အုန်းစိမ်းရည်၏အလှအပအကျိုးကျေးဇူးများ

အခုလို ပူပြင်းလှတဲ့နွေရာသီမှာ အပြင်ထွက်ပြီး အိမ်ပြန်လာရင် အုန်းစိမ်း ရည်တစ်ခွက်သောက်လိုက်ပါမှ ကြည် လင်လန်းဆန်းပြီး အညောင်းအညာပြေ သွားတတ်ကြပါတယ်။ မှန်ပါတယ်။အုန်း စိမ်းရည်မှာ ကျန်းမာရေးအတွက် အ လွန်အကျိုးရှိတဲ့ ရေဓာတ်အပြင် ဓာတ် ဆားတွေလည်း ပါဝင်တဲ့အတွက် ချွေး ထွက်များတဲ့အချိန်တွေမှာ ဒါမှမဟုတ် ဝမ်းလျှောပြီးတဲ့အချိန်တွေမှာ အုန်းစိမ်း ရည်သောက်တာကြောင့် ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ဓာတ်ဆားတွေ ပြန်လည် ပြည့်ဝသွားနိုင်ပါတယ်။ အုန်းစိမ်းရည်နဲ့ ပတ်သက်ပြီး သိသင့်တဲ့ အာဟာရဓာတ် တွေအပြင် အလှအပအတွက်လည်း အလွန်အသုံးဝင်တာကို ဖော်ပြပေးလိုက် ပါတယ်။

– သူရဲ့ အရသာက ချိုမြမြလေးပါ။
– လေ့လာမှုအရ အုန်းစိမ်းရည်ဖန် ခွက်တစ်ခွက်စာမှာ ၄၅ ကယ်လိုရီ သာပါဝင်ပါတယ်။
– သူ့မှာ အဆီဓာတ်နဲ့ ကိုလက်စထ ရောဓာတ် လုံးဝမပါဝင်ပါ။
– သူ့မှာပါဝင်တဲ့ သကြားဓာတ်နဲ့ ကာ ဗိုဟိုက်ဒရိတ်တွေကို ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နိုင်ပါတယ်။
– သူ့မှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်လို မျိုးဓာတ်ဆားတွေများစွာ ပါဝင်တဲ့ အတွက် ဝမ်းလျှောဝမ်းပျက်သူတွေ၊ ချွေးထွက်များသူတွေ သောက်သုံး သင့်တယ်လို့ ဆရာဝန်တွေက ညွှန် ကြားထားပါတယ်။
– သူ့မှာ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ပရိုတင်း၊ ကယ်လ်စီယမ်နဲ့ သံဓာတ် လိုမျိုး အာဟာရဓာတ်တွေ များစွာ ပါဝင်ပါတယ်။

အုန်းစိမ်းရည်မှ ရရှိနိုင်သော အလှအပအကျိုးကျေးဇူး

သူက အရွယ်တင်နုပျိုနိုင်တဲ့ အကျိုး ကျေးဇူးရှိပါတယ်
အုန်းစိမ်းရည်မှာပါဝင်တဲ့ လောရစ် အက်စစ်ဟာ အလွန်သေးငယ်တဲ့ပိုးမွှား တွေကို သုတ်သင်နိုင်တဲ့ ဂုဏ်သတ္တိရှိပါ တယ်။ ဒါကြောင့် အရေပြားအတွက် ရော ဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ် ပေးပါတယ်။ အုန်းရည်မှာပါဝင်တဲ့ ဆိုက် တိုခိုင်းစ်ခေါ်တဲ့ ပရိုတင်းတွေဟာ အရေ ပြားဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ အုန်းရည်က ဝက်ခြံကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှု တွေကို လျော့ကျနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး အသက်အရွယ် ကြီးရင့်တဲ့လက္ခဏာဖြစ်တဲ့ အရေပြား အရေးကြောင်းပေါ်တာ၊ ပါးရေတွန့် တာတွေကို တွန်းလှန်ပေးပါတယ်။
ဒါကြောင့် အုန်းစိမ်းရည်သောက်ရင် အရွယ်တင်နုပျိုနိုင်တဲ့ အကျိုးကျေးဇူး တွေ များစွာရရှိနိုင်ပါတယ်။

အရေပြားအတွက် အစိုဓာတ်ရရှိနိုင် ပါတယ်
ပူလွန်းရင်ပဲဖြစ်ဖြစ်၊ အေးလွန်းရင် ပဲဖြစ်ဖြစ် အရေပြားခြောက်သွေ့တဲ့ပြ ဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကို အုန်းစိမ်းရည်က ဖြေရှင်းပေးနိုင်ပါတယ်။
ဝါဂွမ်းစနဲ့အုန်းစိမ်းရည်ကို ဆွတ်ပြီး သင့်အရေပြားပေါ်မှာ ပုံမှန်သုတ်လိမ်း ပေးပါ။ အစိုဓာတ်ထိန်းခရင်မ်အသုံးမပြု ရဘဲ သင်ရဲ့ ခြောက်သွေ့နေတဲ့ အသား အရေတွေက သဘာဝအတိုင်း ပြန်လည် စိုပြည်နေတာကို တွေ့ရနိုင်ပါလိမ့်မယ်။

အရေပြားသန့်စင်နိုင်တဲ့သဘာဝပစ္စည်း ဖြစ်ပါတယ်
Skin care လုပ်မယ်ဆိုရင် toner နဲ့ cleanser က မပါမဖြစ်ပါ။ သင်နဲ့မ တည့်တဲ့toner, cleanser တွေကိုအသုံး ပြုမိရင် သင့်အရေပြားမှာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အုန်းစိမ်းရည်က တော့ သင့်အရေပြားပေါ်မှာ ဘာပြဿနာ မှမဖြစ်စေဘဲ သဘာဝအတိုင်း အညစ်အ ကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ အုန်း စိမ်းရည်ကို မိတ်ကပ်ဖျက်ဆေးအနေနဲ့ လည်း အသုံးပြုနိုင်ပါတယ်။
အုန်းစိမ်းရည်ထဲကို သံပရာရည် အနည်းငယ်ညှစ်ပြီး မျက်နှာကို သန့်စင် ပေးပါ။ သင့်မျက်နှာ ဝင်းလက်တောက် ပြောင် စိုပြည်လာ တာကိုတွေ့ရပါလိမ့် မယ်။

ဆံပင်ရှုပ်ပွတာ၊ ဆံပင်ပျက်စီးတာ တွေကိုကူညီနိုင်ပါတယ်
အုန်းစိမ်းရည်က အရေပြားအတွက် သာ အကျိုးရှိတာမဟုတ်ပါဘူး၊ ဆံသား အတွက်ပါ အကျိုးကျေးဇူးများစွာရှိပါ တယ်။ သူ့ကို ဆံပင်အတွက် အုန်းဆီလို မျိုးအသုံးပြုနိုင်ပါတယ်။
သင့်ဆံပင်က ပျက်စီးနေ ပြီး ဆံပင်ကျွတ်တာမြန် တယ်ဆိုရင် အုန်းစိမ်းရည် ကို ခေါင်းပေါ်လောင်းချကာ ဦး ရေပြားကိုနှိပ်နယ်ပါ။ သူက ဆံပင် ပျော့ဆေးလိုမျိုး အသုံးဝင်တဲ့အတွက် ဆံသားတွေပျက်စီးမှုမရှိအောင် ကာ ကွယ်နိုင်ပါတယ်။

နေရောင်ကြောင့် အသားအရေပျက် စီးတာကို ပြန်လည်ပြုပြင်ပေးပါတယ်
သင့်အနေနဲ့ နေရောင်ကာလိမ်း ဆေးတွေ အထပ်ထပ်လိမ်းထားပေမယ့် နေလောင်ဒဏ်ကို ခံရနိုင်ပါသေးတယ်။ အုန်းရည်ကတော့ သူ့မှာ ပါဝင်တဲ့ ဓာတ် တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေနဲ့ များစွာသော ဗီတာမင်စီတွေကြောင့် နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးမှုဖြစ်တာကို နည်းပါးသွားအောင် ကူညီပေးပါတယ်။
သင့်အရေပြားပေါ် အုန်းရည် ဆွတ်ပြီး မိနစ် ၂၀-၃၀ ခန့် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ အလွယ်ကူဆုံးသော နေလောင် ဒဏ်ရာကုသနည်းဖြစ်ပါ တယ်။
အုန်းစိမ်းရည်ကို သောက်ရုံသာမ ဟုတ်ဘဲ အရေပြားနဲ့ ဆံသားပေါ်ကိုပါ တိုက်ရိုက်အသုံးပြုပြီး သူရဲ့အကျိုး ကျေးဇူးတွေကို ရယူနိုင်ပါတယ်။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *