အားကစားလောကအကြောင်း တစ်စေ့တစ်စောင်း

အားကစားလိုက်စားတဲ့အခါ နည်းမှန်၊ လမ်းမှန်နဲ့ အားကစားလုပ်မှသာ ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ အားကစား ဝါသနာရှင်တွေအတွက်ရော၊ အားကစား စလုပ်မယ့် သူတွေအတွက်ရော ရည်ရွယ်ပြီး ဒီနေ့ခေတ်အားကစား လောကအခြေအနေအကြောင်း တစ်စေ့ တစ် စောင်းကို Balance Fitness မှ နည်းပြဆရာ မောင်မောင်ကြည်နှင့် တွေ့ဆုံမေးမြန်းပြီး ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

Profile
Name: Mr. Maung Maung Kyi
Gym: Balance Fitness
Age: 45 years
Height: 5′ 4″
Weight: 60 kg

Q: အခုနောက်ပိုင်း မြန်မာနိုင်ငံမှာပဲ အားကစားနဲ့ ပတ်သက်တဲ့ Certificates သင်တန်းတွေ ဖွင့်တာလည်း တွေ့လာရပါတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး ဆရာ့ အမြင်ကိုလည်း သိချင်ပါတယ်။

A: အခုချိန်မှာကျတော့ Trainer နဲ့ ပတ်သက်လို့ Certificate တွေ ပေးနေကြတယ်ဆိုပေမယ့် experience နဲ့ သင်တဲ့ Trainers တွေကိုတော့ ဘယ်လိုမှ မမှီနိုင်ပါဘူး။ ဒါကလည်း ဒီမှာ အလုပ်အကိုင် အခွင့်အလမ်းရဖို့ Gym တွေ များလာတော့ ကောင်းတော့လည်း ကောင်းပါတယ်၊ ဒါပေမဲ့ သူတို့တွေက ကိုယ်တိုင်ကစားပြီး ကိုယ်တိုင်လေ့လာ သင့်ကြသေးတယ်ပေါ့။ တချို့ကကျတော့ ကိုယ်ကိုယ်တိုင် ဘာမှ မကစား ဖူးသေးဘူး၊ သင်တန်းတွေ လိုက်တက်တယ်၊ အပြင်မှာ Trainer တွေ လိုက်လုပ်တယ်။ Trainer လာ လျှောက်တဲ့ အချိန်မှာ သူတို့က certificates လေးတွေ ကိုင်ပြီး လာတာ၊ ဒါပေမဲ့ ဒီ အားကစားနဲ့ ပတ်သက်လို့ သူတို့မှာ experience တစ်နှစ်လည်း မရှိဘူး၊ ခြောက်လလည်း မရှိဘူး။ နှစ်လ၊ သုံးလတွေနဲ့ လာလျှောက် တာတွေများပါတယ်။ တော်တော်များများ က ခနမအင်ငခအေနျ လေး ကိုင်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ်ွှမငေညနမ ဖြစ်ပြီလို့ ထင်နေကြတာတွေ အများကြီးပဲရှိပါတယ်။ သူတို့သိတဲ့ အသိက ဒီလူကို ဒီလို သင်၊ ဟိုလို သင်ရင် မကောင်းဘူး၊ ဒီလောက်ပဲ သိကြတာ။ ဒီ exercise က သူ့အတွက် ဘယ်လောက်ထိ effect ဖြစ်မယ်၊ ဒီ exercise တစ်ခုရဲ့ movement ကြွက်သားတွေရဲ့ လှုပ်ရှားမှုက ကိုယ့်အပေါ် ဘယ်လို တုံ့ပြန်တယ်၊ ဘယ်လောက် pressure ကို ပေးပြီး ဘယ်လို Speed နဲ့ လှုပ်ရှားရင် ဘယ်လို တုံ့ပြန်မယ် ဆိုတာ နားမလည်ဘဲနဲ့ Trainer လုပ်ကြတာ များလာပါတယ်။ ကိုယ်သူများကို ကစားခိုင်းတဲ့ ကစားနည်းအတိုင်းကို ကိုယ်ကိုယ်တိုင် နှစ်ပေါက်အောင် ကစားခဲ့ဖူးဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် မကစားခဲ့ဖူးဘဲနဲ့ သူများကို Train တယ်ဆိုရင်၊ ကိုယ် Train လိုက်တဲ့ Customer မှာ ဘယ်လို ဖြစ်မလဲ မသိနိုင်တာ အရမ်းကြောက်စရာ ကောင်းပါတယ်။ Customer အတွက်လည်း အကျိုး မရှိဘူး၊ အချိန်ကုန်မယ်၊ အဲ့တာ ကစားလိုက်လို့ နောက်ဆယ်နှစ်မှာ တခြား Side effect တစ်ခု ဝင်လာနိုင်တာမျိုးတွေလည်း ရှိပါတယ်။

Q: အသက်ငယ်တဲ့ လူတွေနဲ့ အသက်ကြီးတဲ့ လူတွေကို Train တဲ့အခါ ကွာခြားချက်တွေရှိလား သိချင်ပါတယ် ဆရာ။

A: ကလေးတွေ ၅ နှစ်ကနေ ၁၀-၁၃ နှစ် အထိ သူတို့ရဲ့ အကြောတွေ အားလုံးနဲ့ အဲ့ထက် အသက်ကြီးလာတဲ့ အသက် ၂၀၊ ၂၅၊ ၃၀၊ ၄၀ မတူပါဘူး။ ငယ်တဲ့အရွယ်က ဘာနဲ့တူလဲဆိုတော့ ပလတ်စတစ်နဲ့ တူတယ်၊ ပလတ်စတတ်ကို ကိုင်လိုက်၊ ဆွဲလိုက်ရင် ရှည်သွားတယ်၊ ပြန်မကျုံ့တော့ဘူး၊ ဒါပေမဲ့ အဲဒီ အရွယ်ထက် ပိုပိုပြီး ကြီးလာလေလေ၊ အဲဒီ အကြောတွေက သားရေနဲ့ တူလာတယ်၊ ဆွဲလိုက်ပြီး ပြန်လွှတ်လိုက်ရင် ပြန်ကျုံ့သွားတယ်၊ အကြောတွေ ဘယ်လောက် လျှော့လျှော့ ပြီးရင် ပြန်တင်းသွားတယ်။ ငယ်တဲ့အရွယ်မှာ Trainer တွေက၊ ကလေးတွေကို Train တဲ့အခါ ဆွဲဖြဲပစ်လိုက်တယ်၊ ဘာမှ မဖြစ်ဘူး။ အဲ့ကလေး ကတော့ သေအောင် အော်လိုက်တယ်၊ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ ပုံသွင်းနိုင်တယ်။ ဒါပေမဲ့ ၁၆ နှစ် လောက်ကို သွားမလုပ်နဲ့ နည်းနည်း အန္တရာယ်များတယ်။ အသက်ကြီးလာတဲ့လူကို လုပ်လေလေ ပိုပြီးတော့ အန္တရာယ်များလာလေလေပါပဲ။

Q: နောက်ပြီး အားကစား ပြိုင်ပွဲဝင်မယ့် ကစားသမားကို train တာနဲ့ ရိုးရိုး customer တစ်ယောက်ကို train တာနဲ့ တူလို့ မရပါဘူး။

A: အားကစားသမားတစ်ယောက်ကို train တာက ယှဉ်ပြိုင်ဖို့ ဖြစ်တဲ့အတွက် Do or Die ပဲ။ မရဘူး လာမပြောနဲ့၊ ရအောင်လုပ်၊ injury ဖြစ်ရင် နား။ အပြင် customer တစ်ယောက်ကို Personal Trainer အနေနဲ့ train တာကျတော့ မတူတော့ဘူး။ ပြိုင်ပွဲဝင်ဖို့ အားကစားသမား အတွက် အသားကုန် train ခိုင်းလို့ ရပေမဲ့ ကြံ့ခိုင်ဖို့၊ ဝိတ်ကျချင်လို့၊ ခန္ဓာကိုယ် လှချင်လို့ ကစားတဲ့လူတွေကို train တာကျတော့ injury ရစေမယ့် exercises တွေ ရှောင်ပြီးတော့ train ပေးရမယ်။ နောက်ပြီးတော့ ဒီ exercise တစ်ခုကို သူက မရဘူးဆိုရင် ဒီ exercise နဲ့ အလားသဏ္ဍန်တူတဲ့ exercise မျိုး၊ effective ဖြစ်မယ့် exercise မျိုး၊ သူနဲ့ လိုက်ဖက်မယ့် exercise မျိုးကို ပေးနိုင်ရပါမယ်။ ပြိုင်ပွဲဝင်ကစားသမားကို train သလိုမျိုး ဒါလုပ်ကို လုပ်မှရမယ်ဆိုတာမျိုး သွားလုပ်လို့ မရပါဘူး။

Q: ဆရာ Train ပေးတဲ့ Customer တွေထဲမှာ ရောဂါရှိတဲ့သူတွေရော ကြုံဖူးပါသလား။

A: ကြုံဖူးပါတယ်။ တချို့ အသက်ကြီးတဲ့ အဖွားကြီးတွေဆို အားကစားလုပ်နေရင်း ဆီးတွေဘာတွေတောင် မထိန်းနိုင်တာမျိုးထိ ကြုံဖူးပါတယ်။ နှလုံးရောဂါ ရှိတဲ့သူဆိုရင်လည်း ကစားသင့်ပါတယ်။ ဒီ နှလုံးကြံ့ခိုင်မှုအတွက် လှုပ်ရှားမှုကို ဖြည်းဖြည်းနဲ့ ကြံ့ခိုင်မှုကောင်းလာအောင် ကစားသွားလို့ ရပါတယ်။ Heavy တော့ ကစားလို့ မရပါဘူး။ Circuit Training လို့ခေါ်တဲ့ ကစားနည်း တစ်ခုပြီးတစ်ခု ဆက်ပြီးသွားတဲ့ဟာမျိုးတွေတော့ လုပ်လို့ မရဘူး။ သူ့ရဲ့ အခြေအနေကို ကြည့်ရမယ်၊ ဖြည်းဖြည်းချင်းနဲ့ ကစားနိုင်မယ့် exercise လေးတွေ၊ နှလုံးကို ပိုပြီး ကြံ့ခိုင်လာနိုင်မယ့် နည်းတွေပေးသွားရပါတယ်။ အဲ့လိုနှလုံး ရောဂါရှိသူတွေကိုလည်း train ပေးဖူးပါတယ်။ နောက်ပြီး တချို့က ကျတော့ အကြောမသန်လို့ လာကစားတာလည်း ကြုံဖူးတယ်၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကစားကြတဲ့လူတွေ တော်တော်များများနဲ့ ကြုံဖူးပါတယ်။ ဒီလိုလူတွေ အတွက် trainers တွေအနေ နဲ့ ချင့်ချိန်ပြီး လုပ်တတ်ဖို့ လိုပါတယ်။

Q: အားကစားသမားတွေ Steroids သုံးစွဲမှု အပေါ် ဆရာ ဘယ်လိုမြင်ပါသလဲ။

A: Steroids တွေ သုံးတာကိုတော့ အားမပေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အဆင့်မှီ ပြိုင်ပွဲတွေ ပြိုင်ဖို့ ကြိုးစားနေတဲ့ အားကစားသမားတွေ အတွက်ကတော့ လိုအပ်ရင်လည်း လိုအပ်မှာပေါ့။ ဒါပေမဲ့ သာမန်ကစားနေတဲ့ ကလေးတွေကျတော့ ရိုးရိုး Normal Nutrition လို့ ခေါ်တဲ့ Supplements တွေလောက်ပဲ သောက်သင့်တယ်။ Whey Protein ရှိမယ်၊ Amino acids တွေ ရှိမယ်။ ပြင်းပြင်း ထန်ထန် မဟုတ်ဘဲ ပုံမှန်လောက် သုံးစွဲတာ ဘာမှမဖြစ်ပါဘူး။ ဆရာတို့ ငယ်ငယ်က အဲ့လို Supplements တွေ မရှိလို့ တောင်မှ အစားအသောက်ကိုပဲ ပုံမှန် စားလာရတာ။

Q: နောက်ထပ် အားကစားသမားတွေ သုံးတဲ့ ဆေးတွေအကြောင်းလည်း ဗဟုသုတ ရအောင် ပြောပြပေးနိုင်မလား ဆရာ။

A: ပြိုင်ပွဲနားကပ်ရင် သုံးတဲ့ ရေထုတ်ဆေး ဆိုတာရှိတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ အရည်တွေ အကုန်လုံးကို သူက ထုတ်ပစ်တယ်၊ Steroid တစ်မျိုးပါပဲ၊ ရေထုတ်လို့ရှိရင် အခု ဒီညအကြောထဲ ဆေးသွင်းတယ်ထား၊ တစ်ညလုံး အိပ်ဖို့ မစဉ်းစားနဲ့၊ ဆီးတွေတစ်ညလုံးသွားလိမ့်မယ်၊ မနက်ရောက်ရင် အကြောတွေ ပြောင်းပြောင်းထပြီး Muscle နဲ့ Skin ကြားမှာရှိတဲ့ အရည်တွေပါထွက်တာ၊ ဒီတော့ အကြောတွေပေါ်လာမယ်၊ ကြွက်သားနှစ်ခုမှာ Cutting လေးရှိတယ်၊ အဲ့ cuff လေးမှာ ရေလေးခိုနေရင် cuff လေးက သိပ်မပေါ် ဘူး။ အဲဒီရေပါထွက်သွားရင် cuff က ပိုပေါ်လာတယ်။ နောက်ထပ် အဆီ Burn တဲ့ဆေးတွေဖြစ်တဲ့ ကလိုင်မိုတို့ ဘာတို့ ဆိုတာလည်း Steroid ပဲ။ သုံးလလောက် သုံးရတယ်။ ဒါပေမဲ့ ကျောက်ကပ်တွေ ထိတယ်။ ရေရှည်အတွက်မကောင်းနိုင်ပါဘူး။ Steroid တွေပါဆိုမှ ဘယ်သူမှ သုံးခွင့်ပြုထားတာမဟုတ်ဘူးလေ။ ဗိုက်ကနေ အဆီမဝင်အောင် ဖော်မလင် ထိုးထည့်တာလည်း ရှိသေးတယ်။ ဖော်မလင် ထည့်ရင် အဆီကျကို ကျပါတယ်။ နို့ဆီတို့ ပဲသွေးတို့ မုန့်တွေတော်တော်များများ ရေရှည်ခံအောင်လုပ်တဲ့ အစား အသောက်တွေမှာလည်း ဖော်မလင်တွေ ပါနိုင်ပါတယ်။ အက်စစ်ပျော့တစ်မျိုးပေါ့။ ကြွက်သားတွေ ကြီးထွားအောင်ထိုးတာကတော့ Testosterone တစ်မျိုးပါ။ တင်ပါးထဲကို ထိုးထည့်တာလည်း ရှိတယ်။ ခြေသလုံးသေးလို့ ခြေသလုံးထဲထိုးထည့်ထားတဲ့သူတွေမှာ ခြေထောက် ညောင်းတာ၊ ကိုက်တာ စတဲ့ ဆိုးကျိုးတွေ ရတတ်ပါတယ်။ ခန္ဓာကိုယ် changes ဖြစ်အောင် လုပ်ထားတဲ့ အရာတွေက ဆိုးကျိုးတွေ ခံရမှာပါ။

Q: Personal Trainer တစ်ယောက်ဖြစ်ဖို့ ဘာတွေ အဓိက လိုအပ်မလဲ သိချင်ပါတယ် ဆရာ။

A: Personal Trainer ဆိုတာ အမှန်က အရမ်း ကျယ်ပြန့်ပါတယ်။ International မှာ Personal Trainer တစ်ယောက်ကို ဆရာဝန် တစ်ယောက်လောက်မှ မသိရင် မရဘူး။ ဆရာဝန်တစ်ယောက်လောက် သိကိုသိရပါမယ်။ Muscles တွေ အကြောင်း သိရမယ်၊ လူရဲ့ Movement တွေအကြောင်း သိရမယ်။ လူရဲ့ Movement တွေမှာ ဘယ် Movement တွေက လုပ်သင့်တယ်၊ ဘယ် Movement တွေက မလုပ်ရဘူး၊ အဲ့တာမျိုးတွေလည်း သိရပါမယ်။ Muscles အပေါ်မှာ ဘယ်လောက် Pressure ပေးသင့်လဲ၊ ဘယ်လောက် Pressure တော့ မပေးသင့်ဘူး၊ ဘယ် Position မှာ ဘယ်လောက်ခိုင်းလိုက်ရင် Injury ဖြစ်မယ်၊ ဘယ်လိုရုန်းရင် Injury ရနိုင်တယ်၊ သူ ဘယ်လိုရုန်းရင်တော့ Injury မရနိုင်ဘူး၊ အဲ့တာတွေလည်း သေသေချာချာ သိဖို့လိုပါတယ်။ ရောဂါရှိတဲ့သူတွေဆိုရင်လည်း ပိုစဉ်းစားရပါတယ်။ Training Plan တွေကို အကောင်းဆုံး ဆွဲပေးနိုင်မှရပါမယ်။

နောက်ပြီး Personal Trainer တစ်ယောက်က သူ့ကို ငှားထားတဲ့ Client တစ်ယောက်ကို တွေ့လိုက်လို့ရှိရင် သူက ဒီနေ့ စိတ်ညစ်နေတာလား၊ ပျော်ရွှင်နေတာလား ဒါမှမဟုတ် တစ်ခုခုကြောင့် exercise လုပ်ဖို့ အဆင်မပြေဘူး ဖြစ်နေလား၊ အိမ်မှာ နေထိုင်တဲ့ပုံစံ၊ အနားယူ တဲ့ပုံစံ မှန်ကန်ရဲ့လား၊ အဲဒါတွေ အကုန်လုံးကို Personal Trainer က သိနိုင်ရမယ်၊ တစ်ခုခုမေးတိုင်း မေးတိုင်းလည်း ဖြေနိုင်ရမယ်။ International မှာ PT တွေကို ဘာကိုမေးမေးသိရမယ်ဆိုတဲ့ rule ရှိတယ်။ PT တွေအတွက်ကတော့ မတရားဘူး၊ ဘာလို့လဲဆိုတော့ ဆေးပညာ အကြောင်းမေးရင်လည်း သိရမယ်။ ဥပမာ – Client က ဒီနေ့ ဘယ်ကြွက်သားက နာနေတယ်၊ အဲ့တာ ဘာဖြစ်လို့လဲ၊ ဗိုက်အောင့်နေတယ် ဘာလုပ်ရင် ကောင်းမလဲ၊ အဲလိုမျိုးတွေ အမြဲမေးနိုင်ပါတယ်။ နောက်ထပ် လူမှုရေးနဲ့ ပတ်သက်တာလည်းမေးတယ်၊ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း တစ်ခါတလေကျရင် ဒီဟာက ဒီလိုဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတာလည်း မေးတယ်။ ဒါကြောင့် PT တစ်ယောက်အနေနဲ့ အကုန်လုံး လိုက်လေ့လာထားမှ ရပါမယ်။ ဘာကိုမှ အားလုံး အရမ်း ကျွမ်းကျင်နေအောင် မသိဘူးဆိုရင်တောင် နှံ့နှံ့စပ်စပ်တော့ အကုန်သိကို သိနေရပါတယ်။ မသိရင် PT လုပ်လို့ မရပါဘူး။ အဲ့တာကြောင့်လည်း Personal Trainer ရဲ့ Service တွေမှာ သူတို့ရဲ့ ငွေကြေးနှုန်းက နိုင်ငံခြားမှာဆို အရမ်း ဈေးကြီးပါတယ်။ ဒီမှာလည်း ဈေးကြီးပေမယ့် စောစောကပြောခဲ့တာတွေလောက်ထိ တာဝန်ယူနိုင်တဲ့ Personal Trainer တွေ တအားကို ရှားပါတယ်။

Q: Personal Trainer နဲ့ Class Instructors မှာ ဘာတွေကွာလဲ သိချင်ပါတယ် ဆရာ

A: Personal Trainer နဲ့ Class Instructors ဆိုပြီး Gym မှာ နှစ်မျိုးရှိတယ်။ Personal Trainer က တစ်လိုင်း၊ Class Instructors က တစ်လိုင်းပါ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ Personal Trainer တွေက Class တွေရဲ့ Certificates တွေ ယူပြီးတော့ ပြန်ပြတာလည်း ရှိတယ်။ Personal Trainer အတော် များများကတော့ One-One ပြတာများတယ်။ တစ်ယောက်-တစ်ယောက်ချင်း ကို Service ပေးပြီးတော့ လုပ်ရတာကိုပဲ လုပ်ကြတယ်။ Personal Trainer Certificate ရဖို့က အရမ်းခက်တယ်။ Class Instructors တွေရဲ့ Certificates က လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ Personal Trainer က စာမေးပွဲတွေ အများကြီး ဖြေရတယ်။ Class Instructor ရဲ့ ပုံစံက Group exercise instructor ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူက Group လိုက်ကိုပဲ train တယ်၊ Personal train တာနည်းတယ်။ သူတို့က PT လောက် သိစရာ မလိုဘူး၊ ဒီ class ကို တစ်နာရီ train မယ်၊ exercise တွေကို plan လုပ်မယ်၊ ဘယ်နှကြိမ် ဘယ်နှစ်ကျော့ ဘာလုပ်မယ် plan ဆွဲပြီးရင် လုပ်နိုင်တဲ့လူကလုပ်မယ်၊ မလုပ်နိုင်တဲ့ လူကရောင်နေမယ်။ Personal Trainer ကတော့ Class Instructor ထက်ပိုပြီး တာဝန်ယူမှု ကြီးပါတယ်။

Q: ဒီနေ့ခေတ်မှာ အားကစားလိုက်စားတဲ့ လူတွေများလာတာတွေ့ရပါတယ်၊ သူတို့ကိုရော ဆရာ့အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

A: ခေတ်နဲ့အညီက အားကစားနဲ့ ပတ်သက်ပြီး လူတိုင်း Fitness အတွက် ကစားကြတာက ဆရာတို့နိုင်ငံက ပြောရမယ်ဆိုရင် နည်းနည်းတော့ နောက်ကျတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်လဲဆိုတော့ ဖွံ့ဖြိုးတိုးတက်လာတဲ့နိုင်ငံတွေမှာ လူတွေ Gym ကစားလာကြတယ်။ ဒီနိုင်ငံမှာလည်း Fitness Centres တွေ တအားများလာတဲ့ အခါမှာ ဘာဖြစ်လာလဲဆိုတော့ လူတွေက ပိုဝလာတယ်။ ဘာကြောင့် ပိုဝလာလဲ ဆိုတော့ Gym မှာ အဆီ burn ချင်လို့၊ ခန္ဓာကိုယ် လှချင်လို့၊ သန်စွမ်းချင်လို့ ကျန်းမာရေးအရ ကြံ့ခိုင်ချင်လို့၊ Muscle Building ဖြစ်ချင်လို့ အဲ့လို့ အမျိုးမျိုးနဲ့ ကစားကြတဲ့အခါ အချိန်တွေပေးတာ တအားများတယ်။ Selfie လေး ဆွဲမယ်၊ ဟိုဟာလေး လုပ်လိုက်၊ ဒီဟာလေး လုပ်လိုက်နဲ့။ အမှန်က exercise တစ်ခုကို အချိန်တစ်ခု သတ်မှတ်ပြီး သေသေချာချာ ပြင်းပြင်းထန်ထန် ကစားမှ effect ရမှာ။ အဲလို မဟုတ်ဘဲနဲ့ ဟိုဟာ နည်းနည်းလုပ်၊ ဒီဟာ နည်းနည်းလုပ်နဲ့ အချိန်အကြာကြီးပေးပြီး ကစားနေတာက လူကို energy ပိုထွက်စေပြီး ပိုဝစေပါတယ်။ အဲဒီတော့ Gym မှာ တစ်နှစ် ကစားလည်းမပိန်ဘူး၊ နှစ်နှစ်ကစားလည်း ဒီကိုယ်လုံးက ဒီကိုယ်လုံးပဲ၊ အဲ့လိုလူတွေ Gym တိုင်းမှာ အများကြီး ရှိပါတယ်။ Gym တွေများလာတဲ့အခါ လူမှုဆက်ဆံရေးတွေလည်း ပိုကောင်းလာကြတယ်။ ကစားပြီးရင် အုပ်စုလိုက်ကြီး အတူ သွားစားကြတာနဲ့ အဲ့အခါမှာ ပိုဝလာကြတယ်။ အားကစားအတွက် Gym မှာ သေချာ အချိန်ပေးပြီး ကစားတာမျိုး မဟုတ်တော့ဘဲနဲ့လေ အပိုအလုပ်တွေ လုပ်နေသလို ဖြစ်ပြီးတော့ ပိုပို ဝလာကြတယ်။ လိုရင်း မရောက်တော့ဘူး။ ဒါကြောင့် အချိန်သတ်မှတ်ပြီး သေချာ ကစားစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။
ထူးဒါလီကိုကို တွေ့ဆုံမေးမြန်းသည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *