အာရုံကြောတွေမပျက်စီးအောင် ဘယ်လိုအလေ့အကျင့်ကောင်းတွေ မွေးမြူကြမလဲ

လက်နဲ့ခြေထောက်မှာ စူးခနဲ တဆစ် ဆစ်ဖြစ်တာ၊ လောင်စားသလိုမျိုး ခံစားရ တာတွေက ခန္ဓာကိုယ်ရဲ့ အစွန်အဖျားမှာ ရှိတဲ့အာရုံကြောတွေ ပျက်စီးတာကြောင့် ဖြစ်နိုင်ပါတယ်။ အာရုံကြောတွေက ကျော ရိုးမကြီးနဲ့ ဦးနှောက်တို့နဲ့ ဆက်စပ်နေပါ တယ်။ အာရုံကြောတွေ ပျက်စီးသွားခဲ့ရင် ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်အောင် ပြုပြင်နိုင်မှုမရှိပါဘူး။ ဒါကြောင့် အာရုံ ကြောတွေကို မပျက်စီးခင်မှာ ထိန်းသိမ်း ဖို့လိုအပ်ပါတယ်။ အာရုံကြောတွေ မ ပျက်စီးဖို့ဆိုရင် ဆေးဝါးအမျိုးမျိုးသုံးစွဲပြီး ထိန်းသိမ်းနိုင်သလိုပဲ တချို့နည်းလမ်း တွေကလည်း ထိရောက်မှုရှိပါတယ်။

ဆီးချိုသွေးချိုကို ပုံမှန်ဖြစ်အောင်ထိန်းပါ
ဆီးချိုသွေးချိုရောဂါရှိနေပါက သွေးတွင်းသကြားဓာတ်ကို ပုံမှန်တည် ငြိမ်နေအောင် ထိန်းဖို့လိုပါတယ်။ သွေး တွင်းသကြားဓာတ်ကို မထိန်းနိုင်ပါက ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောတွေ ပျက်စီးနိုင်ပါတယ်။ သွေးတွင်းသကြား ဓာတ်တွေများနေတဲ့အခါ အစွန်အဖျားမှာ ရှိတဲ့ အာရုံကြောတွေ ပျက်စီးတာကြောင့် ခြေထောက်၊ လက်မောင်းနဲ့ လက်ဖျား တွေမှာ ထိခိုက်နိုင်ခြေများပါတယ်။

ဗီတာမင်ဘီအုပ်စု ကြွယ်ဝတာတွေစားသုံးပါ
ဗီတာမင် ဘီအုပ်စုက အာရုံကြော တွေရဲ့လုပ်ငန်းဆောင်တာတွေ လုပ် ဆောင်နိုင်ပြီး ကျန်းမာစေပါတယ်။ ဒါ ကြောင့် ဗီတာမင် ဘီကြွယ်ဝတဲ့ အစာ တွေကို ပုံမှန်စားသုံးတဲ့အစားအစာထဲမှာ ပါဝင်အောင်စားသင့်ပါတယ်။ နို့နဲ့ နို့ထွက် ပစ္စည်း၊ ဥအမျိုးမျိုး၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ငါး စတာတွေအပြင် ဗီတာ မင် ဘီ ဖြည့်စွက်ထားတဲ့ကွေကာ စတာ တွေ စားသုံးပြီး ဗီတာမင် ဘီ ရယူပါ။

ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင် ထိန်းပါ
ကိုယ်အလေးချိန် ပုံမှန်ထက် တက် တာများလာခဲ့ရင် ကိုယ့်ဘာသာကိုယ် တောင် ယုံကြည်မှုလျော့နည်းလာတတ်ပါ တယ်။ ဒါတင်မကသေးပါဘူး ကျန်းမာ ရေး ပြဿနာတွေလည်း အများကြီးဖြစ် လာနိုင်ပါသေးတယ်။ အဝလွန်တာ ကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ များပြီး ဆီးချိုသွေးချိုရောဂါရှိသူတွေ သွေးတွင်းသကြားဓာတ် မထိန်းနိုင်ပါက အာရုံကြောတွေ ထိခိုက်ပျက်စီးစေနိုင်ပါ တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အသောက်တွေ စားသုံးတာ၊ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်လုပ်တာတွေ ပြုလုပ်ပြီး ကိုယ်အလေးချိန် ပုံမှန်ဖြစ် အောင် ထိန်းပါ။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေက အာရုံကြောတွေ ကျန်းမာအောင် ထိန်း ထားနိုင်ပါတယ်။ လေ့ကျင့်ခန်းကို တစ် နေ့နာရီဝက်နဲ့ တစ်ပတ် ၅ ရက် ပုံမှန် လုပ်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို လည်း ပုံမှန်ထိန်းထားနိုင်တာကြောင့် အာရုံကြောတွေ ကျန်းမာနေစေမှာ ဖြစ်ပါ တယ်။ လမ်းလျှောက်တာ၊ အပင်စိုက်ပျိုး တာ၊ ကခုန်တာ၊ စက်ဘီးစီးတာ၊ ရေကူး တာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ
သင်က ဆေးလိပ်သောက်တတ်သူ တစ်ယောက်လား။ ဆေးလိပ်က အာရုံ ကြောတွေကို အမှန်တကယ် ပျက်စီးစေ နိုင်ပါတယ်။ အာရုံကြောတစ်ခုတည်းလား ဆိုရင် မဟုတ်သေးပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးအတွက် ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေတာပါ။ ဒါကြောင့် ဒီနေ့ကစလို့ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် နောက်မ ကျသေးပါဘူး။

အရက် အလွန်အကျွံ မသောက်ပါနဲ့
သင်က အရက်ကြိုက်တတ်သူတစ် ယောက်ဖြစ်နေမယ်ဆိုရင်တောင် အရက် ကို အလွန်အကျွံ မသောက်မိအောင် ထိန်းရပါမယ်။ ဆေးလိပ်ရော အရက်ပါ အာရုံကြောတွေကို ဖျက်ဆီးတာကြောင့်ပါ။ အရက်ကို ဖြတ်နိုင်ရင် ဖြတ်ပါ။ မဖြတ်နိုင် ခဲ့ရင် အလွန်အကျွံ မသောက်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသင့်ပါတယ်။

စိတ်ဖိစီးမှုလျှော့ချပါ
မိသားစုအရေး၊ အလုပ်ကိစ္စတွေနဲ့ အမြဲတမ်း စိတ်ဖိစီးမှုခံစားနေရသူတွေ ဟာ အာရုံကြောပျက်စီးမှုကို ဦးတည်စေ ပါတယ်။ စိတ်ဖိစီးမှု အနည်းငယ်ပမာဏ က ခန္ဓာကိုယ်ကို ထိခိုက်မှုမဖြစ်စေပေမယ့် စိတ်ဖိစီးမှုတွေ အမြဲတမ်းခံစားနေရတယ် ဆိုရင်တော့ ကော်တီစောဟော်မုန်းထွက် လာပြီး အဲဒီဟော်မုန်းပမာဏများပါက အာရုံကြောတွေကို ပျက်စီးစေနိုင်ပါ တယ်။

အိပ်ရေး၀၀ အိပ်ပါ
အိပ်စက်တာက ဦးနှောက်အတွက် အလွန်အရေးကြီးပါတယ်။ ဆဲလ်အသစ် ဖြစ်ပေါ်ပြီး ဆဲလ်တွေ ရှင်သန်ဖို့အတွက် အိပ်ရေး၀၀နေရပါမယ်။ အိပ်ပျက်တာ တွေ များနေမယ်ဆိုရင် ဦးနှောက်ထဲမှာ အဆိပ်အတောက်တွေ များလာပြီး အာရုံ ကြောတွေကို တိုက်ခိုက်တာကြောင့် အာ ရုံကြောတွေ ပျက်စီးစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *