အိမ်ရှင်မတို့မီးဖိုချောင်အတွက် …

အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ အိမ်ထောင်ထိန်းသိမ်း မှုကိုသာမက အချက်အပြုတ်ကိုပါ နိုင် နိုင်နင်းနင်း ပြုလုပ်နိုင်ဖို့ လိုအပ်ပါ တယ်။ အောက်ပါ Tips တွေက အိမ် ရှင်မတို့ မီးဖိုချောင်အသုံးဝင်နိုင်မယ့် Tips လေးတွေပါ။

အာလူးချောင်းကြော် ကြွပ်ကြွပ်ရွရွ လှလှပပလေးဖြစ်ဖို့အတွက်
သင် အာလူးချောင်းကြော် ကြော် လိုက်တိုင်း ကြွပ်ကြွပ်ရွရွမဖြစ်ဘဲ ပျော့စိ ပျော့ဖတ်ဖြစ်နေပါသလား။ ရွှေရောင် သန်းပြီး ကြွပ်ကြွပ်ရွရွ အာလူးကြော်ရဖို့ အတွက် အောက်ပါအတိုင်းပြုလုပ်ပါ။
– အာလူးကို တစ်စင်တီမီတာအထူ လှီးပါ။
– လှီးပြီးသားအာလူးကို ရေနဲ့ဆေးပါ။
– ရေဆေးပြီးသားအာလူးကို ဆားရည် နဲ့ မိနစ် ၃၀ ခန့် ပြုတ်ပါ။
– ပြီးရင် ရေသွန်ပစ်ပြီး အအေးခံပါ။ အေးသွားရင် ရေခဲသေတ္တာထဲက ရေခဲတဲ့နေရာမှာ နာရီအနည်းငယ် ခန့်ထားပါ။
– အာလူးအေးခဲသွားရင် ရေခဲသေတ္တာ ထဲကထုတ်ပြီး ဆီပူပူနဲ့ ကြော်ပါ။
ရွှေရောင်ဝင်းတဲ့ အာလူးချောင်း ကြော် ကြွပ်ကြွပ်ရွရွလေးရရှိနိုင်ပါပြီ။

သင့်ပေါင်မုန့်မှိုမတက်ဖို့အတွက်
– သင့်ပေါင်မုန့်ကို တရုတ်နံနံပင်တစ် ခက်နဲ့အတူ ပလတ်စတစ်အိတ်ထဲထည့် ပြီး လုံအောင်ပိတ်ပါ။ ပေါင်မုန့်က နံနံပင် မှာပါဝင်တဲ့ အစိုဓာတ်တွေကို စုပ်ယူလိုက် တဲ့အတွက် မှိုမတက်ဘဲ ရေရှည်ခံနိုင်ပါ တယ်။ နံနံပင်ကလည်း အနံ့မထွက်တာ ကြောင့် ပေါင်မုန့်က သူရဲ့ မူလရနံ့အတိုင်း ရှိနေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်အရောင်အတိုင်းရှိ နေဖို့အတွက်
ဟင်းသီးဟင်းရွက်တွေကို ချက် လိုက်တဲ့အခါမှာ သူတို့ရဲ့ မူလအရောင် တွေ ပြောင်းလဲသွားပါတယ်။
– မူလအရောင်အတိုင်း ကျန်ရှိနေ အောင် သူတို့ကိုမချက်ပြုတ်ခင်မှာရှောက် သီးစိတ်နဲ့ပွတ်ပေးပါ။ မူလအရောင်အ တိုင်း ကျန်ရစ်နိုင်ပါတယ်။ အထူးသဖြင့် မုန်လာဥနီနဲ့ ငရုတ်ပွအနီလိုမျိုး အနီ ရောင် ဟင်းသီးဟင်းရွက်တွေအတွက် ပိုမိုအသုံးဝင်နိုင်ပါတယ်။
ရှောက်ရည်မှာ ပါဝင်တဲ့ ဖလေဗို နွိုက်က ပန်းသီး၊ စတော်ဘယ်ရီလိုမျိုး တချို့ သစ်သီးတွေရဲ့အရောင်ကို ထိန်း ထားနိုင်စွမ်းရှိပါတယ်။

အငန်ဓာတ်များသွားတဲ့ဟင်းအတွက်
သင် ချက်ပြုတ်လိုက်တဲ့ဟင်းချိုရည် မှာ ဆားထည့်တာ များလွန်းသွားရင် စိတ်မပူပါနဲ့။
– အာလူးတစ်လုံးကို အခွံခွာပြီး သေး သေးတုံးကာ အဲဒီဟင်းချိုရည်ဆူဆူထဲ ထည့် လိုက်ပါ။ အာလူးက ဟင်းထဲမှာ ပါဝင်နေတဲ့ ပိုလျှံနေတဲ့ဆားတွေကို စုပ် ယူသွားနိုင်ပါတယ်။

အသားဟင်း အလွယ်တကူနူးအိစေဖို့ အတွက်
အသားဟင်းကို နူးအိအောင် ချက် နိုင်ဖို့ လွယ်ကူလှတာမဟုတ်ပါဘူး။ တစ် ခါတလေ မချက်တတ်ရင် ရော်ဘာလို မာပြီး ပါးညောင်းတဲ့အထိ ဝါးရပါတယ်။ အောက်ပါနည်းလမ်းကို အသုံးပြုပါ။
– အသားကို သန့်စင်အောင် ဆေး ကြောပြီး သူ့အပေါ်မှာ မုန့်ဖုတ် ဆော်ဒါဖြူးပြီး ပွတ်ပေးပါ။
– မုန့်ဖုတ်ဆော်ဒါနဲ့ နှပ်ထားတဲ့အ သားကို ရေခဲသေတ္တာထဲက ရေခဲ တဲ့နေရာမှာ လေးနာရီလောက် ထည့်ထားပါ။
– မိုက်ခရိုဝေ့ဖ်နဲ့ dန်မသျအ ပြန်လုပ်ပြီး မုန့်ဖုတ်ဆော်ဒါတွေ ကုန်စင်အောင် ရေနဲ့ ပြန်လည်ဆေးကြောပါ။ မုန့် ဖုတ်ဆော်ဒါက အသားမှာပါတဲ့ ပရိုတင်းတွေကို ဖြိုခွဲနိုင်တဲ့အတွက် အသားနူးအိလွယ်သွားနိုင်ပါတယ်။

ရေခဲတုံးအမြန်လိုချင်သူတွေအတွက်

ရေခဲသေတ္တာထဲက ရေခဲတုံးအမြန် ခဲစေချင်ရင်
– ရေနွေးဆူဆူကို ရေခဲပြုလုပ်မယ့် ခွက်ထဲထည့်ပြီး ရေခဲတဲ့နေရာမှာ ထား လိုက်ပါ။ ရိုးရိုးသာမန်ရေထည့်တာထက် ရေခဲခဲနှုန်း ပိုမြန်နိုင်ပါတယ်။

အမြဲတမ်းဓားထက်ထက် လိုချင်သူ တွေအတွက်
ဓားတွေကို အသုံးပြုဖန်များလွန်းရင် ဓားတုံးသွားနိုင်ပါတယ်။ အမြဲတမ်းဓား ထက်ထက်ဖြစ်လိုရင် ..
– ဓားတွေကို သစ်သားဗီဒိုထဲ သိမ်း ထားပါ။ ဒါမှမဟုတ် သံလိုက်ပေါ်မှာ တင်ထားပါ။
– ဓားကို မှန်၊ မာဘယ်လ် ဒါမှမဟုတ် ကြွေပြားပေါ်မှာ တင်မလှီးပါနဲ့။
– အသုံးပြုပြီးပြီးချင်း ရေဆေးကြော ကာ ခြောက်သွေ့အောင် ထားတာ က ဓားမတုံးအောင် ကူညီပေးနိုင်ပါ တယ်။

တူးခြစ်သွားတဲ့အိုး သန့်စင်စေဖို့အတွက်
မီးဖိုပေါ်မှာ ဟင်းအိုးတင်ထားတာ ကို မေ့သွားတာကြောင့် ဟင်းပျက်စီးနိုင် သလို ဟင်းအိုးလည်း တူးသွားနိုင်ပါ တယ်။ တူးခြစ်သွားတဲ့အိုးကို ပြန်လည် သန့်စင်ဖို့ အခက်အခဲဖြစ်နိုင်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ကြည့်ပါ။
– သစ်သားယောက်မနဲ့ တူးနေတဲ့ချိုး တွေကို ဖယ်ရှားလိုက်ပါ။
– ပြီးရင် စားပွဲဇွန်း နှစ်ဇွန်းစာ ရှလကာ ရည်ကို ဟင်းအိုးထဲထည့်ပြီး မီးဖို ပေါ်မှာ ဆူအောင်တည်ပါ။
– ဟင်းအိုးကို မီးဖိုပေါ်ကနေချပြီး အ အေးခံပါ။
– ရှလကာရည်ကို သွန်ပစ်ပြီး ဟင်း အိုးကို ဆေးကြောလိုက်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *