အုန်းဆီကိုအလှအပအတွက် ဘယ်လိုသုံးမလဲ

ကျွန်မတို့ အဘွားတွေလက်ထက်ကတည်းက အုန်း ဆီကို ဆံပင်သန်ဖို့၊ နက်မှောင်ဖို့၊ သပ်ရပ်လှပဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးလည်း သက်သာတဲ့ အုန်းဆီမှာ အလှအပဆိုင်ရာ အာနိသင် ကောင်းတွေရှိနေတာကိုတော့ မေ့ထားလို့ မရပါဘူး။

ကြေးချွတ်နိုင်တယ်
အုန်းဆီခွက်တစ်ဝက်စာကို အပူ အနည်းငယ်ပေးပြီး သကြားညိုထည့် ကာ ကြေးချွတ်ဖို့အတွက် အသုံးပြု နိုင်ပါတယ်။ သကြားညိုအစား ဆား ကိုလည်းအသုံးပြုနိုင်ပါတယ်။ အုန်းဆီ နွေးနွေးထဲကို သကြားညို ဒါမှမဟုတ် ဆားထည့်ပြီး သေချာစွာမွှေပါ။ ရနံ့မွှေး အောင် ကြိုက်နှစ်သက်ရာ အမွှေးဆီ တစ်စက်၊ နှစ်စက်ထည့်မွှေပါ။ ကြေး ချွတ်လိုတဲ့အရေပြားပေါ်လိမ်းကာ စက် ဝိုင်းပုံစံညင်သာစွာပွတ်ပြီး ကြေးချွတ် နိုင်ပါတယ်။

ဆံသားတောက်ပြောင်လှပစေတယ်
ဆံသားနက်မှောင် တောက်ပြောင် လှပစေဖို့အတွက် အုန်းဆီကို အသုံးပြု နိုင်ပါတယ်။ အုန်းဆီအနည်းငယ်ကို ဆံ သားအနှံ့ပွတ်လိမ်းပေးရုံပါပဲ။ ဆံသား မှာ အဆီတွေနဲ့ရွှဲနေတာကို မကြိုက်ဘူး ဆိုရင်တော့ အနည်းငယ်သာ အသုံးပြု ပေးရမှာ ဖြစ်ပါတယ်။

အစိုဓာတ်ထိန်းပေးတယ်
အုန်းဆီကို အရေပြားအစိုဓာတ် ထိန်းပေးဖို့အတွက်လည်း အသုံးပြုနိုင် ပါတယ်။ အရေပြားပေါ်မှာဖြစ်တဲ့ ဒဏ် ရာတွေမှာ အသုံးပြုမယ်ဆိုရင်လည်း အနာကျက်မြန်စေပြီး အမာရွတ်ဖြစ်တာ ကိုလည်းလျော့နည်းစေပါတယ်။ အရေ ပြားကို ရေဓာတ်ဖြည့်ပေးလို့ အသားအ ရေခြောက်သွေ့မှုမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

မိတ်ကပ်ဖျက်ဆေးအဖြစ် သုံးနိုင်တယ်
မျက်နှာပေါ်က မိတ်ကပ်တွေ၊ မျက် လုံးတစ်ဝိုက်မှာ ခြယ်သထားတာတွေကို ဖျက်မယ်ဆိုရင်လည်း အုန်းဆီကို အ သုံးပြုနိုင်ပါတယ်။ မျက်လုံးတစ်ဝိုက် ခြယ်သထားတာတွေကို မဖျက်ဘဲ အိပ်စက်မယ်ဆို ရင် မျက်လုံးကို ထိခိုက်နိုင်ပါတယ်။ ဒါတွေကိုဖျက်မယ်ဆိုရင် ဂွမ်းစနဲ့အုန်း ဆီဆွတ်ပြီး မျက်လုံးတစ်ဝိုက်ကို အ သာအယာပွတ်ကာ ဖျက်ပေးနိုင်ပါ တယ်။

ကွန်ဒီရှင်နာအဖြစ် သုံးနိုင်တယ်
အုန်းဆီက ဆံသားအတွင်းကို ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ အ သားအရေအတွက်သာမက ဆံသားရဲ့ အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါ တယ်။ အုန်းဆီကို ကွန်ဒီရှင်နာအဖြစ် သုံးမယ်ဆိုရင် ညအိပ်ရာမဝင်ခင်အုန်း ဆီကို ဆံသားအနှံ့လိမ်းပြီး ခေါင်းစွပ် စွပ်ပြီးအိပ်ပါ။ မနက်မိုးလင်းမှ လျှော် နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

အသားအရေကို နူးညံ့ပျော့ပျောင်း စေတယ်
သင့်အသားအရေ နူးညံ့ပျော့ ပျောင်းစေဖို့အတွက် ငွေကုန်ကြေးကျ နည်းပြီး အလွယ်တကူသုံးနိုင်တာက တော့ အုန်းဆီပဲဖြစ်ပါတယ်။ အရေ ပြားပေါ်က ဒဏ်ရာ အမာရွတ်တွေကို အရောင်ဖျော့သွားစေပြီး အသားအရေ နူးညံ့ပျော့ပျောင်းသွားစေဖို့ အုန်းဆီကို အရေပြားပေါ် ခပ်ပါးပါးလိမ်းပေးနိုင်ပါ တယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *