အိမ်သားတွေ ကျန်းမာပျော်ရွှင်စေတဲ့ အိမ်ရှင်မတို့ လျှို့ဝှက်ချက်

ဟင်းလျာတွေ ချက်ပြုတ်ရာမှာ အောက်ပါဟင်းခတ်အမွှေးအကြိုင် တစ် မျိုးမဟုတ်တစ်မျိုး ပါဝင်အောင် ချက် ပြုတ်တတ်တဲ့ အိမ်ရှင်မတွေကြောင့် အိမ် သားတွေအားလုံး ကျန်းမာပျော်ရွှင်မှုတွေ ရစေမှာ ဖြစ်ပါတယ်။

နနွင်း
အိန္ဒိယမှာပြုလုပ်တဲ့ သုတေသန တွေအရ နနွင်းက ကင်ဆာရောဂါကို ကာကွယ်နိုင်တာ တွေ့ရပါတယ်။ လေ့လာ မှုအရ နနွင်းက တစ်သျှူးအကောင်းတွေ ထဲကို ထိုးဖောက်ဝင်ရောက်တဲ့ ကင်ဆာ ဆဲလ်တွေကိုအားပေးတဲ့ အင်ဇိုင်းကို တားဆီးရုံသာမကဘဲ ကင်ဆာကျိတ်မှာ သွေးကြောသစ်ဖြစ်ပေါ်မှုနဲ့ ကြီးထွားမှုကို တားဆီးပေးတာ တွေ့ရပါတယ်။
ပမာဏ ။ ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဝက်
အသုံးပြုပုံ ။ ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ သံလွင်ဆီ၊ နနွင်းမှုန့် လက် ဖက်စားဇွန်း တစ်ဇွန်းတို့ကို ရောပြီး ဆား အနည်းငယ်၊ ငရုတ်ကောင်း အနည်းငယ် ထည့်ကာ အပူချိန် ၃၀၀ ဒီဂရီမှာ ၂၅ မိနစ်ကြာ ချက်စားပါ။

ချင်း(ဂျင်း)
ချင်း (ဂျင်း)ကို ရှေးပဝေသဏီက တည်းက ပျို့အန်တာ သက်သာစေဖို့ အ သုံးပြုခဲ့ကြပါတယ်။ လေ့လာမှုတွေအရ ချင်း(ဂျင်း) က ပျို့အန်တာကိုဖြစ်စေတဲ့ အာရုံခံဆဲလ်တွေကို ပိတ်ဆို့တားဆီးပေး တယ်လို့ တွေ့ရပါတယ်။
ပမာဏ ။ ။ လတ်ဆတ်တဲ့ချင်း(ဂျင်း) ထမင်းစားဇွန်း တစ်ဇွန်း၊ ချင်း (ဂျင်း) ခြောက်မှုန့် လက်ဖက်စားဇွန်း တစ်ဝက်။
အသုံးပြုပုံ ။ ။ ဟင်းချက်တဲ့အခါ အ ခြောက်ခံပြီး အမှုန့်လုပ်ထားတဲ့ ချင်း (ဂျင်း) ကို ထည့်ချက်ပါ။

ပင်စိမ်း
ပင်စိမ်းမှာ အင်တီအောက်ဆီးဒင့် တွေ များစွာပါဝင်ပြီး ခုခံစွမ်းအားကို မြှင့် တင်ပေးပါတယ်။ ပင်စိမ်းမှာ ဘက်တီးရီး ယားပိုးသတ် အာနိသင်ရှိပြီး အအေးမိ တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။
ပမာဏ ။ ။ တစ်နေ့ထမင်းစားဇွန်း ၁-၂ ဇွန်း
အသုံးပြုပုံ ။ ။ ပုဇွန်ဟင်းချက်တဲ့အခါ ပင်စိမ်းရွက်ကို ကြိတ်ခြေပြီး ထည့်ချက် စားပါ။ နောက်တစ်မျိုးအနေနဲ့ စတော် ဘယ်ရီသီး၊ ပျားရည်တို့ထဲ ပင်စိမ်းထည့် ပြီး ဖျော်ရည်လုပ်သောက်နိုင်ပါတယ်။

သစ်ကြံပိုးခေါက်
ဆီးချိုသွေးချိုရောဂါကို ကုသနိုင်တယ်
အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ မှာ အင်ဆူလင်ဟော်မုန်း အထွက်နည်း တာ၊ ဒါမှမဟုတ် ရှိနေတဲ့အင်ဆူလင်က သူရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ သွေး တွင်းသကြားဓာတ်နဲ့ ဟော်မုန်းတွေကို လိုအပ်တဲ့နေရာဆီပို့ဆောင်ဖို့ ခက်ခဲနေ တတ်ပါတယ်။ လေ့လာမှုတွေအရ သစ် ကြံပိုးခေါက်ထဲမှာ ပါဝင်တဲ့ဒြပ်ပေါင်းက အင်ဆူလင်ရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်အောင် ကူညီပေးတာကို တွေ့ရပါတယ်။ သစ်ကြံပိုးခေါက်က သွေးတွင်းသကြားဓာတ်ကို ၁၈-၂၉ ရာ ခိုင်နှုန်းအထိ လျှော့ချပေးကြောင်း လတ် တလောလေ့လာမှုမှာ တွေ့ရပါတယ်။
ပမာဏ ။ ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဝက် ဒါမှမဟုတ် လေးပုံတစ်ပုံ။
အသုံးပြုပုံ ။ ။ သစ်ကြံပိုးခေါက် လက် ဖက်စားဇွန်း တစ်ဝက်ကို မြေပဲထောပတ် ထမင်းစားတစ်ဇွန်းနဲ့ ရောပြီး ပန်းသီးစိတ် ကြား ညှပ်စားပါ။

ကြက်သွန်ဖြူ
သုတေသီတွေအားလုံးက ကြက် သွန်ဖြူမှာ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေတဲ့ အာနိသင်ရှိတာ တွေ့ရ တယ်လို့ မှတ်ချက်ပြုကြပါတယ်။ ကြက် သွန်ဖြူကို သုံးလ စားသုံးတဲ့အခါ သွေး တွင်းကိုလက်စထရော ၆-၁၁ ရာခိုင်နှုန်း အထိ ကျဆင်းတာကို တွေ့ရပါတယ်။ ကြက်သွန်ဖြူမှာ အင်တီအောက်ဆီးဒင့် တွေ များစွာပါဝင်ပြီး သွေးလွှတ်ကြောအ တွင်း ကိုလက်စထရောအဆီတွေ ဓာတ် တိုးတာမဖြစ်အောင် ကာကွယ်ပေးပါ တယ်။
ပမာဏ ။ ။ တစ်နေ့ ကြက်သွန်ဖြူ ၃-၅ မွှာ။
အသုံးပြုပုံ ။ ။ ဟင်းလျာချက်ပြုတ်တဲ့ အခါ ကြက်သွန်ဖြူ ထည့်ချက်ပေးပါ။

ဇာတိပ္ဖိုလ်သီး
ဇာတိပ္ဖိုလ်သီးက အရေပြားတွေဆီ ကို သွေးစီးဆင်းမှုကောင်းစေပြီး သွေးဖိ အားကို လျော့နည်းစေပါတယ်။ ခန္ဓာ ကိုယ် တစ်ခုလုံးဆီ သွေးလှည့်ပတ်စီး ဆင်းမှုကိုလည်း အားကောင်းစေပါတယ်။
ပမာဏ ။ ။ လက်ဖက်စားဇွန်း တစ်ဝက် ဒါမှမဟုတ် တစ်ဇွန်း။
အသုံးပြုပုံ ။ ။ ပန်းဂေါ်ဖီစိမ်းနဲ့ အာလူး တွေကို နူးအိတဲ့အထိ ပေါင်းပြီး ထော ပတ်ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံ၊ ကြိတ် ခြေထားတဲ့ ဇာတိပ္ဖိုလ်သီး လက်ဖက်စား ဇွန်းတစ်ဝက်တို့ကို ရောမွှေပြီးစားပါ။

လေးညှင်းပွင့်
တရုတ်တိုင်းရင်းဆေးပညာမှာ လေး ညှင်းပွင့်က ပူစေတဲ့ အာနိသင်ရှိတာ ကြောင့် အရိုးအဆစ်ရောင်ရမ်းနာကျင် တာတွေကို သက်သာစေဖို့ အသုံးပြုကြပါ တယ်။ လေးညှင်းပွင့်ထဲမှာ ပါဝင်တဲ့ ဖိုက် တိုကမ်မီကယ်တွေက အရိုးအဆစ်ရောင် ရမ်းနာကျင်မှုဖြစ်စေတဲ့ လမ်းကြောင်းကို တားဆီးပေးပါတယ်။
ပမာဏ ။ ။ လက်ဖက်စားဇွန်းတစ်ဝက် ဒါမှမဟုတ် တစ်ဇွန်း
အသုံးပြုပုံ ။ ။ လတ်ဆတ်တဲ့ မုန်လာရွက် ခွက်တစ်ခွက်စာ၊ လေးညှင့်ပွင့် တစ်ဖတ် ဖဲ့ယူပြီး ကြိတ်ခြေထားပါ၊ ဆား လက်ဖက် စားဇွန်းတစ်ဇွန်း၊ ငရုတ်ကောင်း လက် ဖက်စားဇွန်း တစ်ဇွန်း၊ သံလွင်ဆီ ထမင်း စားဇွန်း တစ်ဇွန်း၊ လေးညှင်းဆီ လက် ဖက်စားဇွန်း တစ်ဇွန်းတို့ကို ရောမွှေပြီး ခဏထားပါ။ ပြီးနောက် အရိုးအဆစ် နာ ကျင်တဲ့နေရာပေါ် ၅ မိနစ် ကြာပွတ်လိမ်း ပေးပါ။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *