အိမ်ထောင်ရေးသုခရရှိစေဖို့ ဘယ်လိုဆွဲဆောင်မလဲ

အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ရေးသုခတွေမရပါက အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲက အိမ်ထောင်ရေးပြိုကွဲတဲ့အထိ တောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးသုခတွေ ရရှိစေဖို့ အောက်ပါ အချက်တွေနဲ့ ဆွဲဆောင်သင့်ပါတယ်။

(၁) တရုတ်နံနံ စားပါ
တရုတ်နံနံထဲမှာ အမျိုးသားဟော် မုန်းတက်စထရို စတီရုန်းပါဝင် တာကြောင့် အမျိုးသမီးကို ဆွဲဆောင်လိုစိတ်ဖြစ် ပေါ်ပါတယ်။ တရုတ်နံနံကို အစိမ်းအတိုင်းစားလိုက်ပါက ချွေးဂလင်းတွေကနေ အနံ့တစ်မျိုးထွက်လာပြီး အမျိုး သမီးတွေအပေါ်မှာ ဆွဲဆောင်မှုရှိစေပါတယ်။ တရုတ်နံနံ ကို အမျိုးသမီးတွေ စားသုံးပါက စိတ်ဆန္ဒဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

(၂) ငှက်ပျောသီး စားပါ
ငှက်ပျောသီးမှာ ဗီတာမင်ဘီတွေပါဝင်တာ ကြောင့် စားလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စွမ်း အင်အဖြစ်ပြောင်းလဲဖို့နဲ့ အမျိုးသားဟော်မုန်း တက် စထရိုစတီရုန်းဟော်မုန်း ထုတ်လုပ်ရာတွေမှာ ကူညီ ပေးပါတယ်။ ငှက်ပျောသီးက စိတ်ဆန္ဒဖြစ်ပေါ်မှု အတွက် အကောင်းဆုံးအစားအစာလို့ အမျိုးသမီး ကျန်းမာရေးမဂ္ဂဇင်းမှာ ရေးသားဖော်ပြထားပါတယ်။ ငှက်ပျောသီးကို လိင်ဆက်ဆံမှုမပြုမီမှာ စားသုံးထား ပါက စွမ်းအင်အလုံအလောက် ရရှိစေတယ်လို့ စာရေးသူက ရေးသားထားပါတယ်။

(၃) ဗီနီလာရနံ့ မွှေးပျံ့ပါစေ
ဗီနီလာရနံ့က အမျိုးသားတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်တယ်လို့ လေ့လာ သူတွေက ပြောပါတယ်။ လေ့လာမှုတွေ အရ ဗီနီလာရနံ့က အမျိုးသားတွေရဲ့ လိင်အင်္ဂါဆီ သွေးရောက်ရှိမှုများစေပြီး စိတ်ကျေနပ်မှုကိုလည်း ရရှိစေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အိပ်ခန်းအ တွင်းမှာ ဗီနီလာရနံ့မွှေးပျံ့နေအောင် လုပ် ထားသင့်ပါတယ်။

(၄) ချင်း(ဂျင်း) လက်ဖက်ရည် သောက်ပါ

ချင်း(ဂျင်း)က ခန္ဓာကိုယ်တွင်း သွေးလှည့် ပတ်မှုကိုကောင်းစေပြီး မျိုးပွားအင်္ဂါတွေဆီ သွေး စီးဆင်းမှု အားကောင်းစေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ပိုမိုအကျိုးသက်ရောက်မှု ရှိစေပါတယ်။

(၅) ညစာမှာ ကညွတ် စားပါ
ကညွတ်မှာ ဖောလိတ်ဓာတ်ပါဝင်ပြီး ဖော လိတ်က ဟစ္စတာမင်းထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။ ဟစ္စတာမင်းက အမျိုးသားရော အမျိုးသမီးပါ စိတ်ဆန္ဒပြီးမြောက်ရာမှာ မရှိ မဖြစ်လိုအပ်တာကြောင့် သင့်ညစာမှာ ကညွတ် ပါဝင်အောင် စားသင့်ပါတယ်။

(၆) ကမာကောင် စားပါ
ကမာကောင်မှာ ဇင့်ဓာတ်များစွာ ပါဝင်ပြီး အမျိုးသားဟော်မုန်း တက် စထရိုစတီရုန်း ထုတ်လုပ်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပန်း သေပန်းညှိုးတဲ့ အမျိုးသား တွေမှာ ဇင့်ဓာတ် ချို့တဲ့နေတတ်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ ကမာကောင်၊ ဖရုံစေ့တွေ စားသုံးပါက မျိုးပွားအင်္ဂါတွေ ကျန်းမာသန်စွမ်းစေပါတယ်။ လတ်တလော လေ့လာ မှုအရ ကမာကောင်၊ ယောက်သွားတွေမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ်နှစ်မျိုးက ခန္ဓာကိုယ်မှာ အမျိုးသားဟော်မုန်းတွေကို ထုတ်လုပ်ဖို့အားပေးပြီး စိတ်တည်ငြိမ်စေ တယ်လို့ တွေ့ရှိထားပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *