အရေပြားမှိုစွဲရောဂါနှင့် လွဲမှားစွာ အသုံးပြုနေသော လိမ်းဆေးများ

Q. အရေပြားမှိုစွဲရောဂါက တစ်ယောက် ကနေတစ်ယောက်ကို ကူးစက်နိုင်ပါသ လား။
အရေပြားမှိုစွဲရောဂါက တစ် ယောက်နဲ့တစ်ယောက် တိုက်ရိုက်တော့ မကူးစက်ပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အိမ်မှာ ခွေးလေး၊ ကြောင်လေးတွေ မွေး ထားကြတယ်။ အဲဒီခွေးလေး၊ ကြောင် လေးတွေက အိမ်ပေါ်တက်လိုက်၊ ခြံထဲ ပြေးဆင်းလိုက် လုပ်တယ်။ မြေကြီးပေါ် လျှောက်သွားလိုက်၊ သစ်ဆွေးတွေထဲ သွားလိုက်၊ ပြီးရင် လူကိုလာကုတ်လိုက် လုပ်ရင် သူတို့လက်သည်းထဲမှာ မှိုပိုးတွေ ပါလာတယ်။ လူတွေက သူတို့ကို ပွေ့ချီ တယ်ဆိုရင်လည်း သူတို့ခြေထောက်တွေ ကနေတစ်ဆင့် လူဆီကို ကူးစက်နိုင်ပါ တယ်။ အသည်းခြောက်ရောဂါဖြစ်စေတာ က ငရုတ်သီးမှာပါတဲ့ မှိုကနေဖြစ်ပါတယ်။ အဲဒါကြောင့် မှိုပါတဲ့အစားအစာဆိုရင် မ စားသင့်ပါဘူး။ ငရုတ်သီးမှုန့်ဆိုရင် မှိုတက် လားမသိ၊ မတက်လားမသိနဲ့မို့ စားလို့ တောင်မသင့်ပါဘူး။ မှိုက တော်တော်နဲ့ မသေပါဘူး။ ရှင်သန်နိုင်တဲ့အား များပါ တယ်။

Q. ပတ်ဝန်းကျင်အသုံးအဆောင်၊ ညစ် ညမ်းမှုတွေကြောင့်ကော အရေပြားမှိုစွဲ ရောဂါ ဖြစ်တတ်ပါသလား ဆရာမ။
ဒါကတော့ လယ်သမားတွေမှာ အ ဖြစ်များတတ်ပါတယ်။ နွားမွေးတဲ့သူတွေ မှာ နွားချေးကိုင်တဲ့သူတွေမှာလည်း အဖြစ် များတယ်။ အရေပြားအပေါ်ယံမှာပဲ အဖြစ် များတတ်ပေမယ့် လယ်ကွင်းထဲသွားရင်း နဲ့ သစ်ဆွေးတွေနဲ့ထိုးမိတယ်ဆိုရင် အပေါ် ယံမှာနေတဲ့မှိုပိုးတွေက အတွင်းထဲအထိ ရောက်သွားပါတယ်။ အဲဒီလိုမျိုး ဖြစ်လေ့ ဖြစ်ထရှိပေမယ့် ဖြစ်တာရှားပါတယ်။ ဒါ ပေမဲ့ သတိတော့ထားရပါမယ်။ ကိုယ့် ပတ်ဝန်းကျင် ကိုယ်မိသားစုတွေထဲမှာ တွေ့ တယ်ဆိုရင် ရန်ကုန်ဆေးရုံကြီး အရေပြား ရောဂါကုသဌာနကို ပို့လို့ရပါတယ်။ အဲဒီလို လူနာတွေကိုလက်ခံပြီး ရောဂါပျောက် ကင်းတဲ့အထိ ကုသပေးပါတယ်။
နောက်တစ်ခုက ဘော်ဒါဆောင်မှာ နေရတဲ့ ကလေးတွေ များသောအားဖြင့် မိုးတွင်းမှာ အ၀တ်အစားမခြောက်ဘဲ ၀တ် ရတာမျိုးတွေ ရှိပါတယ်။ ဘော်ဒါ ကျောင်း မှာနေတဲ့ ၈တန်း၊ ၉ တန်း၊ ၁၀ တန်း အရွယ် ကလေးတွေမှာ အ၀တ်လျှော်တာကလည်း မလျှော်တတ်၊ လျှော်တတ်၊ ကျောင်းစာက လည်း လုပ်ရဦးမယ်၊ အများနဲ့ဆိုတော့ အ၀တ်တွေကို ထပ်ပြီးလှမ်းကြတယ်။ မိုး တွေကရွာတော့ အ၀တ်တွေကမခြောက် တော့ဘူး။ မခြောက်တခြောက်အ၀တ် တွေဝတ်တော့ အရေပြားမှိုစွဲတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အ၀တ် အစားတွေကို ခြောက်သွေ့အောင် လျှော်ပြီး မီးပူတိုက်ပြီးမှ ၀တ်သင့်တယ်။ မီးပူတိုက်ပြီးပြီးချင်းမှာလည်း အ၀တ်ကို မ၀တ်သင့်ဘူး။ ဒါက ရှောင်ရန်၊ ဆောင်ရန် သဘောပါ။

Q. အရေပြား မှိုစွဲရောဂါကို ကုသတာနဲ့ ပတ်သက်ပြီးလည်း ရှင်းပြပေးပါ ဆရာမ။
အရေပြားမှိုစွဲရောဂါကို ကုသတဲ့သ ဘောကတော့ ချွေးသိပ်မထွက်အောင်၊ ခြောက်သွေ့အောင်လုပ်လိုက်ပြီး မှိုပိုး သတ်အာနိသင်ရှိတဲ့ ပေါင်ဒါလိမ်းပါ။ ဘာ မှမရှိရင်လည်း ရိုးရိုးပေါင်ဒါပဲ သုံးနိုင်ပါ တယ်။ ပေါင်ဒါက အမှုန့်ဆိုတော့ ထွက် လာတဲ့ချွေးကို စုပ်လိုက်တယ်။ အဲဒီတော့ အင်္ကျီမှာ ချွေးတွေရွှဲလောက်အောင် မ ဖြစ်တော့ဘူး။ ဒါလည်း ခဏပဲခံပါတယ်။ ချွေးတွေထွက်လာရင် အင်္ကျီလဲ၊ ပေါင်ဒါ လိမ်း ထပ်လုပ်ပါ။
အလုပ်ပြီးရင် ခြေထောက်ကို ရေ ဆေးပြီး ခြောက်သွေ့အောင် သုတ်ပါ။ ခြေချောင်းလေးတွေကြားထဲကိုလည်း သေချာပြောင်အောင်သုတ်ပါ။ အခု ခေတ်က တစ်ရှူးတွေပေါ်တော့ (တစ် ရှူးက ရေစုပ်တယ်) ခြေချောင်းကြား တွေထဲကို တစ်ရှူးနဲ့ သေချာသုတ်ပါ။ ခြောက်သွေ့အောင် ထားပါ။

Q. အရေပြားမှိုစွဲရောဂါအတွက် သုံးနေ ကြတဲ့ လိမ်းဆေးတွေနဲ့ ပတ်သက်ပြီး တော့လည်း ရှင်းပြပေးပါဆရာမ။
သိပ်မဆိုးဘူးဆိုရင် လိမ်းဆေးတွေ လိမ်းပေးနိုင်ပါတယ်။ ဗမာတွေက အိမ် သုံးဆေးဝါးလေးတွေ အသုံးပြုတတ်ကြ တယ်။ တချို့ဆေးဝါးတွေက အန္တရာယ်ရှိ ပါတယ်။ ဆေးလိမ်းလိုက်ရင် ပျောက် သွားတယ်ဆိုပေမယ့် ထပ်ခါတလဲလဲ လိမ်းရင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။ လိမ်းလိုက်ရင် သက်သာတယ်၊ နေလို့ကောင်းတယ်၊ ပြီးရင် ပြန်ကြွလာတယ်၊ လိမ်းလိုက်ရင် သက်သာတယ်၊ နောက်ထပ်ဖြစ်လာတယ်၊ လိမ်းရင်းလိမ်းရင်းနဲ့ ပြည်တည်လာမယ်၊ ပြဲလာမယ်၊ ရိလာမယ်၊ ငယ်တဲ့အရွယ် တွေဖြစ်တဲ့ ၁၃-၁၄ နှစ်အရွယ်တွေမှာဆို ပေါင်ကြား၊ ချိုင်းကြားတွေမှာ အကြော ပြတ်တဲ့ အစင်းကြောင်းကြီးတွေ ဖြစ်လာ တာ ကြောက်ဖို့တောင် ကောင်းပါတယ်။ အဲဒါတွေက ဘာကြောင့်ဖြစ်တာလဲဆိုရင် အင်္ကျီတွေဝတ်တာကြာလာတဲ့အခါ ဆွေး တာပေါ့။ အဲဒီဆွေးတာကြောင့် အသား တွေထိပြီး အကြောပြတ်ရာအစင်းတွေ ဖြစ်လာတာပါ။ ရောဂါကြောင့်ဖြစ်တာ မဟုတ်ပါဘူး။

Q. စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေနဲ့ ပတ်သက်ပြီးလည်း သုံးသင့်၊ မသင့် သိချင်ပါတယ် ဆရာမ။
တချို့လိမ်းဆေးတွေမှာက စတီး ရွိုက်တွေပါတယ်။ အဲဒီစတီးရွိုက်တွေ ကြောင့်လည်း အသားအရေကို စားသွား၊ ရိသွားပြီး အစင်းကြောင်းတွေ ထင်နိုင်ပါ တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မှာ ဖြစ်သလိုမျိုးပါ။ ပြန်မကောင်းနိုင်ပါ ဘူး။ ပေါင်ကြားထဲ မှိုစွဲရောဂါဖြစ်လို့ စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေလိမ်း လိုက်တာကြောင့် အစင်းကြောင်းတွေ ဖြစ်လာခဲ့ရင် ပြန်မကောင်းနိုင်ပါဘူး။ ပြန်ကောင်းရင်တောင် တစ်ဝက်လောက် ပဲကောင်းပါမယ်။ မိမွေးတိုင်း ဖမွေးတိုင်း တော့ ပြန်မကောင်းတော့ပါဘူး။ ဒါ ကြောင့် တွေ့ရာဆေးတွေ မလိမ်းသင့်ပါ ဘူး။ မှိုပိုးသတ်ဆေးဆိုရင် မှိုပိုးသတ်တဲ့ ဆေး တစ်မျိုးပဲပါရပါမယ်။ စတီးရွိုက် ဆေးတွေနဲ့ ရောပြီးထုတ်ထားတာတွေ မသုံးသင့်ပါ။ စတီးရွိုက်နဲ့ ဆေးကို ရော ထုတ်ထားရတာက အယားသက်သာ အောင်ပါ။ နှင်းခူမှာလည်း သုံးလို့ရ အောင်၊ မှိုပိုးမှာလည်း သုံးလို့ရအောင် အလွယ်ထုတ်လိုက်တာပါ။ စတီးရွိုက်နဲ့ မပေါင်းထားတဲ့ မှိုပိုးသတ် ဆေးတစ်မျိုးပဲ ပါတဲ့ဆေးဆိုရင် အကြောပြတ်ရာတွေ မဖြစ်ပါဘူး။ စတီးရွိုက်နဲ့ ပေါင်းထားတဲ့ ဆေးတွေကို သုံးမယ်ဆိုရင် ပျောက်တာ မြန်တယ်ဆိုပေမယ့် ဆက်တိုက်သုံးမယ် ဆိုရင် အကြောပြတ်ရာတွေ ဖြစ်လာပါ တယ်။

Q. လွဲမှားစွာ အသုံးပြုနေကြတာနဲ့ ပတ် သက်ပြီး ဆရာမတွေ့နေရတဲ့ လူနာတွေ အကြောင်းလည်း ရှင်းပြပေးပါ။
မိန်းကလေးတွေဆိုရင် မျက်နှာမှာ လည်း သုံးကြပါတယ်။ မျက်နှာသုံးတာ ကြောင့် ၀က်ခြံဖု အကြီးကြီးတွေ ထွက် လာတယ်၊ အသားအရေတွေ ကြမ်းလာပါ တယ်။ ယားနာပျောက်ဆေးတွေကို တစ် ယောက်နဲ့တစ်ယောက် လက်လှမ်းမီရာ ဩန်းလိုက်ကြတော့ ၀က်ခြံပေါက်လည်း သုံးတယ်၊ တင်းတိပ်ပေါက်လည်း သုံး ကြတယ်။ ကျွန်မကတွေ့လို့ ဘာကြောင့် သုံးတာလဲ၊ ဘယ်ကရတာလဲမေးတော့၊ အွန်လိုင်းမှာရောင်းနေတာတွေ့လို့ ၀ယ် သုံးတယ်ပြောကြတယ်။ ဒါက မှားနေပါ တယ်။ အမှားတွေ ပျံ့နေပါတယ်။ သုံး တဲ့သူကိုယ်တိုင်လည်းသိတယ်။ လိမ်းနေ ရင်းနဲ့ မျက်နှာကနီရဲပြီး အဖုပေါင်းများစွာ ဖြစ်လာတယ်။ တချို့လည်း လိမ်းနေရင်း နဲ့ ဖြူသွားတယ်။ ဖြူသွားတယ်ဆိုတာ စတီးရွိုက်ဆေးတွေရဲ့ ဘေးထွက်ဆိုး ကျိုးပါ။ အဲဒီတော့ တင်းတိပ်တွေဆိုရင် လည်း ပါးသွားတယ်ဆိုပြီး သုံးကြပါ တယ်။ တကယ်တော့ အဲဒါက ဘေးထွက် ဆိုးကျိုးကြောင့် ဖြူသွားတာပါ။ တကယ် ပျောက်တာ မဟုတ်ပါဘူး။ တချို့လည်း ဖြူသွားတော့ ကြောက်လန့်ပြီး ဆရာဝန် ဆီ ရောက်လာပါတယ်။ ကျွန်မက ဘာ ဆေးတွေသုံးမိလဲ မေးရပါတယ်။ စတီး ရွိုက်ပါတဲ့ ဆေးလိမ်းနေတာကို ရပ်ထား ပေးပါလို့ မှာရပါတယ်။ အလွန်အကျွံ မဖြစ်ဘူးဆိုရင် အရေပြားက အမြဲတမ်း ပြောင်းလဲနေတာကြောင့် ဖြူသွားတဲ့နေ ရာက ပြန်ကောင်းလာပါတယ်။ အရေပြား က ကွာကျလိုက်၊ အောက်ကနေအသစ် ပြန်ဖြစ်လိုက် ဖြစ်ပါတယ်။ အရေပြားရဲ့ သက်တမ်းက တစ်လကြာပါတယ်။ အဲဒါ ကြောင့် တစ်လ၊ နှစ်လကြာတဲ့အခါ နဂို အရေပြားကို ပြန်ရပါတယ်။

◘ ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်
အရေပြားရောဂါအထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *