အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်လို့ ရနိုင်ပါသလား

ကမ္ဘာပေါ်မှာ ဒုတိယအဖြစ်များဆုံးကင်ဆာဖြစ်တဲ့ အူမကြီးကင်ဆာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အကြောင်းအရာတချို့ကို အစာအိမ်နဲ့အူလမ်းကြောင်းအထူးကုသမားတော်ကြီး ပါမောက္ခဦးသိန်းမြင့်နဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကတော့ ☺ ☺ ☺

တစ်ကမ္ဘာလုံးမှာ ကြည့်မယ်ဆိုရင် အူမကြီးကင်ဆာက ဒုတိယအဖြစ်အများဆုံးကင်ဆာပါ။ မျိုးရိုးလိုက်ပြီး ဖြစ်တတ်တယ်။ အသက်ကြီးပြီ၊ ၅၀ ကျော်ပြီဆို ရင် စဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ကို လာပြတဲ့အခါ အသက် ၅၀ ကျော်ပြီဆိုရင်
အူမကြီးမှန်ပြောင်း စကြည့်ခိုင်းပါတယ်။ တစ်ကမ္ဘာလုံးမှာ အသက် ၅၀ ကျော်ရင် အူမကြီးမှန်ပြောင်းကြည့်တာကို မဖြစ်မ နေ ကြည့်ရပါတယ်။ ဂျပန်၊ အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေမှာ သူတို့အစိုးရက လူတိုင်းကို စ
စ်ပေးတယ်။ မစစ်ရင် ကျန်းမာရေးအာမခံ ဆက်မပေး တော့ဘူး။ သူတို့ဆီမှာ အကုန်လုံး ကျန်းမာရေးအာမခံစနစ်နဲ့ သွားပါတယ်။ မစစ်တဲ့သူတွေကို ကျန်းမာရေးအာမခံ ထောက်ပံ့တာကို မပေးတောပါဘူး။ အဲဒီအာမခံအတွက် လခထဲကနေ အစိုးရကို ပိုက်ဆံ သွင်းရပါတယ်

အများအားဖြင့် တိရစ္ဆာန်အဆီဖြစ်တဲ့ ပြည့်ဝဆီ စားသုံးမှု များတဲ့သူတွေမှာ အဖြစ်များပါတယ်။ အချိုအစားများတဲ့သူတွေ၊ အနီရောင်အသား အစားများတဲ့သူတွေ၊ အဝလွန်တဲ့သူတွေ၊ အထိုင်များတဲ့သူတွေ၊ မိသားစုမျိုးရိုးမှာ အူမကြီး
အသားပို ဒါမှမဟုတ် အူမကြီးကင်ဆာရှိသူတွေ မှာ အဖြစ်များပါတယ်။ နာတာရှည်အူမ ကြီးရောင်ရမ်းတဲ့ရောဂါ (Bowel Inflammatory Disease) ကသူများနိုင်ငံတွေမှာ အဖြစ်များပါတယ်။ မြန်မာနိုင်ငံ မှာလည်း အခုနှစ်နှစ်အတွင်
လောက်မှာ တွေ့ရများလာပါတယ်။ အဲဒီလူတွေက လည်း ရေရှည်မှာ အူမကြီးကင်ဆာ ဖြစ် နိုင်ခြေများပါတယ်။ ဆေးလိပ်အသောက် များတဲ့သူတွေ၊ အရင်က အကြောင်း ကြောင်းကြောင့် ဝမ်းဗိုက်အောက်ပိုင်းကို ဓာတ်ရောင်ခြည်ပြဖူးတဲ့သူတွေ (အထူးသဖြင့်) သားအိမ်ခေါင်းကင်ဆာဖြစ်လို့၊ ဆီးကျိတ်ကင်ဆာဖြစ်လို့ ဓာတ်ရောင်ခြည် ပြဖူးသူတွေမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။

အူမကြီးက အောက်ပိုင်းဖြစ်တဲ့အတွက် အောက်ပိုင်းလက္ခဏာတွေ ပြ တတ်ပါတယ်။ ဝမ်းသွားတဲ့အခါ သွေးပါ တာ၊ ကာလကြာရှည် ဝမ်းချုပ်တာ ဒါမှ မဟုတ် ဝမ်းသွားတာ၊ ဝမ်းချုပ်လိုက်၊ ဝမ်းပျက်လိုက်နဲ့ ဝမ်းမမှန်ဖြစ်တာ၊
သွေး အားနည်းတာ၊ ဝမ်းသွားပြီးရင် အားမရ ဘဲ စအိုဝမှာ ဝမ်းကျန်နေတာ၊ တစ်ဆို့ဆို့ ဖြစ်နေတာ၊ ဝမ်းသွားရင် ချွဲပါတာ၊ ဗိုက် ရစ်နာတာ၊ ဝမ်းဗိုက်မှာ အလုံး၊ အကျိတ် ဖြစ်ပေါ်တာ၊ အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန် အလွန်အမင်း လျော့ ကျလာတာ စတဲ့ လက္ခဏာတွေ တွေ့ရပြီ ဆိုရင် အူမကြီးကင်ဆာကို သံသယရှိပါ တယ်။ အဲဒီလက္ခဏာတွေက တစ်ရက်၊ နှစ်ရက်လောက်ပဲ ဖြစ်တယ်ဆိုရင် စိတ်ပူ စရာမရှိသေးပါဘူး။ တစ်လ၊ နှစ်လ လောက်ဖြစ်ပြီဆိုရင်တော့ အူမကြီးကင် ဆာကို ကြောက်ရပါတယ်။

ကင်ဆာရောဂါတွေ အများကြီးရှိတဲ့ထဲက အူမကြီးကင်ဆာရောဂါက မဖြစ်အောင် ကာကွယ်လို့ ရနိုင်ဆုံးပါပဲ။ ကျန် တဲ့ ကင်ဆာရောဂါတွေက သိပ်ပြီး မကာ ကွယ်နိုင်ပါဘူး။ အစာမျိုပြွန်ကင်ဆာ လည်း သိပ်မကာကွယ်နိုင်ဘူး၊အစာအိမ် ကင်ဆာကလည်း ပိုးကို သေချာကုသတာ အပြင် သေချာမကာကွယ်နိုင်ပါဘူး။ အူမ ကြီးကင်ဆာကို ကာကွယ်ဖို့အတွက် အ သက် ၅၀ ပြည့်ရင် အူမကြီးကို မှန်ပြောင်း ကြည့်ပါလို့ပြောတာပါ။ အူမကြီးကို ကြည့် ရင် အဆုံးအထိ၊အူအတက်နားအထိ ကြည့်ပါတယ်။ ကြည့်လိုက်လို့ ကောင်း တယ်ဆိုရင် ဒီလူနာက ကင်ဆာဖြစ်ဖို့ အ ခွင့်အလမ်း နည်းသွားပါတယ်။ အရင်က ဒီလိုကောင်းတဲ့လူနာကို ငါးနှစ်နေရင် အူမကြီးမှန်ပြောင်း ထပ်ကြည့်ပါလို့ တစ်ကမ္ဘာလုံးကသတ်မှတ်ထားပါတယ်။ အခုက အဲဒီလို ကောင်းတဲ့လူနာကို နောင် ၁၀ နှစ်နေမှ ထပ်ကြည့်ပါလို့ သတ် မှတ်ထားပါတယ်။ အူမကြီးမှန်ပြောင်း ကြည့်လိုက်လို့ကောင်းတယ်၊ ဘာရောဂါ မှမရှိဘူးဆိုရင် အူမကြီးကင်ဆာဖြစ်ဖို့ စိတ်မပူရဘူး။ နောင် ၁၀ နှစ်နေမှ မှန် ပြောင်း ပြန်ကြည့်ဖို့ ပြောထားပါတယ်။

အူမကြီးမှန်ပြောင်းကြည့်တာက အဝပိုင်း ကြည့်တာရှိတယ်၊ တစ်ခုလုံးကို ကြည့်တာရှိတယ်၊ အူမကြီးကို ဆေးသွင်း ပြီး ဓာတ်မှန်ရိုက်တာရှိတယ်၊ အူမကြီးကို CT Scan ရိုက်တာရှိတယ်၊ အောက်ပိုင်း ဆိုရင်တော့ MRI ရိုက်တာရှိတယ်၊ တချို့ က CT Colonogram ဆိုတဲ့ ဓာတ်မှန် ရိုက်သလိုမျိုးပဲ CT ရိုက်တာရှိပါတယ်။

အူမကြီးကို မှန်ပြောင်းကြည့်တာက အသားပိုတွေ ရှိ၊ မရှိ သိချင်တယ်၊ ကင်ဆာဖြစ်နေရင်လည်း အသားစယူမယ်၊ စောစောကုမယ်၊ အသားပိုတွေကို ဘာလို့ သိချင်လဲဆိုရင် အသားပိုတွေက စစချင်းမှာ သေးသေးလေးပဲ ရှိသေးတယ်။ ပြီးရင် တဖြည်းဖြည်းကြီးလာပြီး နောက်ဆုံးမှာ ကင်ဆာအဆင့်ကို ပြောင်းသွားပါတယ်။ ဘယ်လောက်ကြာမလဲဆိုရင် ဒီလို ပြောင်းလဲတဲ့အဆင့်က ၁၀ နှစ်ကနေ နှစ် ၂၀ လောက် ကြာတယ်။ အသားပိုကို စောစောအဆင့်မှာတင် ဖြတ်ထုတ်လိုက် မယ်ဆိုရင် ကင်ဆာအဆင့်ကို မပြောင်း နိုင်တော့ဘူး။ ဒါကြောင့် အသက် ၅၀ ပြည့်ရင် အူမကြီးမှန်ပြောင်းကြည့်ပြီး အသားပိုတွေ့ရင် ဖြတ်ထုတ်လိုက်ပါ။ ဖြတ်လိုက်ပြီဆိုရင် အသားပိုကနေ ကင် ဆာအဆင့်ကို ပြောင်းလဲတာကို အများ ကြီး တားနိုင်ပါတယ်။ ကင်ဆာဖြစ်တာကို အများကြီး လျှော့ချနိုင်ပါတယ်။ တစ် ကမ်္ဘာလုံးမှာ အူမကြီးမှန်ပြောင်းကြည့်ပါ တယ်။ အသားပိုတွေ့ရင် တစ်ခါတည်း ဖြတ်ပါတယ်။ တချို့လူနာတွေက အသား ပိုဖြတ်မယ် ဆိုရင်စိတ်ပူကြပါတယ်။ အ သားပိုကို မဖြတ်ရင် တချို့အသားပိုတွေ က ကင်ဆာကို ပြောင်းပါတယ်။ ဒါကြောင့် အသားပိုတွေ့ရင် ဖြတ်ဖို့ တိုက်တွန်းပါ တယ်၊ ဖြတ်လည်း ဖြတ်ပေးပါတယ်။ လူ နာက မဖြတ်ချင်ဘူး ဆိုရင်တော့ လူနာသဘောပါ။ အသားပို ဖြတ်တာက အန္တရာယ်လည်း မရှိပါဘူး။

အသားပိုဖြတ်လိုက်တာကြောင့် အူ မကြီး ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင် နှုန်းကျော် ကာကွယ်ပေးပါတယ်။ အသား ပိုကို ဒီတိုင်းထားလိုက်မယ်ဆိုရင် ကြာ လာရင်ကင်ဆာ ပြောင်းသွားနိုင်ပါတယ်။ အသားပိုကို ဖြတ်တာကလည်း လွယ်ပါ တယ်။ မှန်ပြောင်းကြည့်ရင်း နောက်ထပ် ၂ မိနစ်လောက် အချိန်ပေးလိုက်ရင် အ သားပို ပြတ်ထွက်သွားမှာပါ။ အသားပို ဖြတ်လိုက်တဲ့အတွက် နာတာလည်း မရှိ ဘူး။ မှန်ပြောင်းကြည့်ရင်းနဲ့ပဲ အသားပို ဖြတ်တာလေးနဲ့ပဲ တစ်ခါတည်း ဖြတ်ပေး လိုက်တာပါ။ တတ်နိုင်သလောက် အ သားပိုကို အရင်းကနေ ဖြတ်ပေးလိုက် တာပါ။

အသက် ၅၀ ပြည့်ရင် ကြည့်သင့်ပါ တယ်။ တချို့လည်း အသက် ၅၀ အောက် မှာ ရောဂါလက္ခဏာတွေ တွေ့ရင်၊ မျိုးရိုး ရှိရင် ကြည့်သင့်ပါတယ်။ တချို့လည်း ကျွန်တော်တို့ကို လာတိုင်ပင်တယ်ဆိုရင် မျိုးရိုးလည်းမရှိဘူး၊ ရောဂါလက္ခဏာ လည်း မရှိဘူးဆိုရင် အသက် ၅၀ ရောက် ရင် စကြည့်ပါလို့ တိုက်တွန်းပါတယ်။ မျိုး ရိုးရှိတယ်၊ အသားပိုရှိတယ်ဆိုရင် စကြည့် သင့်တယ်၊ ဝမ်းသွားရင် သွေးပါရင်၊ နာ တာရှည် ဝမ်းပျက်တယ်၊ ဝမ်းလျှောတယ်၊ ဝမ်းသွားတဲ့ပုံစံပြောင်းသွားတယ် (နဂို ဝမ်းချုပ်တာကနေ ဝမ်းသွားတယ်၊ နဂို ဝမ်းသွားတာကနေ ဝမ်းချုပ်တယ်)၊ သွေး အားနည်းတဲ့သူတွေ၊ ဗိုက်မှာ အလုံး အကျိတ်ရှိသူတွေ၊ ဆေးသောက်လို့ အူ လမ်းကြောင်း လက္ခဏာတွေ မပျောက် ရင်၊နာတာရှည် အူလမ်းကြောင်းရောင် ရမ်းတဲ့သူတွေ ကြည့်သင့်ပါတယ်။

♥ ♥ ♥

 

Post Author: Good Health Journal