အရေပြားအတွက်ဗီတာမင် အေ၊ စီ၊ အီး

အရေပြားကျွမ်းကျင်သူ အထူးကုအတော်များများက အင်တီအောက်ဆီးဒင့် (Antioxidants)တွေဟာ ဖရီးရယ်ဒီ ကယ်တွေကိုတိုက်ထုတ်ပေးနိုင်ပြီး အရေပြားမှာအရေးကြောင်း ဖြစ်တာ၊ ရောင်ရမ်းတာတွေမဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ အင်တီ အောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင် အေ၊ စီ၊ အီးတွေကို အလှ ကုန်တွေမှာထည့်သွင်းထုတ်လုပ်လာပြီး သူတို့က အရေပြား အတွက် ဘယ်လိုအထောက်အကူပြုလဲ၊ ဘာတွေစားရမလဲဆို တာကို ရေးပေးလိုက်ပါတယ်။

ဗီတာမင် အေ (Anti-aging)
ဗီတာမင် အေက ရက်တီနောနဲ့ တူတူပါပဲ၊ သူက အရေ ပြားပေါ်က အရေးကြောင်းတွေ၊ အဖုတွေ၊ မညီညာတာတွေ၊ အမာရွတ်တွေ၊ ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ရက်တီနောကိုတစ်ပတ်တစ်ကြိမ်လောက်ပဲလိမ်းပါ။ ရက်တီနော ကို ဗီတာမင်စီနဲ့တွဲမလိမ်းပါနဲ့၊ အရေပြား ပိုခြောက်တတ်ပါတယ်။
ဗီတာမင် အေရဖို့ စားပေးရမှာက – အမဲအသည်း၊ ကန် စွန်းဥ၊ သရက်သီး၊ ဘရိုကိုလီ၊ ဟင်းနုနယ်၊ ကိုက်လန်၊ ဖရဲသီး၊ ဆီးသီး၊ ဖရုံသီး၊ မုန်လာဥနီ စတာတွေ စားပေးပါ။

ဗီတာမင် စီ (Brightening)
သူက မွဲပြာခြောက်ပြီး ပင်ပန်းနေတဲ့ အသားအရေအတွက် ထိရောက်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် ကြောင့် ပျက်စီးသွားတဲ့အသားအရေကိုလည်း ပြန်လည်ကောင်း မွန်စေပါတယ်။ အရေပြားကိုတင်းရင်းစေပြီး အရေးကြောင်း တွေကို သက်သာစေပါတယ်။ အသားအရောင်မညီတာတွေကို လည်း ညှိပေးနိုင်ပါတယ်။
ဗီတာမင် စီ ရဖို့ စားပေးရမှာက – ဘရိုကိုလီ၊ လီမွန်၊ လိုင် ချီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ကောင်း၊ ကန်စွန်းဥ၊ ဟင်းနုနယ်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် စတာတွေပါဝင်ပါတယ်။

ဗီတာမင် အီး (Moisturizing)
သူက အရမ်းမပြင်းတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး ရက်တီနောနဲ့ မတည့်တဲ့ အသားအရေ၊ ဒါမှမဟုတ် Sensitive အသားအရေအတွက် သင့်တော်ပါတယ်။ သူက အရေပြားကို ဖရီးရယ်ဒီကယ်တွေက ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အို မင်းရင့်ရော်တာမဖြစ်အောင်ဟန့်တားနိုင်ပါတယ်။ အရေပြားကို အစိုဓာတ်ပေးနိုင်ပြီး အမာရွတ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါ တယ်။ ဗီတာမင် အီးကို ဗီတာမင်စီနဲ့တွဲဖက်ပြီး လိမ်းပေးနိုင်ပါတယ်။ဗီတာမင်အီးရဖို့စားပေးရမှာက-အစေ့အဆန်အမျိုးမျိုး(အယ်လ် မွန်စေ့၊ နေကြာစေ့၊ မြေပဲ၊ သစ်အယ်သီး)၊ ဟင်းသီးဟင်းရွက်ဆီ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် စတာတွေ စားပေးပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *