အရေပြားအမျိုးအစားအားလုံးအတွက် အလှအပလျှို့ဝှက်ချက်

အသားအရေလှပဖို့ဆိုတာ သူ့အပေါ်ဂရုစိုက်နိုင်မှု၊ သင်ရဲ့ စားသောက်မှုပုံစံနဲ့ ဘ၀နေထိုင်မှုပုံစံပေါ်မှာ အများကြီးမူတည်ပါတယ်။ အောက်ပါတို့ဟာ မတူညီတဲ့ အရေပြားအမျိုးအစား သုံးမျိုးအတွက် အသားအရေလှပနိုင်မယ့် လျှို့ဝှက်ချက်တွေပါ။

အဆီပြန်သောအသားအရေအတွက်

– ခရမ်းချဉ်သီးကို အဝိုင်းလေးတွေလှီးပြီး အရေပြားပေါ်မှာ ပွတ်ပေးပါ။ တိုနာအ ဖြစ် အသုံးဝင်နိုင်သလို မွေးညင်းပေါက်တွေလည်း ကျဉ်းမြောင်းသွားနိုင်ပါတယ်။
– အဆီပြန်တာနည်းပြီးအသားအရေတောက်ပလိုရင် ပန်းသီးကို စိတ်ပြီး ပါးပြင်နဲ့ နဖူးမှာ ပွတ်လိမ်းပေးနိုင်ပါတယ်။
– နွားနို့ကို ဝါဂွမ်းနဲ့တို့ပြီး အဆီပြန်တဲ့အသားအရေပေါ်ပွတ်ကာ တိုက်ရိုက်သန့် စင်နိုင်ပါတယ်။
– နွားနို့ထဲမှာ ရှောက်ရည်ညှစ်ပြီး အဲဒီအရည်ကို ဝါဂွမ်းနဲ့တို့ကာ မျက်နှာပေါ်မှာ သုတ်လိမ်းထားပါ။ ၅-၁၀ မိနစ်အကြာမှာမှ ရေနဲ့ ဆေးကြောလိုက်ပါ။ အဆီပြန်တာ တွေ လျော့ကျသွားနိုင်ပါတယ်။
– လတ်ဆတ်တဲ့သစ်သီးဖျော်ရည် သောက်ပါ။ အထူးသဖြင့် အချဉ်အရသာရှိတဲ့ သစ်သီးနဲ့ ပန်းသီးဖျော်ရည် ဒါမှမဟုတ် သင်္ဘောသီးဖျော်ရည်တွေ စသဖြင့် ကြိုက် နှစ်သက်ရာဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။
– အရေပြားအတွင်း ရေဓာတ်ပြည့်ဝပြီး အဆိပ်အတောက်တွေ ကင်းစင်နိုင်အောင် နေ့စဉ် ရေ ရှစ်ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိ သောက်ပေးပါ။
– မျက်နှာသစ်ဆပ်ပြာနဲ့ တစ်နေ့ကို အနည်းဆုံး သုံးကြိမ် မျက်နှာသစ်ပါ။ မနက် အိပ်ရာထချိန်၊ ရေချိုးချိန်နဲ့ အိပ်ရာမဝင်ခင်အချိန်တွေမှာပါ။
– အပြင်ထွက်တိုင်း တစ်သျှူးဆောင်သွားပါ။ သင့်အသားအရေပေါ်မှာ ဖုန်မှုန့်၊ အညစ်အကြေးတွေကပ်လာတိုင်း အဲဒီတစ်သျှူးနဲ့ သန့်စင်ပေးပါ။

ခြောက်သွေ့သောအသားအရေအတွက်

– အမှည့်လွန်တဲ့ငှက်ပျောသီးကို အမှည့်လွန်တဲ့ထောပတ်သီးအနှစ်နဲ့ ရောနယ်ပြီး အဲဒီအနှစ်ကို မျက်နှာပေါ်မှာ Face Mask အနေနဲ့ အသုံးပြုပါ။
– ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက် အရေပြားအမျိုးအစားအားလုံးက လိုအပ် ပေမယ့် ခြောက်သွေ့အသားအရေပိုင်ရှင်တွေကတော့ အထူးပိုမိုလိုအပ်ပါတယ်။
– ဆဲလ်သေတွေကို ဖယ်ရှားပြီးနောက်ပိုင်းမှာ အရေပြားရေဓာတ်ပြည့်ဝဖို့နဲ့ အစို ဓာတ်ထိန်းနိုင်ဖို့အတွက် ခရင်မ် ဒါမှမဟုတ် လိုးရှင်းတစ်ခုခုလိမ်းပေးပါ။ ဂလစ်ဆရင်း ကတော့ အကောင်းဆုံးပါ။
– တစ်ခါတလေမှာ သင့်အရေပြားအတွင်း အာဟာရပြည့်ပြည့်၀၀ရရှိဖို့အတွက် င်္ဗီတာမင် အီး ဆေးတောင့်တစ်တောင့်ကို သံလွင်ဆီ စားပွဲဇွန်း နှစ်ဇွန်းစာနဲ့ ရောစပ် ပြီး ဝါဂွမ်းအသုံးပြုကာ သင့်မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ ပြီးရင် မျက်နှာကို ရေ နွေးနဲ့ ဆေးကြောပြီး ခြောက်သွေ့အောင် ထားပါ။
– နွားနို့မလိုင်ကိုလည်း Face Mask အနေနဲ့ အသုံးပြုနိုင်ပါတယ်။ မျက်နှာပေါ် မှာ သုတ်လိမ်းကာ ၁၀ မိနစ်ခန့် ထားပြီးမှ ရေနဲ့ ဆေးကြောပါ။
– နေ့စဉ် ရေ ၈-၁၀ ဖန်ခွက်ရအောင် သောက်ပေးပါ။ သင်္ဘောသီးမှည့်၊ ငှက်ပျော သီးမှည့်နဲ့ သရက်သီးမှည့်လိုမျိုး သစ်သီးတွေ စားသုံးပေးပါ။

အထိခိုက်လွယ်သောအသားအရေအတွက်

ဒီအရေပြားပိုင်ရှင်တွေက ခြောက်သွေ့ပြီး အဖုအပိမ့်ပေါက်နိုင်တာ ဒါမှမဟုတ် အဆီပြန်နေပြီး ဝက်ခြံထွက်လွယ်တဲ့အမျိုးအစားတွေပါ။ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
– ခြောက်သွေ့တဲ့အရေပြားအတွက် တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ဖို့ လိုအပ်ပြီး အဆီပြန်တဲ့အရေပြားအတွက်တော့ တစ်နေ့ သုံးကြိမ် မျက်နှာသစ်ပါ။
– ဆဲလ်သေတွေကို ကြေးချွတ်ဖယ်ရှားဖို့ နေ့စဉ် မလိုအပ်ပါဘူး။ တစ်ပတ်ကို သုံး ကြိမ် ပြုလုပ်ရင် ရပါပြီ။
– ပူဒီနာနဲ့ Mask ပြုလုပ်တာက ထိခိုက်လွယ်တဲ့အရေပြားအတွက် အလွန်သင့် တော်ပါတယ်။ ရနံ့မွှေးကြိုင်တဲ့အပြင် အရေပြား နူးညံ့တောက်ပြောင်နိုင်ပါတယ်။
– ထောပတ်သီးနဲ့ပျားရည်ပေါင်းစပ်တဲ့ Mask ကလည်း ထိခိုက်လွယ်တဲ့အရေပြား နဲ့ ခြောက်သွေ့အရေပြားအတွက် အလွန်ကောင်းမွန်ပါတယ်။
– အိမ်ပြင်မထွက်ခင်မှာ Sunscreen လိမ်းဖို့ မမေ့ပါနဲ့။
– သင့်ဦးရေပြားပေါ်မှာ ဗောက် ရှိ မရှိ ကြည့်ပါ။ ဗောက်ကြောင့် သင့်အရေပြားပေါ် မှာ အဖုအပိမ့်တွေထွက်ပြီး ယားယံလာနိုင်ပါတယ်။ ဗောက်ရှိနေရင် ဗောက်ပျောက် ကင်းအောင် ကုသပေးပါ။
– တစ်နေ့ အနည်းဆုံး ရေ ၈-၁၀ ဖန်ခွက်အထိ သောက်ပြီး ၈-၁၀ နာရီ အိပ်စက် ချိန်ရရှိရပါမယ်။
– သင်စားတဲ့အစားအစာထဲမှာ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံ တွေ၊ ဟင်းရွက်ညွန့်တွေ ပါဝင်အောင် စားပေးပါ။ ပန်းသီး၊ ငှက်ပျောသီးတွေကို ပုံမှန် စားသုံးပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရအောင် စပျစ်သီးကိုလည်း စားပေးပါ။
– Multi Vitamin ပါဝင်တဲ့အားဆေးကို မှီဝဲပေးပါ။
– သင့်အရေပြားအတွက် လိုအပ်ရင် အရေပြားအထူးကုဆရာဝန်နဲ့ပြသဖို့ တွေဝေ မှုမရှိပါနဲ့။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *