အိုမီဂါအက်စစ်များ၏ ကျန်းမာရေးရာ ကောင်းကျိုးများ

အိုမီဂါ ၃ ဖက်တီးအက်စစ်က ခန္ဓာ ကိုယ်ကျန်းမာရေးအတွက်အရမ်းကို အ ကျိုးရှိတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အ ရင်တုန်းကတော့အိုမီဂါ ၃ ဖက်တီးအက် စစ်တစ်မျိုးတည်းသာအသိများပြီး အခု နောက်ပိုင်းမှာတော့အိုမီဂါ ၃ ဖက်တီး အက်စစ်အပြင် အိုမီဂါ ၆ ဖက်တီးအက် စစ်၊ အိုမီဂါ ၉ ဖက်တီးအက်စစ်ဓာတ်တွေ ကလည်း ခန္ဓာကိုယ်အတွက် အလွန် အကျိုးရှိတဲ့ဓာတ်တွေလို့ လေ့လာတွေ့ရှိ ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ကလေးငယ်တွေကိုတိုက်တဲ့ဖြည့် စွက်စာအတော်များများမှာ DHA ဆိုတဲ့ ဓာတ်တစ်မျိုး အခုနောက်ပိုင်းမှာ ပါဝင် တာကြားဖူးမှာပါ။ DHA ဓာတ်က ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်က အိုမီဂါ ၃ ဖက်တီးအက်စစ် ကရတာဖြစ်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ်

အိုမီဂါ ၃ ဖက်တီးအက်စစ်ဆိုတာ က အယ်လ်ဖာလီနိုလင်းနစ်အက်စစ် (ALA) ကနေခွဲထွက်လာတာဖြစ်ပါ တယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့အစာတွေစားလိုက်တဲ့အခါခန္ဓာကိုယ် ထဲရောက်တာနဲ့ ETA နဲ့ DHA ဆိုပြီး ဓာတ်နှစ်မျိုး ကွဲသွားပါတယ်။ အဲဒီ DHA ကိုမှကလေးတွေအတွက်နို့မှုန့် တေ Gမှာထည့်တယ်၊ ဖြည့်စွက်စာတွေမှာထည့်တာဖြစ်ပါတယ်။

ရနိုင်သော အစားအစာများ

အဲဒီဓာတ်တွေအားလုံးကခန္ဓာ ကိုယ်ကနေ မထုတ်လုပ်နိုင်တာဖြစ်တဲ့ အတွက် အဲဒီအိုမီဂါ ၃ ဓာတ်ပါတဲ့အစား အစာတွေစားပေးရမှာပါ။ အဓိကက Flaxseed Oilလို့ခေါ်တဲ့နှမ်းကြတ်ဆီ၊ ကြယ်ပဲဆီ၊ Walnut တို့လိုအစေ့အဆန် တွေ၊ Soybean လို့ခေါ်တဲ့ပဲပုပ်စေ့တို့လို နောက်ပြီး ဟင်းနုနယ်ကနေလည်း ရရှိ နိုင်ပါတယ်။ ဒါတွေကတော့အပင်က နေရတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေပေါ့ နော်။ နောက်ပြီး ငါးတွေကနေရတာလည်း ရှိပါတယ်။ အဆီများတဲ့ငါးတွေကတော့ဆယ်လမွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး စတဲ့ငါးတွေကနေရပါတယ်။ ခရု၊ ကမာ တို့လို ပင်လယ်စာတွေကနေလည်း ရပါ တယ်။

အစွမ်းသတ္တိများ

အိုမီဂါ ၃ ရဲ့ လုပ်ငန်းဆောင်တာ ကတော့ အဓိက ဦးနှောက်ရဲ့ စွမ်းအင်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းတွေအတွက် မရှိမဖြစ် အရေး ကြီးပါတယ်။ နောက်ပြီး နှလုံးအတွက် လည်း အရေးပါပါတယ်။ နှလုံးသွေး ကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေမဖြစ် အောင်ကာကွယ်ပေးနိုင်တာပေါ့နော်။ အဲဒါကြောင့်အိုမီဂါ ၃ ဖက်တီးအက်စစ်ကိုသွေးတိုးရောဂါရှိတဲ့လူနာတွေ၊ အရိုး အဆစ် နာကျင်ရောင်းရမ်းတဲ့ရောဂါရှိတဲ့ သူတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ အိုမီဂါ ၃ ကို များများစားလေလေ ခန္ဓာ ကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့အဆီတွေ ရှိနေတဲ့နှုန်းကို ကျစေပြီး ကောင်းတဲ့ ကို လက်စထရောအဆင့်ကို တက်စေပါတယ်။

အိုမီဂါ ၆ ဖက်တီးအက်စစ်

အရင်တုန်းကဆိုအိုမီဂါ ၃ ပဲရှိပေ မယ့် အခုနောက်ပိုင်းကျတော့အိုမီဂါ ၃ ရော ၆ ရောသုံးလာကြတာတွေ့ရပါတယ်။ အိုမီဂါ ၃ ရောအိုမီဂါ ၆ ဖက်တီးအက်စစ် နှစ်မျိုးစလုံးက ခန္ဓာကိုယ်ကနေ မထုတ် နိုင်တာကြောင့် အပြင်ကနေ မှီဝဲပေးဖို့ လိုပါတယ်။ ဒီနှစ်မျိုးစလုံးက မပြည့်ဝ ဆီတွေ ဖြစ်တာကြောင့်ကိုယ်ခန္ဓာ အတွက် အရမ်းအကျိုးရှိပါတယ်။

လုပ်ငန်းဆောင်တာများ

အိုမီဂါ ၆ က ဘယ်လို အရေးပါလဲ ဆိုတော့ဆဲလ်တွေရဲ့နံရံတွေဖြစ်လာဖို့အတွက် အရေးကြီးပါတယ်။ အစာစားချင် တဲ့ ဟော်မုန်းဓာတ်တွေ ဖြစ်တဲ့လက်ပ တင် ဟော်မုန်းတို့၊ ရီစစ်စတင် ဟော်မုန်း တို့ စတာတွေဖြစ်စေတဲ့နေရာမှာ အရေး ပါပါတယ်။ အဲဒါကြောင့် လူတစ်ယောက် ရဲ့ အစာစားချင်စိတ်ကောင်း၊ မကောင်း ဆိုတာအိုမီဂါ ၆ အပေါ်မှာမူတည်ပါတယ်။ နောက်ပြီး အဆီတွေကိုစုဆောင်း ထိန်း သိမ်းတဲ့ နေရာမှာလည်း သူက အရေး ကြီးပါတယ်။ အင်ဆူလင်ဟော်မုန်း ထုတ် လုပ်တဲ့နေရာမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့်တချို့လူတွေမှာ ဆိုအိုမီဂါ ၆ ဖက်တီးအက်စစ်ကို များများစားလိုက်လို့ ကိုယ်အလေးချိန်ကျသွားတာမျိုး ဖြစ် တာတွေ့ရပါတယ်။ ကြွက်သားတွေ ဖြစ် ပေါ်တဲ့နေရာမှာလည်း အဆီတွေ လုံးဝ မပါဘဲ ကျစ်လျစ်သန်မာတဲ့ကြွက်သား တွေဖြစ်စေပါတယ်။ ကလေးငယ်တွေ အတွက်ဆိုရင် f Growth Hormone လို့ ခေါ်တဲ့ ကလေးတွေကြီးထွားဖွံ့ဖြိုးတဲ့ ဟော်မုန်းတွေဖြစ်လာဖို့ ကူညီပေးနိုင်ပါ တယ်။ ကင်ဆာရောဂါတွေမဖြစ်အောင် လည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါ တယ်။အိုမီဂါ ၆ ဖက်တီးအက်စစ်ကိုအဓိ ကရရှိတဲ့ အစားအစာတွေကတော့ ကြက်သား၊ ကြက်ဥ၊ အခွံမာအစေ့အဆန် တွေ၊ ကွေကာ၊ ဂျုံ၊ ဟင်းသီးဟင်းရွက်ဆီ၊ စပျစ်သီးအစေ့ဆီ စတာတွေကနေရ နိုင်ပါတယ်။

အိုမီဂါ ၃ နှင့် အိုမီဂါ ၆ ဖက်တီး အက်စစ်များ မလုံလောက်လျှင်

အိုမီဂါ ၃ ဖက်တီး အက်စစ်သာမရှိ ခဲ့ဘူးဆိုရင် တချို့ခွဲစိတ်မှုခံယူထားတဲ့ လူနာတွေမှာဆိုရင် အနာကျက်တာ နှေး ကွေးနေတာမျိုး ဖြစ်တတ်ပါတယ်။ အိုမီဂါ ၆ မလုံလောက်တဲ့သူတွေမှာတော့ ဆံပင်ပါးတာ၊ ဆံပင်တွေခဏခဏကျွတ် တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိုမီဂါ ၆ ဓာတ်ကအလှအပအတွက် ရောကျန်းမာရေးအတွက်ပါ အရေးကြီး တဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာကအရမ်းကြီးများသွားရင် တော့အဆိပ်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။

အလွန်အကျွံသုံးစွဲမိလျှင်

စိတ်ဓာတ်ကျတဲ့ရောဂါ၊ အာရုံမစူး စိုက်နိုင်တာ၊အဝလွန်ရောဂါ၊အိပ်မပျော်တာ၊ ကင်ဆာရောဂါတွေအပြင် အရိုးနာ တာတွေဖြစ်ပါတယ်။ ဒါကြောင့်အိုမီဂါ ၆ ဖက်တီးအက်စစ်ကိုသိပ်များလွန်းတာ မျိုး၊ သိပ်နည်းလွန်းတာမျိုး မဖြစ်သင့် ပါဘူး။

နေ့စဉ်လိုအပ်သောပမာဏ

အိုမီဂါ ၃ ကတော့ တစ်နေ့ကို ၂ ဂရမ်လိုအပ်ပါတယ်။ အသက်အရွယ်နဲ့ ပြောမယ်ဆိုရင်-
– ၆ လ အောက်ကလေးတွေမှာဆို ၄ ဒသမ ၄ ဂရမ်လိုအပ်ပါတယ်။
– တစ်နှစ်အရွယ်ဆိုရင် ၄ ဒသမ ဂရမ်ဖြစ်ပါတယ်။
– တစ်နှစ်နဲ့နှစ်နှစ်ကြားအရွယ်ဆို ၇ ဂရမ်လိုပါတယ်။
– အသက်ကိုးနှစ်ကနေတစ်ဆယ့်သုံး နှစ်အရွယ်ဆို ၁၀ ဂရမ်လိုအပ်ပါတယ်။
– ၁၈ နှစ်အရွယ်ဆို ၁၁- ၁၆ ဂရမ် လိုအပ်ပါတယ်။
– အရွယ်ရောက်ပြီးသား ၁၉ နှစ် ကနေအသက် ၅၀ အရွယ် အမျိုးသား ဆိုရင်၁၇ ဂရမ်လိုအပ်ပါတယ်။
– အမျိုးသမီး ဒီအရွယ်တွေဆိုရင် တော့ ၁၂ ဂရမ်လိုအပ်ပါတယ်။
အိုမီဂါ ၃ ထဲမှာပါတဲ့ နဏဗ တို YDHA တို့က တစ်နေ့ကို ၅၀၀ မီလီဂ ရမ် မှီဝဲလို့ရပါတယ်။
အိုမီဂါ ၆ ကတော့တစ်နေ့ကို ၁၀ ဂရမ်လိုအပ်ပါတယ်။

အိုမီဂါ ၉ ဖက်တီးအက်စစ်

အိုမီဂါ ၉ ကတော့ခန္ဓာကိုယ်ထဲကထုတ်တာဖြစ်ပါတယ်။ အိုမီဂါ ၃ နဲ့ ၆ ဖက် တီးအက်စစ်တွေသာ လုံလုံလောက် လောက်ရှိမယ်ဆိုရင် ခန္ဓာကိုယ်ထဲက အ လိုလိုထုတ်လုပ်ပေးနိုင်ပါတယ်။ သူရဲ့ အဓိကလုပ်ငန်းကတော့ ကိုယ်ခံစွမ်းအား ကိုမြှင့်တင်ပေးပြီး သွေးကြောတွေကျန်း မာအောင်ပြုလုပ်ပေးပါတယ်။ အရိုးအ ဆစ်တွေကို သန်မာစေပါတယ်။ အဓိက ကတော့အိုမီဂါ ၉ ဖက်တီး အက်စစ်ကို ရရှိနိုင်ဖို့အိုမီဂါ ၃ နဲ့ ၆ ဖက်တီးအက်စစ် ကိုလုံလုံလောက်လောက် စားထားပေးရင် ရပါတယ်။
တခြား ရရှိနိုင်တဲ့အစားအစာတွေကတော့သံလွင်သီး၊ ထောပတ်သီး၊ အခွံ မာအစေ့အဆန်၊ ပဲပုပ်ဆီ၊ သံလွင်ဆီ၊ ကန်နိုလာဆီစတာတွေမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ ပါဝင်တဲ့ ပမာဏကနည်းတာကြောင့် ခန္ဓာကိုယ်ထဲမှာအဓိကအိုမီဂါ ၃ နဲ့ ၆ ရရှိထားပြီး အိုမီ ဂါ ၉ ထုတ်လုပ်ပေးတာက ပိုပြီး ထိရောက်ပါတယ်။
အရင်ကဆိုအိုမီဂါ ၃ ဖက်တီး အက်စစ်လောက်ပဲလူတွေသိကြပြီး အ ခုနောက်ပိုင်းမှာအိုမီဂါ ၆ နဲ့ ၉ ကို သိ လာကြတာဖြစ်ပါတယ်။ အခုဆိုရင်အိုမီဂါ ၇ ဖက်တီးအက်စစ်ဆိုပြီးတော့တောင် နောက်တစ်မျိုး ပေါ်လာပါပြီ။

အိုမီဂါ ၇ ဖက်တီးအက်စစ်

အိုမီဂါ ၇ ဖက်တီးအက်စစ်က မ ပြည့်ဝဆီဖြစ်ပြီး အဓိကခန္ဓာကိုယ်မှာ ရောင်ရမ်းတဲ့ ဝေဒနာတွေကို သက်သာ စေပါတယ်။ နောက်ပြီး အင်ဆူလင်ဟော် မုန်းရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကူညီပေးတာကြောင့်ဆီးချိုသွေးချိုရောဂါ သည်တွေအတွက် အရေးကြီးတဲ့ ဟော် မုန်းတစ်မျိုး ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ အ စားအစာတွေကတော့ဆယ်လမွန်ငါး၊ တူနာငါးနဲ့အခွံမာအစေ့တွေဖြစ်ပါတယ်။ ထောပတ်သီးနဲ့ဘယ်ရီသီး တချို့ကနေ ရရှိနိုင်ပါတယ်။

လုပ်ငန်းဆောင်တာ

ဒီ ဖက်တီးအက်စစ်တွေခန္ဓာကိုယ် ထဲရှိမှသာအဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် တွေဖြစ်တဲ့ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေကို သယ်ဆောင်ပေးနိုင်မှာဖြစ် ပါတယ်။ ဒါကြောင့်အိုမီဂါ ၃ ၊ ၆ ၊ ၉ စတဲ့ဖက်တီးအက်စစ်တွေ ခန္ဓာကိုယ်မှာပုံ မှန်ရရှိအောင် ဖြည့်စွက်အားဖြည့်ဆေး အနေနဲ့ မှီဝဲရတာ၊ အစားအစာတွေကိုစား ပေးတာမျိုးလည်း ပြုလုပ်ကြပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ်က ၀ စေနိုင်လား
တချို့လူတွေကအဲဒီလို အိုမီဂါ ၃ ဖက်တီးအက်စစ်တွေသောက်ရင် ၀တယ် လို့ပြောကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ တစ်ခုရှိတာကသူက အစာ စားချင်ဖြစ်အောင်ပြုလုပ်ပေးတာရယ်၊ ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲလ်အဟောင်းတွေ ကိုသေစေပြီး ဆဲလ်အသစ်ဖြစ်စေတာ စတဲ့ဖြစ်စဉ်တွေကြောင့် လူတွေကနေ လို့ထိုင်လို့ကောင်း၊ စားလို့သောက်လို့ ကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်လာ တော့ ၀စေတယ်လို့ထင်ရစေပါတယ်။ တကယ်တော့သူ့မှာ ၀စေတဲ့သတ္တိ မပါပါဘူး။

သက်ရှည်ကျန်းမာစေချင်

အိုမီဂါ ၃၊ ၆ စတဲ့ဖက်တီးအက်စစ် တွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ကိုရရှိစေနိုင်တဲ့ သဘာဝ အစားအစာ တွေကို ပုံမှန်စားပေးတာအပြင် အားဖြည့် ဆေးကို တစ်ရက်တစ်လုံး ပုံမှန်သောက် တာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒါကြောင့် သက်ရှည်ကျန်းမာဖို့ အိုမီဂါ ၃ ဖက်တီး အက်စစ်တွေအပြင် အိုမီဂါ ၆၊ အိုမီဂါ ၉ ဖက်တီး အက်စစ်တွေကိုလည်း အလျဉ်း သင့်သလို မှီဝဲပြီး သက်ရှည်ကျန်းမာစေဖို့အကြံပြုလိုက်ရပါတယ်။

ဒေါက်တာဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *