြစ်ပြီး သေနိုင်ခြေများပါတယ်။ တစ်နေ့ကို ရှစ် နာရီကနေ ကိုးနာရီအိပ်တဲ့သူတွေမှာ စောစီးစွာသေဆုံးနိုင်ခြေ ၅ ရာခိုင်နှုန်း၊ ကိုးနာရီကနေ ၁၀ နာရီအိပ်တဲ့သူတွေမှာ ၁၇ ရာခိုင် နှုန်း၊ ၁၀ နာရီကျော်ကြာအိပ်တဲ့လူတွေမှာ ၄၁ ရာခိုင်နှုန်းနဲ့ ခြောက်နာရီ အောက်အိပ်တဲ့လူတွေမှာတော့ ၉ ရာခိုင်နှုန်းဖြစ် တယ်လို့ သိရပါတယ်။ ဒါကြောင့် သုတေသီတွေက အိပ်စက်ချိန် များတာ ဒါမှမဟုတ် အိပ်စက်ချိန်နည်းတာက နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုခဲ့ကြတာဖြစ်ပါ တယ်။

(AP,5.9.19) အေးယုနိုင်

Post Author: Good Health Journal