အိပ်ရာဝင်ခါနီး အလွန်အကျွံ မစားသင့်သော အစားအစာများ

အစားအစာတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရှိသလို ကျန်း မာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ ကို စားပေမယ့်လည်း အစာစားတဲ့အချိန်က ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိနိုင်တာမျိုး လည်း ရှိတတ်ပါတယ်။ အစာစားမယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာစား ရုံနဲ့ မလုံလောက်ပါဘူး။ စားတဲ့အချိန်ကာလကိုလည်း သတိပြုဖို့ လိုပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေကို ညဘက်အိပ်ရာမဝင်ခင်မှာ မစားသင့်ဘူးလဲဆိုတာကို သိရှိစေဖို့ ရေးသားလိုက်ပါတယ်။

ဂျုံမုန့်များ
အုတ်ဂျုံတွေနဲ့လုပ်ထားတဲ့ ခရစ်ကာလို မုန့်တွေက ညစာ ထမင်းစားပြီးချိန်တွေမှာ စားတာထက် မနက်ခင်းစာ အဖြစ် စားသုံးတာက ပိုကောင်းပါတယ်။ ညအချိန်မှာတော့ အစာခြေ ဖို့ခက်ခဲ တတ်ပါတယ်။ သကြားဓာတ်တွေလည်း ပါဝင်နေတာကြောင့် ညဘက်အချိန်က လှုပ် ရှားမှုလည်း နည်းသွားတဲ့အခါ ခန္ဓာကိုယ်မှာ အဆီပိုတွေတက်လာပြီး ကိုယ် အလေးချိန်လည်း သိသိသာသာ တိုးလာနိုင်တာကြောင့် မစားသင့်ပါဘူး။

ဟင်းရွက်အစိမ်းစားခြင်း

ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အသီးအရွက်တွေကို ညအိပ်ခါနီးအချိန် မှာ မချက်မပြုတ်ဘဲ၊ ရေနွေးမဖြောဘဲ အစိမ်း စားတာမျိုး မလုပ်သင့်ပါဘူး။ ဒီအသီးအရွက် မှာပါတဲ့ ဒြပ်ပေါင်းတွေက ညအချိန်မှာ အစာ ခြေဖို့ခက်ခဲတာကြောင့်ပါ။ စားချင်တယ်ဆိုရင် တော့ သေချာ နူးအောင်ချက်ပြုတ်ပြီးမှစားပါ။

သခွားသီး
ကျန်းမာရေးအတွက် အကောင်းဆုံး အသီးပါပဲ။ ဒါပေမဲ့ ညနေ ၆ နာရီကျော် တာနဲ့ သခွားသီးကို များများမစားပါနဲ့။ ညနေခင်းအချိန်မှာ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းတတ်ပြီး သခွားသီးမှာပါတဲ့ ရေ ဓာတ်တွေက အထက်ကို ဆန်တက်ပြီး မအီမသာ ဖြစ်တာနဲ့ အော့အန်ချင် တာမျိုးတွေ ဖြစ်နိုင်တာကြောင့်ပါ။

ဖရဲသီး
ရေဓာတ်ပြည့်ဝတဲ့ အသီး ဖြစ်ပြီး ညနေခင်း ထမင်းစားပြီး ချိန်မှာ လုံးဝမစားသင့်ပါဘူး။ သခွားသီးလိုပဲ ရင်ထဲမှာ ပြည့်နေ သလို ခံစားရနိုင်ပြီး မအီမသာ ဖြစ်စေနိုင်တာကြောင့်ပါ။

အုန်းရည်
အုန်းရည်ကို ညဘက်မှာသောက်ရင် အစာခြေဖို့ ခက်ခဲတတ်ပြီး ညနေခင်းစား ထားတဲ့ အစားအစာတွေ အစာမကြေသ လို ခံစားရစေနိုင်ပါတယ်။ ဗိုက်ထဲမှာ ဘာ အစာမှ မရှိဘဲ သောက်လိုက်မယ်ဆိုရင် မအီမသာ ခံစားရနိုင်ပါတယ်။

မြေပဲ
မြေပဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်ပါဝင်ပါတယ်။ ဒါပေမဲ့ မြေပဲကို ညဘက်အချိန်မှာ စားရင် အစာခြေဖို့ ခက်ခဲတဲ့ပြဿနာ ဖြစ်စေနိုင်ပါတယ်။ ညခုနစ်နာရီ နောက်ပိုင်း မစားသင့်ပါဘူး။

ရေ
ရေသောက်တာက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တစ်နေ့ကို ရေအနည်း ဆုံး ၈ ဖန်ခွက်သောက်သင့်ပါတယ်။ ဒါ တွေက တစ်နေ့တာလုံးအတွက် မှန်ပေမယ့် ညအိပ်ခါနီးမှာ တော့ ရေအများကြီး မ သောက်သင့်ပါဘူး။ မကြာခဏ ဆီးထသွား ရတာကြောင့် အိပ် ပျက်စေနိုင်ပါတယ်။ အထူးသဖြင့် အသက် ကြီးသူတွေ ပိုမိုသတိ ထားသင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal