အိမ်မွေးတိရစ္ဆာန်နဲ့အတူအိပ်တာက ကျန်းမာရေးထိခိုက်လား

တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတဲ့ သူတွေအနေနဲ့ အိပ်ရာပေါ်ထိ အိမ်မွေး တိရစ္ဆာန်လေးတွေ ခေါ်တင်တာ၊ အတူ ခေါ်အိပ်တာက အထူးအဆန်းတော့ မ ဟုတ်ပါဘူး။ သုတေသနတချို့မှာ အိမ် မွေးတိရစ္ဆာန်နဲ့အတူအိပ်တာက စိတ်လုံ ခြုံမှု ရစေပြီး သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သင့်မှာ ရင်ကျပ်ရောဂါရှိ နေရင်၊ တိရစ္ဆာန်နဲ့ ပတ်သက်ပြီး အလာ ဂျီတစ်ခုခု ရှိနေရင် အိမ်မွေးတိရစ္ဆာန်လေး တွေနဲ့ အတူအိပ်လို့ မရပါဘူး။ အိပ်ခန်း ထဲကိုတောင် ထည့်ထားလို့ မရပါဘူး။ HEPA Filter ပါတဲ့ လေသန့်စက်တွေ တပ်ဆင်ထားဖို့လည်း လိုပါမယ်။ သင် နေ မကောင်းလို့ ဖျားနာနေရင်လည်း အိမ်မွေး တိရစ္ဆာန်လေးတွေကို အိပ်ရာပေါ် ခေါ်မ အိပ်ပါနဲ့။ သင့်ဆီက ရောဂါပိုးတွေ သူတို့ ဆီကို ကူးစက်နိုင်လို့ပါ။
နောက်တစ်ချက်ကတော့ သင်ဟာ ညဘက်ကောင်းကောင်းအိပ်မပျော်တတ် သူဆိုရင် အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူ မအိပ်ပါနဲ့။ တချို့က အိမ်မွေးတိရစ္ဆာန် တွေနဲ့အတူ အိပ်ရမှ အိပ်ပျော်တာ၊ စိတ် လုံခြုံမှုဖြစ်တာမျိုး ရှိပေမယ့် လူတိုင်းမှာ တော့ ဒီအတိုင်းဖြစ်ချင်မှ ဖြစ်မှာပါ။ သင် ရဲ့ အိမ်မွေးတိရစ္ဆာန်ပေါ်မှာလည်း မူတည် ပါတယ်။ သင်ရဲ့ အိမ်မွေးတိရစ္ဆာန်က သင် အိပ်ပျော်နေစဉ်မှာ သူက အိပ်ရာပေါ်မှာ လျှောက်ဆော့နေတာ၊ အိပ်ရာကို ကုတ် ခြစ်နေတာ၊ အပြင်ထွက်ချင်တာ၊ ပြန်ဝင် ချင်တာ၊ အပေါ့သွားချင်တာ စသဖြင့် ခဏ ခဏဖြစ်လာရင် သင့်အတွက် အိပ်ရေး ပျက်စေမှာပါ။
သင်ကိုယ်တိုင်မှာလည်း ကျန်းမာ ရေးကောင်းဖို့လိုပြီး အိမ်မွေးတိရစ္ဆာန်လေး တွေလည်း ကျန်းမာရေးကောင်းဖို့လိုပါ တယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဆ ရာဝန်နဲ့ ပြသစစ်ဆေးတာ၊ လိုအပ်တဲ့ ဆေးတွေထိုးတာ၊ တစ်ကိုယ်ရေသန့်ရှင်း ရေးပုံမှန်လုပ်ပေးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာကျွေးတာ၊ သန်းတွေ ကင်း စင်အောင် ဂရုစိုက်ပေးတာတွေလုပ်ဖို့ လို အပ်ပါတယ်။
အိမ်မွေးတိရစ္ဆာန်လေးတွေက သူတို့ ယုံကြည်ရတဲ့သူနဲ့ပဲ အတူအိပ်တတ်ကြ တာဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်အချင်း ချင်းဆိုရင်တောင် သူတို့ယုံလို့ရတဲ့ အ ကောင်အချင်းချင်းပဲ အတူအိပ်ကြတာ ဖြစ်ပါတယ်။ သခင်ကို အရမ်းချစ်မြတ်နိုး ကြပြီး သခင်ရဲ့ ကိုယ်ရနံ့ကို အရမ်းနှစ် သက်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အိမ် မွေးတိရစ္ဆာန်နဲ့အတူအိပ်ချင်ပေမယ့် အိပ် လို့မရရင် သူတို့အတွက် သန့်ရှင်း နွေး ထွေးတဲ့ အိပ်ရာနေရာလေးလုပ်ပေးပြီး သူ တို့စိတ်ကျေနပ်အောင် သင်ရဲ့ အင်္ကျီတစ် ထည်လောက်ခင်းပေးထားလိုက်ပါ။ သင် ရဲ့ကိုယ်ရနံ့ရနေရင် အိမ်မွေးတိရစ္ဆာန်လေး တွေက ကျေနပ်မှာပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *