အားကစားကပေးတဲ့ စွမ်းအင်

ကိုယ်လက်လှုပ်ရှားအားကစားလုပ် တာက ကျန်းမာရေးအပေါ် ကောင်းကျိုး သက်ရောက်နိုင်တယ်ဆိုတာကို လူအ များသိပြီး ဖြစ်ပါတယ်။ ကျန်းမာရေးလို့ ဆိုရာမှာ ကိုယ်ကျန်းမာရေးရော၊ စိတ် ကျန်းမာရေးရော ပါဝင်ပါတယ်။ လူတိုင်း နီးပါးမှာ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှု ဒဏ်ကို အနည်းအများ ခံနေကြရတာ ဖြစ်ပါ တယ်။ စိတ်ရော၊ ကိုယ်ရော ပင်ပန်းတဲ့ အခါမှာတော့ ဘ၀ကြီးက နေပျော်စရာ မကောင်းလောက်အောင်ကို ဖြစ်လာမှာ ပါ။

အားကစားလုပ်ဖို့ အချိန်ဘယ်လောက်ပေးရ မလဲ
အားကစားလုပ်ဖို့အတွက် အချိန်ကို တသီးတခြားပေးစရာမလိုပါဘူး။ အ ချိန်ရရင် တစ်ရက်ကို လေး၊ ငါးနာရီ လောက် အားကစားလုပ်ပြီး ရက်အတော် ကြာလောက် မလုပ်ဘဲပြန်နေလိုက်၊ ပြန်ပြီး အပြင်းအထန်ပြန်လုပ်လိုက် လုပ်တဲ့အကျင့်က မကောင်းပါဘူး။ ကျန်း မာရေးအတွက်လည်း မထိရောက်ပါဘူး။ အဲဒီလိုလုပ်မယ့်အစား နေ့စဉ် ပုံမှန် ၁၀ – ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှား လုပ်သွားတာကမှ အကျိုးကျေးဇူး သိသိ သာသာရမှာ ဖြစ်ပါတယ်။ တစ်နေ့တာမှာ ဖုန်းစခရင်မ်ကြည့်ချိန်ထဲက ၁၀-၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားလုပ်ဖို့ အချိန်ဖဲ့ပေးပါ။ ဒါက သိထားရမယ့် ပထမ ဆုံးအချက်ပါ။

ဘယ်အားကစားနည်းကိုရွေးချယ်ရမလဲ
နောက်တစ်ချက်က အားကစား အ မျိုးမျိုးရှိတဲ့အထဲမှာ ဘယ်အားကစား နည်းကမှ ကျန်းမာရေးအတွက် အကျိုး ပြုတယ်ဆိုပြီး သီးခြားမရှိပါဘူး။ ကိုယ် လက်လှုပ်ရှားဖြစ်စေတဲ့ အားကစားနည်း တိုင်းက ကျန်းမာရေးအတွက် ရေတိုရော၊ ရေရှည်ရော ကောင်းကျိုးတွေ ရရှိစေမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ အား ကစားနည်းရွေးချယ်တဲ့နေရာမှာ သင်ရဲ့ ကျန်းမာရေးအခြေအနေ၊ အသက်အ ရွယ်နဲ့ ကိုက်ညီတာကို ရွေးချယ်ပါ။

သင့်ကျန်းမာရေးအခြေအနေကို သိအောင် လုပ်ပါ
သင့်ခန္ဓာကိုယ်အခြေအနေကို သင် အသိဆုံး ဖြစ်ပါတယ်။ သင်ဟာ မောပန်း လွယ်သူသား၊ အမောခံနိုင်သူလား၊ သင် ရဲ့ Limit က ဘယ်လောက်လဲဆိုတာကို သိထားသင့်ပါတယ်။ ကျန်းမရေးမ ကောင်းလို့ဆိုပြီး လုံးဝ လှုပ်လှုပ်ရှားရှား မလုပ်တာမျိုးမလုပ်ပါနဲ့။ ကျန်းမာရေးကို ပိုဆိုးစေပါတယ်။ သင့်မှာရှိတဲ့ ကျန်းမာ ရေးအခြေအနေကို သင်ရဲ့ အားကစား နည်းပြကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ နည်းပြက ကျွမ်းကျင်ဖို့လိုပြီး ကျန်းမာ ရေးအသိပညာလည်း ရှိထားဖို့ လိုပါ တယ်။
သင်လုပ်နိုင်စွမ်းထက် ကျော်လွန် ပြီး မလုပ်ပါနဲ့၊ သင်အရမ်း မောပန်း လာရင်လည်း နားပါ၊ ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအားမပေးဖို့ လိုပါတယ်။ ကျန်း မာရေးကောင်းဖို့ဆိုတာ တစ်ချိန်တည်း အားသွန်ခွန်စိုက်လုပ်လိုက်လို့ ချက်ချင်း ကောင်းသွားမှာမျိုး မဟုတ်ပါဘူး။ သင့် ခန္ဓာကိုယ်မှာ ဒဏ်ဖြစ်သွားရင် ရေရှည်မှာ ထိခိုက်လာနိုင်ပါတယ်။

ခွန်အားတွေကို ရယူလိုက်ပါ
ကိုယ်လက်လှုပ်ရှား အားကစားပြု လုပ်တာက စိတ်ခွန်အားရော၊ လူခွန်အား ရော ဖြစ်စေတယ်ဆိုတာကို သုတေသန မြောက်မြားစွာကနေ အတည်ပြုခဲ့ပြီး ဖြစ် ပါတယ်။ ပုံမှန် လှုပ်လှုပ်ရှားရှား ရှိတဲ့သူ တွေဟာ အားကစားလုံးဝမလုပ်တဲ့သူတွေ ထက်ပိုပြီး စိတ်ပျော်ရွှင်မှု ရရှိတာ၊ ဉာဏ် ရည်ထက်ပြီး အတိတ်မေ့ရောဂါရနိုင်ခြေ နည်းတာ၊ မှတ်ဉာဏ်ဆုံးရှုံးနိုင်ခြေနည်း တာ၊ ညဘက်မှာ ပိုပြီးအိပ်ပျော်လွယ်တာ၊ နိုးကြားတက်ကြွလန်းဆန်းနေတာ၊ အာရုံ စူးစိုက်နိုင်စွမ်းကောင်းတာ စတဲ့ ကိုယ် ရောစိတ်ပါ ကျန်းမာရေးကောင်းကျိုး အ မြောက်အမြားကို ရရှိစေပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal