အာလူး၏အလှအပအကျိုးကျေးဇူးများ

အာလူးကို ကြော်စားတာ၊ သုပ်စား တာ၊ ဟင်းချက်စားတာ၊ အသားဟင်း တွေနဲ့ ရောစားတာတွေလိုမျိုး မျိုးစုံပြု လုပ်စားသုံးနိုင်တာကြောင့် အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ အာလူးက မရှိမဖြစ်အရာ ဖြစ်နေပါတယ်။ အာလူးဟာ ဈေးမကြီးဘဲ အာဟာရဓာတ်တွေလည်း ပြည့်ဝပါ တယ်။ အာလူးကို ဟင်းချက်စားရုံသာမက သူ့မှာပါဝင်တဲ့ များစွာသော ဗီတာမင် စီ နဲ့ ဘီ ၆ တွေကြောင့် အလှအပအတွက်ပါ အသုံးပြုနိုင်ပါတယ်။ အောက်ပါတို့ဟာ အာလူးကို အလှအပအတွက် အသုံးပြု နိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

အာလူးကို မျက်လုံးအလှအပ အတွက် အသုံးပြုနည်း

မျက်ကွင်းညိုတာ သက်သာနိုင်ပါတယ်
အာလူးကို မျက်ကွင်းညိုတာ သက် သာဖို့ အောက်ပါအတိုင်း အသုံးပြုနိုင်ပါ တယ်။
– အာလူးကို အခွံခွာပြီး အစိတ်စိတ် ပါ။
– အဲဒီအာလူးစိတ်ကို သန့်စင်တဲ့အ ဝတ်စထဲထည့်ပြီး မျက်လုံးပေါ်မှာ မိနစ် ၂၀ လောက်ကပ်ထားပါ။ မျက်ကွင်းညိုတာ သက်သာသွားပါ လိမ့်မယ်။

မျက်လုံးအစ်တာ သက်သာနိုင်ပါတယ်
သင်မျက်လုံးအစ်တာအတွက် သင့် အိမ်မှာ သခွားသီးအလွယ်တကူမရှိရင် အဲဒီအစား အာလူးကိုအသုံးပြုနိုင်ပါတယ်။
– အာလူးကို စိတ်ပြီး ရေခဲသေတ္တာထဲ မှာ အေးနေအောင် ထားထားပါ။
– အေးနေတဲ့အာလူးစိတ်ကို မျက်စိ ပေါ်မှာ ကပ်ပေးရင် မျက်လုံးအစ် တာသက်သာသွားနိုင်ပါတယ်။

မျက်လုံးအရေးကြောင်းတွေဖယ်ရှားနိုင်ပါတယ်
ဒီလိုပြုလုပ်ဖို့ကတော့ အာလူးအ ရည်လိုပါတယ်။
– အာလူးကိုကြိတ်ပြီး အရည်ညှစ်ယူ ပါ။
– အာလူးရည်ကို ဝါဂွမ်းစနဲ့ တို့ပြီး မျက်လုံးအောက် အရေးကြောင်း ရှိနေတဲ့နေရာပေါ်သုတ်လိမ်းပေးပါ။

အာလူးကို မျက်နှာအလှအပ အတွက် အသုံးပြုနည်း
ဝက်ခြံကင်းစင်နိုင်ပါတယ်
– အာလူးကို အရည်ညှစ်ယူပြီး ဝက်ခြံ ထွက်လွယ်တဲ့နေရာပေါ် တိုက်ရိုက် သုတ်လိမ်းပါ။
– ၁၀-၂၀ မိနစ်ခန့်အကြာမှာ ရေ ဆေးချလိုက်ပါ။

အဆီပြန်တဲ့အသားအရေကို ပြုပြင်ပေးနိုင် ပါတယ်
– အာလူးကို အခွံခွာပြီး ကြိတ်လိုက်ပါ။
– ရလာတဲ့အနှစ်ကို ရှောက်ရည် လက် ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရောစပ်ပါ။
– အဲဒီ mask ကို မျက်နှာပေါ်မှာ လိမ်း ပြီး ၁၅ မိနစ်ခန့်ထားပါ။
– ပြီးနောက် ရေဆေးချပါ။

အရေပြားခြောက်သွေ့တာကို ပြုပြင်ပေးနိုင် တယ်
– အာလူးကို အခွံခွာပြီး ကြိတ်လိုက်ပါ။
– ရလာတဲ့အနှစ်ကို ပျားရည် စားပွဲ ဇွန်းတစ်ဇွန်းစာနဲ့ ရောစပ်ပါ။
– အဲဒီ mask ကို မျက်နှာပေါ်မှာ လိမ်း ပြီး ၁၅ မိနစ်ခန့်ထားပါ။
– ပြီးနောက် ရေဆေးချပါ။

အရေပြားယားယံတာသက်သာတဲ့ Mask အဖြစ် အသုံးပြုနိုင်ပါတယ်
– အာလူးကို အကွင်းလိုက်လှီးပြီး ရေ ခဲသေတ္တာထဲ ထည့်ထားပါ။
– အေးစက်နေတဲ့ အာလူးကွင်းကို သင့်မျက်နှာပေါ်တင်ပြီး ၁၅ မိနစ်ခန့် ထားပါ။
– ပြီးရင် ရေဆေးချပါ။
သတိပြုရန် ။ ။ အနာဒဏ်ရာရှိနေတဲ့ နေရာမှာ အသုံးမပြုပါနဲ့။

ကြက်ဥနဲ့ အာလူး Mask
အရေပြားပြဿနာရှိသူတွေအတွက် အလွန်အသုံးဝင်ပါတယ်။
– ကြက်ဥအကာကို အာလူးတစ်ခြမ်း က ရရှိတဲ့အရည်နဲ့ ရောစပ်ပါ။
– ရလာတဲ့အရည်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ။
– ပြီးရင် မျက်နှာသစ်လိုက်ပါ။

အရေပြားသန့်စင်ကြည်လင်စေတဲ့အာလူး Mask
– အာလူးကိုအရည်ရအောင်ပြုလုပ် ပါ။
– အာလူးရည်ထဲကို တစ်သျှူးနှစ်ထား ပါ။
အဲဒီစိုနေတဲ့တစ်သျှူးကို သင့်မျက် နှာပေါ် မိနစ် ၂၀ ခန့် ကပ်ပါ။
– ပြီးရင် မျက်နှာသစ်လိုက်ပါ။

အရေပြားအစိုဓာတ်ထိန်းနိုင်တဲ့ Mask
– အာလူးတစ်လုံးကို ကြိတ်ခြေပါ။
– ကြိတ်ပြီးသားအာလူးနှစ်ကို စားပွဲ ဇွန်းတစ်ဇွန်းစာ ပျားရည်နဲ့ စားပွဲဇွန်း နှစ်ဇွန်းစာ သံလွင်ဆီနဲ့ ရောစပ်ပါ။
– ပြီးရင် သင့်မျက်နှာပေါ်လိမ်းကာ ၁၀ မိနစ်ခန့် ထားပါ။
– မျက်နှာကို သေချာဆေးကြောလိုက် ပါ။ အရေးကြောင်းတွေကင်းစင် သွားပြီး အရေပြားဝင်းလက်တောက် ပြောင်လာပါလိမ့်မယ်။

သခွားသီးနှင့် အာလူးသန့်စင်ပစ္စည်း
– အာလူးတစ်လုံးနဲ့ သခွားသီးတစ်လုံး ကိုသေးသေးလှီးကာ မွှေစက်ထဲ ထည့် မွှေပါ။
– ရလာတဲ့အနှစ်ကို လက်ဖက်ရည် ဇွန်းတစ်ဇွန်းစာ ရေနဲ့ လက်ဖက်ရည် ဇွန်း တစ်ဇွန်းစာ မုန့်ဖုတ်ဆော်ဒါနဲ့ သေချာရောစပ်ပါ။
– ပြီးရင် မျက်နှာကြေးချွတ်ချင်တိုင်း ဒီအနှစ်ကို အသုံးပြုနိုင်ပါတယ်။

အရွယ်တင်နုပျိုစေတဲ့ Mask
– အနေတော်အာလူးနှစ်လုံးကို စားပွဲ ဇွန်းတစ်ဇွန်းစာ ဒိန်ချဉ်နဲ့ ရောစပ်ပြီး ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။
– ရလာတဲ့အနှစ်ကို မျက်နှာပေါ်လိမ်း ကာ မိနစ် ၃၀ ခန့်ထားပါ။
– ပြီးနောက် မျက်နှာကို သန့်စင်လိုက် ရင်အရေပြားတင်းရင်းကာ ချောမွေ့ သွားပါလိမ့်မယ်။

ကြေးချွတ်နိုင်တဲ့ Toner
– စားပွဲဇွန်း နှစ်ဇွန်းစာရှောက်ရည်ကို ကြိတ်ပြီးသား အာလူးခွက်တစ်ခွက် စာနဲ့ ရောစပ်ပါ။
– ရလာတဲ့အနှစ်ကို မျက်နှာပေါ်လိမ်း ပြီး နာရီဝက်ခန့်ထားပါ။
– မျက်နှာပေါ်က ကြေးတွေကို သန့် စင်နိုင်တဲ့အပြင် အသားအရောင် မညီညာတာတွေလည်း လျော့ကျသွားနိုင်ပါတယ်။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *