အူမကြီးရောင်ရမ်းရောဂါ ကြာရှည်ခံစားနေရပါသလား

ကျွန်မတို့ မြန်မာတွေက ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုဖြစ်လာပြီဆိုရင် ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် ကြားဖူးတာရော၊ ပတ်ဝန်းကျင်က အကြံပေးတာရော ပေါင်းပြီး ယုံကြည်လိုက်ကြတာပါပဲ။ မှန်လား၊ မှားလား သိပ်ပြီး ဝေခွဲမနေတတ်ပါဘူး။ တကယ်လို့ အူမကြီးရောင်ရမ်းရောဂါ ခံစားနေရတယ်ဆိုရင်တော့ အောက်ပါမှန်ကန်တဲ့နည်းလမ်းတွေအတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်။

အာဟာရ ညီညွတ်မျှတစွာ စားသုံးပါ
အစားအသောက်တွေကြောင့် နာတာရှည် အူမကြီးရောင်ရောဂါဖြစ်စေ တာ မဟုတ်ပေမယ့် ဒီရောဂါကြောင့် အ စားအသောက် စားသောက်ရာမှာ အခက် အခဲ ဖြစ်စေပါတယ်။ ဟင်းနုနယ်ရွက် စားသုံးလိုက်လို့ ရောဂါလက္ခဏာတွေ ပိုမိုခံစားရရင် တခြားဟင်းသီးဟင်းရွက် တွေကို စားသုံးမှုလည်း အလိုလို လျှော့ ချမိပါလိမ့်မယ်။ အဲဒီလို လျှော့ချတာ ကြောင့် ခန္ဓာကိုယ်မှာ အာဟာရဓာတ် ချို့ တဲ့တတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် အာဟာရဓာတ် ပြည့်စုံအောင် မှီဝဲဖို့ လိုပါတယ်။

သွေးအားနည်းခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း မဖြစ်အောင် သံဓာတ်မှီဝဲပါ
နာတာရှည် အူမကြီးရောင်ရမ်းနေ သူတွေမှာ သွေးနီဥနည်းပြီး သွေးအား နည်းတာကို ခံစားရတတ်ပါတယ်။ အနာ ဖြစ်တဲ့နေရာကနေ သွေးယိုစိမ့်တာ၊ သွေး ဝမ်းသွားတာတွေက သွေးအားနည်းရော ဂါကို ဖြစ်စေပါတယ်။ သံဓာတ်ပြန်လည် ဖြည့်တင်းဖို့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပေးပါ။

နို့နှင့် နို့ထွက်ပစ္စည်းများကို သတိပြုစားသုံးပါ
ဒီရောဂါရှိသူတွေဟာ နို့နဲ့ နို့ထွက် ပစ္စည်းတွေ စားသုံးပါက ရောဂါလက္ခဏာ ပိုဆိုးလာရင် လက်တို့စ်နဲ့ ဓာတ်မတည့် တာကြောင့် ဖြစ်နိုင်ပါတယ်။ လက်တို့စ် အနည်းငယ်သာ ပါဝင်တဲ့ ဒိန်ချဉ်၊ ချိစ် စတာတွေကို စားကြည့်ပါ။ ရောဂါလက္ခ ဏာ ပိုဆိုးလာတယ်ဆိုရင်တော့ ပဲနို့ ရည်သောက်ပါ။
အကျိုးပြုဘက်တီးရီးယားတွေက အစာချေ ဖျက်မှုကို ကောင်းမွန်စေတယ်
နာတာရှည် အူမကြီးရောင်ရမ်းရော ဂါရှိသူတွေအနေနဲ့ အစာချေဖျက်မှု ကောင်းမွန်စေဖို့ အကျိုးပြုဘက်တီးရီး ယားကို စားသုံးပါ။ အကျိုးပြုဘက်တီးရီး ယားကို အရည်၊ သောက်ဆေးပုံစံမျိုးတွေ နဲ့ တွေ့နိုင်ပါတယ်။ အစားအသောက်အ နေနဲ့ ဒိန်ချဉ်သောက်တာက အကောင်း ဆုံးပါ။ ပဋိဇီဝပိုးသတ်ဆေးနဲ့ ဝမ်းလျှော တာတွေကြောင့် အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေ ဆုံးရှုံးရင် လည်း ဒိန်ချဉ် သောက်နိုင်ပါတယ်။

အမျှင်ဓာတ် အလွန်အကျွံ မစားသင့်ပါ
အမျှင်ဓာတ်များတဲ့ အစားအစာ တွေက အစာမကြေဖြစ်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို မအီမသာဖြစ်စေပါ တယ်။ အစေ့အဆန်တွေ၊ ကောက်နှံတစ် ခုလုံးပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သီးနှံ တွေကို အစိမ်းအတိုင်းစားတာက အစာ ကြေညက်ဖို့ ခက်ခဲပြီး ဝမ်းဗိုက်မအီမသာ ဖြစ်စေပါတယ်။

လေပွစေသော အစာများကို ရှောင်ပါ
လေပွစေတဲ့ အစာတွေ စားသုံးတာ ကြောင့် ဗိုက်ရစ်နာတာ၊ ဝမ်းသွားတာနဲ့ လေပွတာတွေ ဖြစ်စေပါတယ်။ ပန်းဂေါ် ဖီစိမ်း၊ ဂေါ်ဖီပန်း၊ ပဲအမျိုးမျိုး စတာတွေ က ကျန်းမာသူတစ်ယောက်ရဲ့ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ ဖြစ်ပေ မယ့် နာတာရှည် အူမကြီးရောင်ရမ်းရော ဂါရှိသူတွေအနေနဲ့ လေပွတာ၊ အစာမ ကြေတာတွေ ဖြစ်စေလို့ အလွန်အကျွံ စားသုံးမှုကို ရှောင်သင့်ပါတယ်။

အစာကို နည်းနည်းနှင့် မကြာခဏ စားပါ
နာတာရှည်အူမကြီး ရောင်ရမ်းရော ဂါရှိသူတွေမှာ ဝမ်းဗိုက်နာကျင်တာကို အများဆုံးခံစားရတတ်ပါတယ်။ အစာကို နည်းနည်းနဲ့ မကြာခဏ စားပါ။ တစ်နေ့ ကို ၅-၆ ကြိမ်လောက် ခွဲစားပါ။ ဒီလို စားသုံးတာကြောင့် အစာကို နည်းနည်း ချင်း ချေဖျက်ရလို့ ဝမ်းဗိုက်နာကျင်မှုကို ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်အတွက်လည်း အစာအာဟာရ ရရှိမှုကို ကောင်းမွန်စေ ပါတယ်။

အိပ်ရေး၀၀ အိပ်စက်အနားယူပါ
အိပ်ရေး၀၀ အိပ်စက်အနားယူတာ က နာတာရှည်အူမကြီးရောင်ရမ်းရောဂါ ရှိသူတွေမှာ ရောဂါသက်သာစေတဲ့ အ ကောင်းဆုံး နည်းလမ်းပါ။ တစ်ညကို ရှစ် နာရီရအောင် အိပ်စက်ပါ။ အိပ်စက်မရ အောင် ဝေဒနာခံစားနေရပါက ဆရာဝန် နဲ့ ပြသတိုင်ပင်ပါ။

အစားအသောက်နှင့် ခံစားရသောဝေဒနာများ ကို မှတ်သားပါ
နေ့စဉ် စားသောက်တဲ့ အစားအ သောက်တွေနဲ့ အဲဒီအစားအသောက် တွေ စားသုံးရင် ဖြစ်ပေါ်လာတဲ့ ဝေဒနာ တွေကို ရေးမှတ်ထားပါ။ ဒီလိုမှတ်ထား တာကြောင့် သင်နဲ့ မတည့်တဲ့ အစားအ စာ၊ ဝေဒနာပိုဆိုးလာစေတဲ့ အစားအစာ ကို သိရှိပြီး ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အစပ်များတဲ့ အစားအစာ၊ အဆီများတဲ့ အစားအစာ၊ ကဖင်းပါတဲ့ အစားအစာ၊ ကာဗွန်ဖြည့်ထားတဲ့ အချိုရည်တွေက သင်ခံစားရတဲ့ ဝေဒနာတွေ ပိုဆိုးလာစေ တယ်ဆိုတာ သိရှိပါလိမ့်မယ်။

အာဟာရစုံလင်စွာ ပါရှိသော အစားအစာကို ရွေးစားပါ
နာတာရှည် အူမကြီးရောင်ရမ်းရော ဂါရှိတွေအနေနဲ့ အစားအသောက် စား သုံးရာမှာ အကန့်အသတ်နဲ့သာ စားသုံး ရတာကြောင့် အာဟာရစုံလင်စွာပါဝင် တာတွေကို ရွေးချယ်စားတတ်ဖို့ လိုပါ တယ်။ ပုံမှန်အားဖြင့် ပီဇာစားသုံးတာက ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိဘူးလို့ ထင် ကောင်းထင်နိုင်ပေမယ့် ပီဇာမှာ အာဟာ ရဓာတ် များစွာပါဝင်ပါတယ်။ ပီဇာစား သုံးတဲ့အခါ အဆီမပါတဲ့ ပရိုတင်း၊ အဆီ နည်း နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက် စတာတွေ ပါဝင်တာကြောင့် စမ်းစား ကြည့်လို့ ဝေဒနာပိုမိုဆိုးရွားလာတာမျိုး မရှိရင် စားသုံးနိုင်ပါတယ်။

အာဟာရဆိုင်ရာ အကြံပြုချက်
နာတာရှည် အူမကြီးရောင်ရမ်းရော ဂါ ရှိသူတွေအတွက် သီးသန့်စားသုံးနိုင်တဲ့ အစာရယ်လို့တော့ သတ်မှတ်ချက်မရှိပါ။ ကျွမ်းကျင်တဲ့ဆရာဝန်၊ အာဟာရပညာ ရှင်တွေနဲ့ တိုင်ပင်ပြီး စားသုံးပါ။ ကြေ ညက်လွယ်တဲ့ အစားအစာတွေ စားသုံး တာကတော့ အသင့်တော်ဆုံးပါ။

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ပါနှင့်
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာကြောင့် နာတာရှည်အူမကြီး ရောင်ရမ်းနေသူတွေမှာ ရောဂါလက္ခဏာ တွေ ပိုဆိုးစေပါတယ်။ ပြင်းပြင်းထန်ထန် ပြေးတာ၊ တွန်းတွန်းတိုက်တိုက် ကစား တာတွေကို ရှောင်ပြီး လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ တရားထိုင်တာတွေ ပြုလုပ်ပါ။

ဆရာဝန်မညွှန်ကြားဘဲ ဝမ်းပိတ်ဆေးများကို မသောက်ပါနှင့်
ဆရာဝန်မညွှန်ကြားဘဲ ဝမ်းပိတ် ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဆေး ဆိုင်က ဝယ်မသောက်သင့်ပါ။ ဝမ်းချုပ် တာကြောင့် ခန္ဓာကိုယ်တွင်းမှာ အဆိပ်အ တောက် စုစည်းတာတွေ ဖြစ်နိုင်လို့ပါ။

မိသားစုဝင်များ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင် ဖက်များကို ပြောပြထားပါ
သင့်ရောဂါနဲ့ ပတ်သက်ပြီး မိသားစု ဝင်တွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင် ဖက်တွေကို ပြောပြထားတာကြောင့် သူတို့ တွေရဲ့ ဖေးမကူညီမှု၊ နားလည်ပေးမှုတွေ ကို ရရှိနိုင်ပါတယ်။ မိသားစုဝိုင်းဖွဲ့ စကား ပြောနေချိန်မျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့ ဆုံစကားပြောနေချိန်မျိုး၊ အစည်းအဝေး ကျင်းပနေချိန်မျိုးတွေမှာ ဝမ်းဗိုက်မအီမ သာဖြစ်လာလို့ သန့်စင်ခန်းသွားဖို့ကို အား လုံးက နားလည်မှု ပေးနိုင်ပါလိမ့်မယ်။

ဗဟုသုတ ရှာမှီးပါ
ခံစားနေရတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ ရေးသားထားတဲ့ စာ အုပ်၊ စာပေတွေကို ဖတ်ရှုလေ့လာပါ။ ဆရာဝန်နဲ့ အချိန်ပြည့် တွေ့ဆုံပြီး လမ်း ညွှန်မှုတွေကို မရယူနိုင်တာကြောင့် စာအုပ်စာပေတွေက တစ်ဆင့် ဆင်ခြင် သင့်တာတွေကို ဖတ်ရှုလိုက်နာဖို့လိုပါ တယ်။

ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal