အိပ်ချိန် ၁၆ မိနစ်နည်းသွားလျှင်ပင် လုပ်ငန်းခွင်တွင် စွမ်းဆောင်နိုင်ရည်ထိခိုက်နိုင်

အိပ်ချိန် ၁၆ မိနစ်လေး နည်းသွားရင်တောင်မှ ရုံးမှာ လုပ် ငန်းစွမ်းဆောင်နိုင်ရည်ထိခိုက်သွားနိုင်တယ်လို့ လေ့လာချက်အ သစ်က ဆိုလိုက်ပါတယ်။ အိပ်ချိန်က ခါတိုင်းထက်ဆယ်မိနစ် ကျော်လောက်သွားရင်တောင် အလုပ်မှာ ဝေဖန်ပိုင်းခြားနိုင်စွမ်း ကျသွားနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းလည်းကျသွားနိုင်တယ်လို့ သုတေသီတွေက ဆိုလိုက်တာပါ။ ဒါကြောင့် အမေရိကန်ပြည် ထောင်စု တောင်ဖလော်ရီဒါတက္ကသိုလ်က သုတေသီအဖွဲ့က လုပ်ငန်းရှင်တွေ ဝန်ထမ်းကို အလုပ်တာဝန် မတန်တဆမပေးဖို့၊
အချိန်ပိုအကြာကြီး ဆင်းခိုင်းတာမျိုးမလုပ်ဖို့ တိုက်တွန်းလိုက်ပါ ပြီ။ ခေါင်းဆောင်သုတေသီဒေါက်တာဆွန်မီလီက သူကိုယ်တိုင် ကြုံတွေ့ရတဲ့အဖြစ်အပျက်ကြောင့် ဒီလေ့လာချက်ကို လေ့လာဖို့ စိတ်ကူးရလာတာပါ။ ]အိပ်ရေးမ၀တဲ့နေ့ဆိုအလုပ်လုပ်ရတာ အဆင်မပြေဘူး။ စိတ်ဖိစီးမှုတွေလည်းများလာပြီး အလုပ်လုပ် နိုင်စွမ်းလည်း ကျလာတယ်]လို့ သူက သူ့အတွေ့အကြုံကို ပြော ပြပါတယ်။

(DM, 2.5.19) ချယ်ရီ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *