အိမ်ထောင်ဖက်မှာ အသည်းရောင်အသားဝါ ဘီပိုးရှိနေရင် ဘယ်လိုလုပ်မလဲ

ချစ်သူရည်းစားတွေ အိမ်ထောင်မ ပြုခင်မှာ အသည်းရောင် အသားဝါ ဘီ ပိုး၊ စီပိုးတွေ ရှိ၊ မရှိ စစ်ဆေးထားသင့်ပါ တယ်။ နှစ်ယောက်စလုံးမှာ အသည်း ရောင်အသားဝါ ဘီပိုး မရှိဘူး၊ ဘီပိုးကာ ကွယ်ဆေးလည်း မထိုးရသေးဘူးဆိုရင် အသည်းရောင် အသားဝါ ဘီပိုးကာကွယ် ဆေးကို နှစ်ယောက်စလုံးမှာ ထိုးနှံထား သင့်ပါတယ်။ ကိုယ်လက်ထပ်မယ့် ကိုယ် ရဲ့အိမ်ထောင်ဖက်မှာ၊ ဒါမှမဟုတ် ကိုယ် ရဲ့အမျိုးသားမှာ၊ ကိုယ်ရဲ့ ဇနီးမှာ အ သည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေ ကူးစက်ရှိနေခဲ့မယ်ဆိုရင်ကော ဘယ်လို တွေ ဆက်လက်လုပ်ဆောင်သင့်သလဲဆို တာ သိရှိစေဖို့ အသည်းရောဂါအထူးကု သမားတော်ကြီး ပါမောက္ခဒေါက်တာဝင်း ဝင်းဆွေနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုယ်ရဲ့အိမ်ထောင်ဖက်မှာ အသည်းရောင် အသားဝါ ဘီပိုးရှိနေခဲ့မယ်၊ ကိုယ့်မှာတော့ဘီပိုး မရှိဘူးဆိုရင် ဘာတွေလုပ်သင့်ပါသလဲဆရာမ။
တကယ်လို့ ကိုယ်လက်ထပ်မယ့်သူ မှာ အသည်းရောင် အသားဝါ ဘီပိုး ကူး စက်နေတယ်၊ ကိုယ့်မှာတော့ မရှိဘူးဆို ရင် မရှိတဲ့သူအနေနဲ့ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ထိုးနှံ ထားဖို့လိုပါတယ်။ အသည်းရောင် အသား ဝါ ဘီပိုး ကာကွယ်ဆေးကို ၀-၁-၆ (ပထမ ဆေးထိုးပြီး တစ်လအကြာ တစ် ကြိမ်၊ ခြောက်လအကြာတစ်ကြိမ်) ဒါမှ မဟုတ် ၀-၁-၂ (ဆေးထိုးပြီး တစ်လ အကြာတစ်ကြိမ်၊ နောက်ထပ် တစ်လ အကြာတစ်ကြိမ်) စုစုပေါင်းသုံးကြိမ် ထိုး ရပါမယ်။ ကာကွယ်ဆေးထိုးလိုက်ရင် Antibody ပေါ်လာမယ်။ ခန္ဓာကိုယ်မှာ Antibody ပေါ်လာရင် အသည်းရောင် အသားဝါဘီပိုး မကူးစက်နိုင်တော့ပါဘူး။

လက်ထပ်ခါနီး ရက်ပိုင်းအလိုမှ ကိုယ်ရဲ့ အိမ် ထောင်ဖက်မှာ အသည်းရောင်အသားဝါဘီပိုး ရှိနေတာကိုသိရှိခဲ့မယ်၊ ကိုယ်ကလည်း ဘီပိုး ကာကွယ်ဆေး မထိုးနှံရသေးဘူးဆိုရင် ကိုယ့် ကို ဘီပိုးမကူးစက်နိုင်အောင် ဘာတွေလုပ် ဆောင်ဖို့လိုပါသလဲဆရာမ။
တကယ်လို့ လက်ထပ်ဖို့ ရက်ပိုင်း အလိုလောက်ရောက်မှ အိမ်ထောင်ဖက် မှာ အသည်းရောင်အသားဝါ ဘီပိုးရှိနေ တာကို သိမယ်ဆိုရင် ကိုယ့်ဆီကို ပိုးကူး စက်နိုင်ခြေများပါတယ်။ လက်ထပ်ဖို့ ရက်လည်းကပ်နေတာကြောင့် ဒီလိုအ ခြေအနေမှာ ဘီပိုး မကူးစက်အောင် ကာ ကွယ်ဖို့ဆိုရင် ဆရာမတို့ အသည်းရောင် အသားဝါဘီပိုးကာကွယ်ဆေး ထိုးပေး ပြီး Antibody ပေါ်အောင်လည်း ဆေး ထိုးပေးပါတယ်။ ဒါဆိုရင် ၂၄ နာရီအ တွင်းမှာ Antibody ပေါ်လာတဲ့အတွက် အသည်းရောင် အသားဝါဘီပိုး မကူးစက် နိုင်တော့ပါဘူး။ ဒါကတော့ အတော်များ များ လူမသိတဲ့သေးတဲ့ နည်းလမ်းပါ။
ဆရာမတို့ အသည်းဆရာဝန်တွေက လူနာတစ်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး စီစဉ်ထိုးပေးရပါတယ်။ ဒါက ကိုယ့်မှာ အသည်းရောင် အသားဝါ ဘီပိုး ရှိတယ်၊ အိမ်ထောင်ဖက်မှာ မရှိဘူး၊ အဲဒီ အိမ်ထောင်ဖက်က ကာကွယ်ဆေးလည်း မထိုးထားရသေးဘူးဆိုသူတွေအတွက် ပြောတာပါ။

အိမ်ထောင်ဖက်မှာ အသည်းရောင် အသားဝါ ဘီပိုးရှိနေတယ်၊ ကိုယ့်မှာတော့ ဘီပိုးလည်း မရှိဘူး။ အသည်းရောင်အသားဝါ ဘီပိုးကာ ကွယ်ဆေးလည်း ထိုးနှံထားဖူးတယ်ဆိုရင်ကော ကူးစက်နိုင်ပါသေးလားဆရာမ။
တကယ်လို့ ကိုယ့်အိမ်ထောင်ဖက် မှာ အသည်းရောင် အသားဝါ ဘီပိုးရှိ တယ်၊ ကိုယ့်မှာ ဘီပိုး မရှိဘူး၊ ဘီပိုးကာ ကွယ်ဆေးလည်း ထိုးထားဖူးတယ်ဆိုရင် အဲဒီလိုလူတွေမှာ Antibody ပြန်စစ်ပါ တယ်။ အဖြေမှာ Antibody က ၁၀၀၀ ကျော်နေတယ်ဆိုရင် ဘီပိုး မကူးစက်နိုင် ပါဘူး။

ကိုယ်ရဲ့အိမ်ထောင်ဖက်မှာ အသည်းရောင် အသားဝါဘီပိုးရှိနေတာကြောင့် အိမ်ထောင် သက်တစ်လျှောက်မှာ ကိုယ့်ဆီကို ဘီပိုးမကူး စက်နိုင်အောင် ဘာတွေကို သတိပြုဆင်ခြင်ဖို့ လိုအပ်ပါသလဲဆရာမ။
အိမ်ထောင်သက်တစ်လျှောက်မှာ နောက်ထပ်ပြုလုပ်ဖို့ လိုတာက Antibody စစ်လိုက်လို့ ၁၀၀၀ ကျော်ရှိနေ သေးရင် ဘီပိုး မကူးစက်နိုင်ပါဘူး။ ဒါ ကြောင့် Antibody ၁၀၀၀ ကျော်၊ မ ကျော်ဆိုတာကို စစ်ပေးနေဖို့တော့ လိုပါ တယ်။ အများအားဖြင့် Antibody ၁၀၀၀ ကျော်ရင် ငါးနှစ်လောက်တော့ ဘီပိုးမကူးစက်နိုင်ပါဘူး။ ငါးနှစ်နီးပါး လောက် ရောက်လာရင်တော့ Antibody ပြန်စစ်ပေးဖို့ လိုပါတယ်။ ကြားထဲမှာ လည်း သွေးဖောက်စစ်ရင်း Antibody ပမာဏကျနေတယ်ဆိုရင် အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေးကို Booster Dose ထပ်ထိုးပေးပါတယ်။ ဒါဆို ဘီပိုး မကူးစက်နိုင်တော့ပါဘူး။

အိမ်ထောင်တစ်ခုမှာ အမျိုးသမီးမှာ အသည်း ရောင်အသားဝါဘီပိုးရှိနေတယ်ဆိုရင် ကလေး ယူတဲ့အခါ ကလေးကို ကူးစက်နိုင်ပါသလား ဆရာမ။
တကယ်လို့ အိမ်ထောင်ဖက် အမျိုး သမီးမှာ အသည်းရောင် အသားဝါ ဘီပိုး ရှိတယ်ဆိုရင် အစောကပြောသလို အမျိုး သားကိုတော့ ကာကွယ်မှုတွေလုပ်ပါ။ အမျိုးသမီးမှာ အသည်းရောင် အသားဝါ ဘီပိုးရှိမယ်ဆိုရင်တော့ မွေးလာမယ့် ကလေးငယ်မှာ အသည်းရောင် အသား ဝါဘီပိုး ကူးစက်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်စအပ်တဲ့အချိန် က စပြီးတော့ အသည်းဆရာဝန်နဲ့ ပြသ ပြီး လိုအပ်လို့ ဆရာဝန်òန်ကြားတာတွေ ကို သေချာစွာ လိုက်နာလုပ်ဆောင်ဖို့ လိုပါတယ်။ ဆရာဝန်က စစ်ဆေးဖို့ လို တာတွေ စစ်ဆေးခိုင်းပါလိမ့်မယ်။ အ သည်းရောင် အသားဝါဘီပိုး ပျောက် ကင်းအောင် ကုသနိုင်တဲ့ဆေးမရှိသေး ဘူး။ ပိုးမပွှားအောင် ကုသနိုင်တဲ့ ဆေး တွေပဲ ရှိပါသေးတယ်။ အသည်းရောင် အသားဝါဘီပိုး မပွားတဲ့ဆေးတွေ တိုက်ဖို့ လိုအပ်ရင် တိုက်ပါမယ်။

အသည်းရောင်အသားဝါ ဘီပိုးရှိနေတဲ့မိခင် ကနေ ကလေးမွေးဖွားချိန်မှာ ကလေးဆီကို မကူးစက်နိုင်အောင် ဘာတွေလုပ်ဆောင်ထား ဖို့လိုအပ်ပါသလဲ ဆရာမ။
မွေးဖွားတဲ့အချိန်မှာ မိခင်ဆီက အ သည်းရောင် အသားဝါ ဘီပိုးက ကလေး ဆီကို ကူးစက်နိုင်ပါတယ်။ မွေးဖွားခါနီး မှာ ဘီပိုးမပွားတဲ့ဆေးလိုအပ်ရင် မိခင်ကို တိုက်ပါတယ်။ မွေးကင်းစကလေးငယ်ကို အသည်းရောင် အသားဝါ ဘီပိုး မကူး စက်အောင် Hepatitis Immunoglo-bulin ဆိုတဲ့ သွေးရည်ကြည်ထိုးပေးပါ တယ်၊ ပြီးတော့ ဘီပိုး ကာကွယ်ဆေး လည်း ထိုးပေးပါတယ်။ မွေးကင်းစက လေးကို သွေးရည်ကြည် ထိုးပေးလိုက် တဲ့အတွက် ၂၄ နာရီအတွင်း Antibody ပေါ်လာတာကြောင့် အမေကနေ ကလေး ဆီကို အသည်းရောင် အသားဝါ ဘီပိုး မကူးစက်နိုင်တော့ပါဘူး။

အသည်းရောင် အသားဝါ ဘီပိုးနဲ့ပတ်သက် ပြီး ဆရာမရဲ့ ဖြည့်စွက်အကြံပြုချက်ကိုလည်း ပြောပြပေးပါ။
အသည်းရောင် အသားဝါ ဘီပိုးက တစ်ယောက်ကနေ နောက်တစ်ယောက် ဆီကို ကူးစက်မှုတွေ အရမ်းများပါတယ်။ ကိုယ့်မှာ ဘီပိုးရှိနေတာကို မသိတာ ကြောင့်လည်း မဆင်ခြင်မိတာကြောင့် တခြားတစ်ယောက်ကို ကူးစက်သွားတာ လည်း ဖြစ်ပါတယ်။ တချို့ဆိုရင် ကိုယ့်မှာ ဘီပိုးရှိနေတာကို မသိဘူး။ အသည်း ခြောက်၊ အသည်းကင်ဆာရောဂါတွေ ဖြစ်လာတော့မှ စစ်ဆေးကြည့်လိုက်တော့ ဘီပိုးရှိနေတယ်ဆိုတာ သိရတယ်။ အဲဒီ အချိန်ရောက်မှသိရတော့ နောက်ကျသွား ပါပြီ။ ဒါကြောင့် ကြိုတင်ကာကွယ်မှုက အရေးကြီးပါတယ်။ လူတိုင်းက ဘီပိုး ရှိ၊ မရှိကို စစ်ဆေးကြပါ။ ဘီပိုးမရှိရင် ဘီပိုး ကာကွယ်ဆေးကို ထိုးကြပါ။ ဘီပိုးရှိခဲ့ရင် လည်း အချိန်နောက်မကျခင်မှာ ဆရာဝန် နဲ့တိုင်ပင်ပြီး ကုသမှုကို ခံယူပါ။

ပါမောက္ခဒေါက်တာဝင်းဝင်းဆွေ
အသည်းရောဂါအထူးကုသမားတော်ကြီး

Post Author: Good Health Journal