အိပ်ရေးမ၀သည့်ကလေးများ အ၀လွန်ကာ နှလုံးရောဂါနှင့်ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများ

လုံလောက်စွာအိပ်စက်မှုမရှိတဲ့ ကလေးတွေဟာ ၅၈ ရာ ခိုင်နှုန်းပိုပြီး အ၀လွန်နိုင်ခြေများတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ မွေးကင်းစကနေ အသက် ၁၈ နှစ်အတွင်း အရွယ်တွေဟာ အိပ်ရေးမ၀ဘူးဆိုရင် ကိုယ်အလေးချိန်အလွန် အကျွံမြင့်တက်လာတတ်ပါတယ်။ ဒါဆိုရင် နှလုံးရောဂါနဲ့ဆီးချို ရောဂါတို့လို ကျန်းမာရေးပြဿနာတွေကိုပါ ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် ၁၈ နှစ်အောက်ကလေးငယ်တွေရဲ့အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့အိပ်ရေး၀၀အိပ်နိုင်ဖို့အတွက် မိဘတွေက ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ သုတေသနအဖွဲ့တွေရဲ့လေ့လာမှုအရ ၁၁ လသားအရွယ်ကနေ သုံးနှစ်သားအထိ ကလေးငယ်တွေဟာ ညစဉ် ၁၂ နာရီကနေ ၁၅ နာရီအထိအိပ် စက်လေ့ရှိပါတယ်။ အသက်လေးနှစ်ကနေ ငါးနှစ်အထိကလေး ငယ်တွေဟာ ညစဉ် ၁၀ နာရီကနေ ၁၃ နာရီ၊အသက် ၁၄ နှစ်က နေ ၁၇ နှစ်အထိ ကလေးငယ်တွေဟာ ညစဉ်ရှစ်နာရီကနေ  ၁၀ နာရီအထိအိပ်စက်ပေးသင့်ပါတယ်။  လူတွေရဲ့အစောပိုင်းဘ၀ တွေမှာ လုံလောက်စွာအိပ်စက်မှုမရှိဘူးဆိုရင် နောက်ပိုင်းအရွယ် တွေမှာ အ၀လွန်နိုင်ခြေများတတ်တယ်လို့ သုတေသီတွေက ဆို ထားကြပါတယ်။

(DM,19.4.18)  မေဇွန်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *