အူကျတယ်ဆိုတာ . . .

ဝမ်းဗိုက်နေရာမှာရှိနေတဲ့ ကြွက် သားတွေ အားနည်းပြီး လျော့ရဲလာတာ ကြောင့်ဖြစ်လာတာကို အူကျတယ်လို့ ခေါ်ပါတယ်။ အဲဒီအခါ အူရဲ့အစိတ် အပိုင်းတစ်ခု ဒါမှမဟုတ် ဝမ်းဗိုက်ပိုင်းရဲ့ အတွင်းဘက် အကာအရံတစ်ခု ကျွံကျ တာဖြစ်ပါတယ်။ အူကျတာက နောက် ဆက်တွဲ ရှုပ်ထွေးမှုတွေ ဖြစ်လာခဲ့ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအ ထားမျိုးပါ။
ရောဂါလက္ခဏာများ
အူကျတာကို တင်ပါးဆုံရိုးရဲ့ တစ် ဖက်မှာ ဖောင်းနေတာကို သတိထားမိနိုင် ပါတယ်။ မတ်တတ်ရပ်တဲ့အခါမှာ ပိုမိုထင် ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ အထူး သဖြင့် ချောင်းဆိုးတဲ့အခါနဲ့ အားစိုက် လိုက်တဲ့အခါတွေမှာ သိသာပါတယ်။ အများအားဖြင့်တော့ လဲလျောင်းလိုက်တဲ့ အခါ ထိုးထွက်နေတဲ့အပိုင်းက ဝမ်းဗိုက် ခေါင်းထဲ ပြန်ဝင်သွားတာကြောင့် သိသိ သာသာ မမြင်နိုင်ပါဘူး။ တချို့တွေက တော့ အူကျတာ ရေခဲအိတ်ကပ်တာ ဒါမှ မဟုတ် လက်ချောင်းနဲ့ အထဲပြန်ထိုးသွင်း တာတွေ ပြုလုပ်တတ်ကြပါတယ်။ နောက်ထပ်တွေ့ရတတ်တဲ့ လက္ခဏာက တော့ ဖောင်းနေတဲ့နေရာက အသံထွက် တာ ဒါမှမဟုတ် နာကျင်တာ၊ ပေါင်ခြံနေ ရာမှာ တင်းနေတာ ဒါမှမဟုတ် အားနည်း နေတာ၊ အားသုံးတဲ့အခါ၊ ချောင်းဆိုးတဲ့ အခါ၊ အလေးပင် မ တဲ့အခါ စတာတွေမှာ ပေါင်ခြံတစ်ဝိုက် နာကျင်မှု ခံစားရတာ တွေပဲ ဖြစ်ပါတယ်။
အူကျတဲ့အမျိုးသားအများစုက ဝှေး စေ့တစ်ဝိုက် နာကျင်တာကို ခံစားရပါ တယ်။ ဒီလိုအခြေအနေက အူရဲ့ ထိုး ထွက်နေတဲ့အပိုင်းက ကပ်ပယ်အိတ်ထဲ ကို ဆင်းတာတဲ့အခြေအနေ ဖြစ်နေနိုင်ပါ တယ်။
ဒီလိုလက္ခဏာတွေ ရှိနေမယ်ဆိုရင် တော့ အူကျတာ ဖြစ်နေနိုင်ပါတယ်။ မသင်္ကာရင် ဆရာဝန်နဲ့ ပြသပြီး စမ်းသပ် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။

ဖြစ်စေသော အကြောင်းရင်းများ
တချို့တွေမှာ အူကျတာက ဝမ်း ဗိုက်ပိုင်း အမြှေးပါးနံရံတွေ လျောရဲလို့ အားနည်းတဲ့အပိုင်းက ကျွံကျတာဖြစ်ပြီး တချို့တွေမှာတော့ အသက်ကြီးလာတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ အရမ်းများတာ ကြောင့် ဝမ်းဗိုက်ပိုင်းကြွက်သားတွေ အားနည်းသွားတာ၊ အထူးသဖြင့် ဆေး လိပ်သောက်သူတချို့နဲ့ ချောင်းအလွန် ဆိုးတဲ့ အခါမျိုးတွေမှာလည်း ဖြစ်တတ်ပါ တယ်။
ဖြစ်နိုင်ခြေများသော အကြောင်းအချက်များ
– မိသားစုမျိုးရိုးရှိခြင်း
– အမျိုးသားဖြစ်ခြင်း
– နာတာရှည်ချောင်းဆိုးခြင်း
– ဝမ်းချုပ်ခြင်း
– အဝလွန်ခြင်း
– ကိုယ်ဝန်ဆောင်ခြင်း
– စောမွေးခြင်း
– တချို့ကျန်းမာရေးအခြေအနေနှင့်
– တချို့အလုပ်အကိုင်များ

နောက်ဆက်တွဲပြဿနာများ
အူကျတာကို မကုသဘဲ ထားပါက နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင် ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါ တယ်။ အူကျတာကို ဆရာဝန် အများစုက ခွဲစိတ်ကုသမှု ပေးတတ်ကြပါတယ်။ တချို့တွေမှာ အရေးတကြီးဖြစ်တတ်သ လို အရေးပေါ်ခွဲစိတ်ကုသပေးရတာမျိုး လည်း ရှိတတ်ပါတယ်။

ကုသခြင်း
အူကျတာက အနည်းငယ်ဖြစ်တာ ဆိုရင်တော့ ခွဲစိတ်ကုသရတဲ့အထိ မလို အပ်ပေမယ့် စောင့်ကြည့်ဖို့တော့ လိုပါ တယ်။ အူကျတာ ဖြစ်တဲ့အတိုင်းအတာ များမယ်ဆိုရင်တော့ မသက်မသာဖြစ် တာနဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်လို့ ခွဲစိတ်ကုသမှုကို မဖြစ်မနေ ခံယူသင့်ပါတယ်။
အစားအသောက်
– အစာအိမ်နဲ့ အူလမ်းကြောင်းကို အ လုပ်မပိုစေဖို့ တစ်ခါစားရင် နည်းနည်းနဲ့ တစ်နေ့ကို ၅-၆ ကြိမ် ခွဲစားပါ။
– အမျှင်ဓာတ်များတဲ့အစာတွေစားသုံးပါ။
– အစပ်စာတွေကို ရှောင်ကြဉ်ပါ။
– အရက်သောက်တာ၊ ကဖင်းဓာတ်များ တဲ့ အစာတွေ စားသောက်တာ၊ အမြှုပ်ထ တဲ့ အရည်တွေ သောက်တာကို ရှောင်ပါ။
– အချဉ်များလွန်းတဲ့အစာနဲ့ အဆီများ လွန်းတဲ့ အစာတွေကို ရှောင်ပါ။
– ည အိပ်ရာမဝင်ခင် ၂-၃ နာရီ ခွာပြီး စားပါ။
– ချမိုမိုင်းလက်ဖက်ရည်နဲ့ ရှားစောင်း လက်ပပ်ဖျော်ရည်တွေကို ရောဂါလက္ခ ဏာ သက်သာစေဖို့ သောက်သုံးပေးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *