အရေပြားအတွက် Beauty Sleep

Beauty Sleep ဆိုတဲ့ Tend က ခေတ်စားနေတာကြာပါပြီ။ အိပ်ရာဝင်နောက်ကျတာ၊ အိပ်ချိန်မပြည့်ဝတာတွေက အသား အရေကို ထိခိုက်စေပြီး အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို မြန်စေပါ တယ်။ အရေပြား နုပျိုစေပြီး ကျန်းမာဖို့ဆိုရင် Beauty Sleep က အဓိက လိုအပ်ပါတယ်။ Beauty Sleep အပြည့်အဝရဖို့ Tips တွေက-

(၁) အိပ်ချိန်ပြည့်ရဲ့လား
အိပ်ချိန်ကို ခုနစ်နာရီကနေ ကိုးနာရီကြား ရအောင်အိပ်ပါ။ အိပ်ချိန်အတွင်းမှာမှ အရေပြားဟာ သူရဲ့ ပြုပြင်ရေးလုပ်ငန်း စဉ်ကို လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။

(၂) ခေါင်းအုံးစွပ်ကနူးညံ့ရဲ့လား
ခေါင်းအုံးစွပ်ကို ပိုးသား၊ ဖဲသားမျိုးနဲ့ အိပ်စက်ပါ။ သူက မျက်နှာအရေပြားမှာ အရေးကြောင်းတွေဖြစ်မှုကို လျော့စေပြီး ဆံသားငြိပြီး ကျိုးပြတ်တာတွေကိုလည်း လျော့နည်းစေပါတယ်။ နှစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လဲပေးပါ၊ အထက်၊ အောက် လှန်ပြီး ပြောင်းအုံးပေးပါ။

(၃) အိပ်တဲ့ပုံစံမှန်ရဲ့လား
ဘေးစောင်းမအိပ်ဘဲ ပက်လက်အနေအထားအိပ်စက်ပါ။ တစ်ဖက်တည်းကို စောင်းအိပ်တတ်သူတွေမှာ စောင်းအိပ်တဲ့ မျက်နှာဘက်မှာ အရေးကြောင်း ပိုဖြစ်စေပါတယ်။

(၄) အစိုဓာတ်ထိန်းခရင်မ်လိမ်းရဲ့လား
အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။ သူက Beauty Sleep Hour အတွင်းမှာ အရေပြားရဲ့ ပြုပြင်ရေး လုပ်ငန်းစဉ်အတွက် အကူအညီပေးနိုင်ပါတယ်။ နှုတ်ခမ်းအတွက်လည်း Lip Balm တစ်မျိုးလိမ်းအိပ်ပါ။

(၅) ဆံပင်ကိုသေချာထားအိပ်ရဲ့လား
အိပ်တဲ့အခါ ဆံပင်ကို မျက်နှာပေါ် မရောက်စေဖို့ ချည် နှောင်ထားပါ။ ဒါပေမဲ့ အတင်းအကျပ်ကြီး မစည်းပါနဲ့၊ ဆံသား ကျွတ်တာဖြစ်စေပါလိမ့်မယ်။ ပိုးသား၊ ဖဲသား ခေါင်းစည်းကြိုးနဲ့ ချောင်ချောင်လေးပဲချည်နှောင်ပြီး မျက်နှာကို ဆံပင်တွေမထိ အောင် ထားအိပ်ပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *