အားကစားခန်းမမှာ အလှဆုံးဖြစ်နေစေဖို့

မိန်းကလေးအများစုဟာ ဘယ်အချိန်ကြည့်ကြည့်လှနေဖို့ ပြင်ဆင်ခြယ်သလေ့ ရှိပါတယ်။ အားကစားခန်းမမှာ သွားကစားတဲ့အခါမှာလည်း လှလှပပလေးဖြစ်နေဖို့ ကြိုးစားကြပါတယ်။ ဒီမှာ အသားအရေ မပျက်စီးအောင် ကာကွယ်ရမယ့်အစား ပိုဆိုးအောင် လုပ်မိတာတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ အားကစားခန်းမမှာ သွားကစားလေ့ရှိတဲ့ ပျိုမေတို့အတွက် Beauty Hacks တွေကို ရေးပေးလိုက်ပါတယ်။

မျက်နှာမှာဘာမှ မလိမ်းပါနဲ့

ဘယ်မိန်းကလေးမဆို အားကစား လုပ် နေတုန်းမှာလည်း ကိုရီးယားမင်းသမီးလိုမျိုး အသားအရေ Glow ဖြစ်နေတဲ့ ပုံစံမျိုးရ အောင်ဖြစ်ဖြစ်၊ ဝက်ခြံတွေရှိနေရင်လည်း ဖုံး သွားအောင်ဖြစ်ဖြစ် မိတ်ကပ်ကို အနည်းနဲ့ အများလိမ်းသွားမိတတ်ကြပါတယ်။ တချို့ လည်း ကျောင်း၊ အလုပ်တွေကနေအပြန် အား ကစားသွားလုပ်ဖို့ သွားတာဆိုတော့ မနက်က တည်းက လိမ်းထားတဲ့မိတ်ကပ်တွေက ရှိနေ သေးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပထမဆုံး တစ်ချက်အနေနဲ့ ပြောချင်တာကတော့ အား ကစားလုပ်ဖို့သွားတဲ့အခါ အားကစား မလုပ် ခင်မျက်နှာသစ်ပါ၊ ဘာမှမလိမ်းပါနဲ့၊ မျက်နှာ အရေပြားမှာ ချွေးတွေ ကောင်းကောင်းမွန် မွန်ထွက်သွားပါစေ၊ မိတ်ကပ်တွေလိမ်းထား ရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ အားက စားလုပ်ပြီးရင် မျက်နှာတစ်ခါ ပြန်သစ်ပါ။ သေချာသန့်စင်ပါ။

Face Wipes တွေဆောင်ပါ

Face Wipes တွေထဲ မှာမှ ဂလိုင်ကောလစ်အက်စစ် ဒါမှမဟုတ် ဆယ်လီဆိုက်လစ် အက်စစ်ပါတာကို ရွေးဝယ်ထား ပါ။ ဘာကြောင့်လဲဆိုတော့ အား ကစားလုပ်ပြီး ချွေးတွေနဲ့ အားက စားခန်းမကနေ အိမ်ကိုပြန်တဲ့ လမ်း တစ်လျှောက်အချိန်လေးမှာကို မျက် နှာအရေပြားက ထိခိုက်နိုင်လို့ပါ။ အား ကစားခန်းမဆိုတာက လူပေါင်းစုံလာ တာမို့လို့ မျက်နှာအရေပြားမှာ ဘယ်လို ဖုန်၊ အညစ်အကြေးတွေနဲ့ ချွေးတွေရော နေမယ်ဆိုတာမသိနိုင်ပါဘူး။ ဒါကြောင့် မျက်နှာသေချာ သန့်စင်ဖို့ အချိန် မရဘူးဆို ရင်တောင် Face Wipes နဲ့ သေချာ သန့် စင်ပြီးမှ အိမ်ပြန်ပါ။

တိုနာအသုံးပြုပါ

ဒါကတော့ အားကစားလုပ်ပြီးပြီ၊ မျက်နှာကိုသန့်စင်ပြီးပြီဆိုရင် အရေပြား ကို ကာကွယ်ဖို့ ဒုတိယအဆင့်အနေနဲ့ လုပ်သင့်တာဖြစ်ပါတယ်။ ချွေးနဲ့ ဘက်တီးရီးယားတွေရောပြီး ဝက် ခြံတွေ၊ အရေပြားပြဿနာတွေ ဖြစ်တတ်တာဖြစ်ပါတယ်။ မျက်နှာ သန့်စင်ပြီးရင် အကာအကွယ်တစ် ခုအဖြစ် စံ pH balance လုပ်ထားတဲ့ Toner တစ်မျိုးမျိုးကို ဖျန်းပေးပါ။ Toner က alcohol-free ဖြစ် ဖို့တော့လိုပါတယ်။

မုန့်ဖုတ်ဆိုဒါအသုံးပြုပါ

သင်ဟာ ရင်ဘတ်နဲ့ နောက်ကျော ဘက်မှာဝက်ခြံထွက်တတ်သူဆိုရင် အားကစားလုပ်အပြီးမှာ မုန့်ဖုတ်ဆိုဒါကို ရင် ဘတ်နဲ့ နောက်ကျောမှာ လိမ်းပေးနိုင်ပါတယ်။ သူက အဆီတွေ စုပ်ယူနိုင်စွမ်းရှိပါတယ်။

Dry shampoo အသုံးပြုပါ

အားကစားလုပ်ပြီး ချွေးတွေ တရွှဲရွှဲ ဖြစ်မှ Dry shampoo ကို အသုံးမပြုပါနဲ့။ ဒါက ဦး ရေပြားက ချွေးပေါက်တွေကို ပိတ်စေပါတယ်။ အားကစားမလုပ်ခင် Dry shampoo ကို အရင်ဖျန်းထားပါ။ အားကစားလုပ်တဲ့အခါ ထွက်လာတဲ့ ချွေးတွေကို Dry shampoo က စုပ်ယူနိုင်သလောက် စုပ်ယူလိုက်မှာ ဖြစ်ပါ တယ်။ အားကစားလုပ်အပြီးမှာ လေမှုတ် စက်နဲ့ ဆံပင်ကိုမှုတ်ချလိုက်ပါ။ အဆင်ပြေ သွားပါလိမ့်မယ်။

လက်သန့်ရှင်းရေးဂရုစိုက်ပါ

လက်သန့်ရှင်းရေးဆိုတဲ့နေရာမှာ လက် သည်းလေးတွေရဲ့ သန့်ရှင်းရေးလည်းပါဝင် ပါတယ်။ အားကစားလုပ်ဖို့သွားရင် အကောင်း ဆုံးကတော့ လက်သည်းအတိုပဲထားပါ။ အား ကစားခန်းမက ကိရိယာတွေဆိုတာက လူ ပေါင်းစုံ ကိုင်တွယ်အသုံးပြုတာဖြစ်ပါတယ်။ လက်သည်းတိုတိုထားတော့ ပိုးတွေသိပ်ပြီး မ တွယ်ငြိတော့ဘူးပေါ့။ ပိုးသေစေတဲ့ လက် သန့်ဆေးရHand Sanitizing Gel လည်း ဆောင်ထားပါ။ အားကစားပစ္စည်းတွေကိုင် ထားတဲ့လက်နဲ့ မျက်နှာကိုလုံးဝမထိပါနဲ့။ လက် ကပိုးတွေ မျက်နှာပေါ်ရောက်ပြီး ဝက်ခြံထွက် တာတွေ ဖြစ်လာနိုင်ပါတယ်။ အားကစားလုပ် အပြီး လက်ကို သေချာ သန့်စင်ဖို့လည်း မမေ့ ပါနဲ့။

သန့်ရှင်းမှုကိုအဓိကထားပါ

အားကစားခန်းမမှာ ရှိတဲ့ Yoga mats တွေ၊ ချွေးထုတ်ခန်းတွေ၊ ဘယ်နေရာမဆိုချွေး တွေရှိနေနိုင်တာကြောင့် ဘက်တီးရီးယားပိုး တွေ အလွယ်တကူပေါက်ဖွားနိုင်ပါတယ်။ ဒါ ကြောင့် လူအများအသုံးပြုတဲ့ပစ္စည်းတွေ၊ နေ ရာတွေမှာ အသုံးပြုမယ်ဆိုရင် တဘက်တစ် ထည်အရင်ခင်းပြီးမှ အသုံးပြုဖို့ အကြံပေးချင် ပါတယ်။ ဒါက အရေပြားပြဿနာတွေ ကူး စက်တာကနေ အထိုက်အလျောက် ကာကွယ် ပြီးသား ဖြစ်စေမှာပါ။
အားကစားလုပ်အပြီး ချွေးတွေ သန့်စင် အောင် ရေချိုးတာကလည်း ဘက်တီးရီးယား တွေမပေါက်ဖွားအောင်၊ အရေပြား ပြဿနာ တွေ မဖြစ်ပေါ်အောင်လို့ဖြစ်ပါတယ်။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *