အားဆေး ပုံမှန်သောက်ဖို့ လိုအပ်ရဲ့လား

ကျွန်မတို့ အစားအစာတွေ နေ့စဉ် မှီဝဲ စားသောက်နေတာဟာ ခန္ဓာကိုယ်ကြီး ကျန်းမာဖို့၊ သန်စွမ်းဖို့၊ ခုခံစွမ်းအားတွေ ကောင်းမွန်ပြီး ရောဂါဘယတွေကို ကင်းဝေးစေဖို့ပါ။ ဒါပေမဲ့ ကျွန်မတို့ စားသောက်လိုက်တဲ့ အစားအသောက် တိုင်းက ကျန်းမာရေးနဲ့ ညီညွတ်တာ မျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ သင် က ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ နေထိုင်စားသောက်တယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေ အားလုံးကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို စုံလင်အောင် ဖြည့်ဆည်းနိုင်ဖို့ ဖြည့်စွက်အားဆေးတွေ သောက်သုံးဖို့ လိုအပ်လာပါတယ်။

ဗီတာမင် ဘီအုပ်စု
ဗီတာမင်ဘီကို အရေပြားဆဲလ်တွေ အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ် တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာ ကိုယ်မှာ ဗီတာမင်ဘီအုပ်စုချို့တဲ့ပါက အ ရေပြားခြောက်သွေ့တာ၊ ယားယံတာနဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာတွေကို ဖြစ်စေပါတယ်။ ဗီတာမင်ဘီ-၆ ချို့တဲ့ပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါ တယ်။ လေ့လာမှုတွေအရ ဗီတာမင်ဘီ-၆ ချို့တဲ့တာကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်း မှုတွေ ဖြစ်ပွားစေပြီး နှလုံးရောဂါဖြစ်စေ တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် အရိုး အဆစ်ရောင်ရမ်းတာကို ဖြစ်စေပြီး အဆစ် တွေကို ပျက်စီးစေပါတယ်။ နေလောင် တာကို ကာကွယ်ဖို့အတွက် ဗီတာမင် ဘီ-၆ ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပေးနိုင်ပါတယ်။ ဗီတာမင်ဘီအုပ်စုကို ကြက်သား၊ ဥအမျိုးမျိုး၊ ဗီတာမင် ဖြည့် စွက်ထားတဲ့ ကောက်နှံကွေကာ၊ အမဲ သား၊ ဟင်းသီးဟင်းရွက်နဲ့ ငါးကနေ ရရှိနိုင် ပါတယ်။

ဇင့်
ဇင့်က အစာချေဖျက်မှုမကောင်းတဲ့ ဝေဒနာတွေကနေ ကင်းဝေးစေပါတယ်။ ဇင့်ဓာတ်က အစာအိမ်ထဲမှာ အစာချေဖျက် ဖို့အတွက် အက်စစ်အလုံအလောက်ထွက် ရှိအောင် လှုံ့ဆော်ပေးပါတယ်။ ခန္ဓာကိုယ် မှာ ဇင့်ဓာတ်ချို့တဲ့ပါက ခုခံအားလျော့နည်း ပြီး ပါးစပ်အနာဖြစ်တာ၊ အအေးမိတာ၊ ပိုးမွှားတွေ ကူးစက်ခံရတာ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဇင့်ဓာတ်ချို့ တဲ့ပါက စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာ တွေ ခံစားရနိုင်သလို မျက်နှာမှာ ဝက်ခြံ ပေါက်တာ၊ နှင်းခူရောဂါ၊ ဆိုရီယေးစစ်အ ရေပြားရောဂါတွေလည်း ဖြစ်ပွားနိုင်ပါ တယ်။ ခန္ဓာကိုယ်မှာ ဇင့်ဓာတ်အလုံအ လောက်ရှိပါက သင့်အသားအရေလှပစို ပြည်ပြီး လူကြားထဲမှာ ထင်ပေါ်နေစေပါ တယ်။ တစ်ခါတစ်ရံမှာ မိတ်ဆွေတစ် ယောက်နဲ့ လမ်းမှာ ဆုံတွေ့တဲ့အခါ နာ မည်မေ့နေတာမျိုး၊ နာမည်သိပြီး အဲဒီ မိတ်ဆွေရဲ့ မျက်နှာကို ပုံဖော်မရတာ မျိုးတွေ ကြုံဖူးမှာပါ။ ဇင့်ဓာတ်က သင့် မှတ်ဉာဏ်တွေ ကောင်းမွန်စေတာကြောင့် ဒီလိုဒုက္ခတွေကနေ ကင်းဝေးစေပါ တယ်။ လူတစ်ဦးနဲ့တစ်ဦးမတူဘဲ တချို့ တွေက ချွေးနံ့အရမ်းပြင်းတတ်ပါတယ်။ နေပူလို့ ချွေးထွက်လာတာနဲ့ ဘေးလူတွေ အနံ့မခံနိုင်လောက်အောင် နှာခေါင်းရှုံ့ ချင်စရာအဖြစ်မျိုးတွေ ဖြစ်ရတာက သင့် ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့နေတာ ကြောင့်ပါ။ ကြီးထွားမှုနှေးကွေးတာ၊ အ စာစားချင်စိတ်မရှိတာ၊ အရေပြားပေါ်မှာ အနာတွေပေါက်ပြီး အနာကျက်နှေးတာ၊ ဆံပင်ကျွတ်တာ၊ ခံတွင်းပျက်ပြီး အနံ့မ ရတာ၊ အမျိုးသားတွေမှာ ဟော်မုန်းထုတ် လုပ်မှုမညီမျှတာ ဒီလိုလက္ခဏာတွေ ဖြစ်နေရင်တော့ ဇင့်ဓာတ်ချို့တဲ့နေတာ ကြောင့်ပါ။ ဇင့်ဓာတ်ကို အသား၊ မြေပဲ၊ ပဲနွယ်ပဲညွန့်၊ ကမာကောင် စတာတွေက နေ ရရှိနိုင်ပါတယ်။ ဒါကြောင့် သင်စားတဲ့ အစားအသောက်ထဲကနေ ဇင့်ဓာတ်ကို လုံလုံလောက်လောက်မရရှိပါက ဖြည့် စွက်သောက်သုံးဖို့ လိုပါတယ်။

ဗီတာမင် အီး
ဗီတာမင် အီးက အင်တီအောက်ဆီး ဒင့် တစ်မျိုးဖြစ်ပြီး အမျိုးသမီးတွေအ တွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ပါ။ အ လှအပမက်မောတတ်တဲ့ အမျိုးသမီးတွေ အတွက် ဗီတာမင်အီးက အလှတရားတွေ၊ နုပျိုမှုတွေပေးစွမ်းနိုင်ပါတယ်။ အရွယ်မ တိုင်မီ အိုမင်းရင့်ရော်တာ၊ အသားအ ရောင်ပြောင်းလဲတာ၊ အရေးကြောင်းဖြစ် ပေါ်တာတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ဗီတာမင်အီးက သွေးကြော နံရံတွေမာကျောမှုကို လျော့နည်း စေတာ ကြောင့် နှလုံးနဲ့ သွေးကြောဆိုင်ရာရော ဂါတွေ၊ သွေးလွှတ်ကြောပိတ်ဆို့မှု ကြောင့် ခြေထောက်နာကျင်တာ၊ သွေးဖိ အားများတာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ ခန္ဓာကိုယ်တွင်းမှာ ဗီတာမင်အီးလုံလောက် စွာရှိနေရင် ကိုယ်ဝန်ဆိပ်တက်တာမဖြစ် အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဒါ့အပြင် ဓမ္မတာမလာမီအကြိုဝေဒနာ ခံ စားရတာ၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲ တာနဲ့ မီးယပ်သွေးမဆုံးမီ ခံစားရတဲ့ဝေဒ နာတွေကိုလည်း သက်သာပျောက်ကင်း စေပြီး ရင်သားကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဗီတာမင်အီးက လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သား တွေကို အမြန်ဆုံးပြန်လည်အားပြည့် သန်မာစေတာကြောင့် အားကစားသမား တွေအနေနဲ့လည်း လုံလောက်စွာဖြည့် စွက်ဖို့ လိုအပ်ပါတယ်။ ဗီတာမင်အီးက အမျိုးသမီးတွေရဲ့ Sနထ ကိစ္စ၊ မျိုးဆက် ပွားများမှုတွေနဲ့လည်း ဆက်စပ်မှုရှိပါ တယ်။ ဗီတာမင်အီးချို့တဲ့ပါက ဟော် မုန်းတွေမညီမမျှဖြစ်ပြီး သားဥကြွေတာ ကို ပုံမမှန်ဖြစ်စေပါတယ်။ သားဥကြွေတာ ပုံမမှန်ပါက သားသမီးရရှိဖို့ ခက်ခဲတတ်ပါ တယ်။ ဗီတာမင်အီးကို သစ်သီး၊ ဟင်းသီး ဟင်းရွက်နဲ့ အစေ့အဆန်တွေကနေ ရရှိ နိုင်ပေမယ့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် အီးပမာဏရရှိဖို့အတွက် လိုအပ်ပါက ဖြည့်စွက်သောက်သုံးပါ။

ဗီတာမင် စီ
ခန္ဓာကိုယ်မှာ ဗီတာမင်စီ ချို့တဲ့ပါက အရေပြားကို တင်းရင်းစေတဲ့ ကော်လာ ဂျင်တွေ လျော့နည်းပြီး အသားအရေ လျော့ရိလျော့ရဲ ဖြစ်လာပါတယ်။ ဗီ တာမင်စီက ခန္ဓာကိုယ်ခုခံအားကို မြင့်မား စေတာကြောင့် အအေးမိနှာစေးတုပ်ကွေး ဖြစ်တာတွေကို တွန်းလှန်ကာကွယ်နိုင်ပါ တယ်။ ဗီတာမင်စီက ကင်ဆာရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ လေဖြတ်တာနဲ့ တခြားရောဂါတွေကို ကုသရာမှာ အ ထောက်အကူဖြစ်စေပါတယ်။

ဆီလီနီယမ်
အင်တီအောက်ဆီးဒင့်အာနိသင်ရှိ တဲ့ ဆီလီနီယမ်က အရေပြားဆဲလ်တွေ နေ လောင်တာကြောင့် ပျက်စီးမှုတွေကို ပြန် လည်ပြုပြင်ပေးပြီး အရေပြားကင်ဆာမ ဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆီး ကျိတ်ကင်ဆာ၊ အစာဟောင်းအိမ်ကင် ဆာ၊ အဆုတ်ကင်ဆာရောဂါတွေကို လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီ လီနီယမ်ကို အုတ်ဂျုံ၊ ကွေကာ၊ ပင်လယ် စာ၊ ကြက်သွန်ဖြူနဲ့ ဥအမျိုးမျိုးကနေ ရရှိ နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့ တိုက်မိခင်တွေမှာ ဆီလီနီယမ်ဓာတ် ပိုမို လိုအပ်တာကြောင့် ဖြည့်စွက်သောက်သုံး ဖို့ လိုပါတယ်။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *