အာသီးရောင်ခြင်းကို သက်သာစေသော နည်းလမ်းကောင်းများ

အာသီးက အာခေါင်ရဲ့ အနောက် ဘက်မှာ အစုံလိုက်တည်ရှိပါတယ်။ အာသီးက ခန္ဓာကိုယ်ခုခံအားစနစ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး အသက်ရှူ လမ်းကြောင်းထဲကို ပိုးမွှားတွေ မဝင် ရောက်နိုင်အောင် တားဆီးပေးပါ တယ်။ တစ်ခါတစ်ရံမှာတော့ ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေအာသီးထဲမှာ စုမိ ပြီး အာသီးရောင်တာ ဖြစ်လာပါတယ်။

ရှောက်သီး
ရှောက်သီးတစ်ခြမ်းကို အစိတ် လေးခပ်သေးသေးလှီးထားပါ။ ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်ကို ကြိတ် ခြေထားပါ။ ဇွန်းတစ်ဇွန်းထဲကို ရှောက် သီးစိတ်လေးတွေထည့်ပြီး ဆားနဲ့ ငရုတ်ကောင်းကြိတ်ထားတဲ့ အမှုန့်ကို ဖြူးပါ။ ဇွန်းကို မီးနဲ့ အပူပေးပါ။ ပြီးနောက် အအေးခံပြီး ရှောက်သီးအရည်တွေ ကုန် သွားတဲ့အထိစုပ်စားပါ။

သံပရာရည်
သံပရာသီးကို အရည်ညှစ်ပြီး ရေ ခပ် နွေးနွေးနဲ့ရောပါ။ ဆားအနည်းငယ်နဲ့ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ။ နေ့စဉ် တစ်ကျိုက်ချင်း သောက်ပေးပါ။ နာကျင်မှုနဲ့မသက်မသာဖြစ်တာကို သက် သာစေပါတယ်။ ဗီတာမင် စီပါလို့ ခုခံစွမ်း အားကိုလည်း မြင့်မားစေပါတယ်။

ပူဒီနာ
နေ့စဉ် ပူဒီနာလက်ဖက်ရည်ကို သောက်ပေးတာကလည်း နာကျင်မှုကို သက်သာစေပါတယ်။ ပူဒီနာလက်ဖက် ရည်ထဲကို ပျားရည် ထည့်သောက်နိုင်ပါ တယ်။ ပိုးသတ်အာနိသင် ရှိတာကြောင့် ဘက်တီးရီးယားတွေကို ဆန့်ကျင်တိုက် ထုတ်ပေးပါတယ်။

မုန်ညင်းစေ့
မုန်ညင်းစေ့ကို အမှုန့်ကြိတ်ပြီး ရေ နွေးပူပူတစ်ခွက်ထဲ ထည့်ပါ။ ခပ်နွေးနွေး ဖြစ်ပါက ပလုတ်ကျင်းပေးပါက အာသီး မှာ စုနေတဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင် တာကြောင့် ရောင်ရမ်းမှုလျော့နည်းစေပြီး အနာကျက်မြန်ဆန်စေပါတယ်။

နွားနို့
ကျိုထားပြီးတဲ့ နွားနို့တစ်ခွက်ထဲကို နနွင်းမှုန့် အနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ပါ။ ညအိပ်ရာမဝင်မီ သောက်ပေးပါ။ သုံးရက်ဆက်တိုက် သောက်ပေးပါက အာသီးရောင်တဲ့လက္ခ ဏာတွေကို သက်သာစေပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီအရည် လက်ဖက်စား ဇွန်း နှစ်ဇွန်းကို ခပ်နွေးနွေးရေထဲထည့်ပြီး ပလုတ်ကျင်းပေးပါ။ တစ်နေ့ကို မကြာ ခဏ ပြုလုပ်နိုင်ပါတယ်။

စွတ်ပြုတ်နှင့် ဆန်ပြုတ်
အာသီးရောင်နေတဲ့အချိန်မှာ အစာ အမာတွေမျိုချရင် နာကျင်တာကြောင့် အစာသိပ်စားနိုင်မှာ မဟုတ်ပါဘူး။ ကြက် စွပ်ပြုတ် ဒါမှမဟုတ်လည်း ဟင်းသီးဟင်း ရွက်စွပ်ပြုတ်၊ ဆန်ပြုတ်စတဲ့ ပျော့ပျောင်း တဲ့အစာတွေကို စားပေးပါ။ ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေပြီး ခုခံစွမ်းအားကိုလည်း မြင့်မားစေပါတယ်။ စွပ်ပြုတ်သောက်ပေး တာကြောင့် နှာခေါင်းပိတ်တာကိုလည်း သက်သာစေပါတယ်။

ဆားရည်
အာသီးရောင်တာ ခံစားနေရပါက ဆားရည်နဲ့ ပလုတ်ကျင်းပေးနိုင်ပါ တယ်။ ရေနွေးတစ်ဖန်ခွက်ထဲကို ဆား လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ပျော်ဝင်ပါစေ။ အဲဒီဆားရည်နဲ့ ပလုတ် ကျင်းပေးပါက အာသီးကို ပိုးဝင်ရောင် ရမ်းတာမဖြစ်အောင် ကာကွယ်နိုင်တဲ့ အပြင် ခံတွင်းကိုလည်း သန့်ရှင်းစေပါ တယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *