အရေပြား ခေါက်လိပ်လို့ ရသလား

လူတွေလည်း ထင်ကြေးတွေ၊ မိမိ စိတ်ကူးတွေနဲ့ အတတ်ဆန်းလေးတွေ ပြုမူကြတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်လည်း မသိ။ မသိမတတ်ရင်လည်း နည်းနည်း ပါးပါး တီးခေါက်စပ်စုလုပ်ရတယ်မဟုတ် ပါလား။
အတတ်ဆန်းလေးတွေ လုပ်ကြ တယ်ဆိုတာ ငယ်ရွယ်သူတွေမို့လို့ဆို လည်း ခွင့်လွှတ်လို့ရသေး။ အခုတော့ အသက် ၃၀ ကျော်၊ ကလေးအဖေအ ရွယ်၊ ကလေးအဖေဖြစ်နေပါရဲ့နဲ့ ပေါက် တတ်ကရတွေ လုပ်ကြတယ်။ ကျန်းမာ ရေးဗဟုသုတကနည်း၊ ငွေကုန်ကြေးကျ မတတ်နိုင်။ ခွဲမယ်စိတ်မယ်ဆိုရင် သေမ လောက်ကြောက်။ အဲဒီလိုနဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ထင်ရာမြင်ရာစွတ်လုပ်ကြ တယ်။ တချို့က အကျဉ်းကျနေလို့ အ ကျဉ်းခန်းထဲမှာ အကျဉ်းသားဟောင်းတွေ က ဆရာကြီးပုံစံနဲ့ ဇွန်းလက်ကိုင်ကို သွေးပြီး ဓားလိုလုပ် အရေပြားထဲထိုးသွင်း ဂေါ်လီထည့်၊ အချိုမှုန့်၊ နနွင်းမှုန့်တွေ သိပ်လိုက်တာ ဟုတ်တော့ဟုတ်သား။ အနာက ကျက်နေတယ်။ မကျက်ဘဲ ရောင်ကိုင်းပြီး ဆေးရုံရောက်သူလည်းရှိ တာပေါ့။ ထားပါလေ။ ဒါက အကျဉ်းကျ နေလို့ ကြံဖန်ပြီးလုပ်ကြတာ။
အကျဉ်းမကျဘဲ လွတ်လပ်စွာနေ ခွင့်ရသူတွေက မူးမူးရူးရူးနဲ့ လုပ်လိုက်လို့ စက်ဘီးဘောကွင်းလား၊ ကုန်းကွင်းလား မသိ။ လိင်တံမှာစွပ်လိုက်တာ ပြန်ထုတ်မ ရ။ တင်းကျပ်ပြီး အပေါ့သွားမရ။ ရောင် ကိုင်းပြီး အရည်ကြည်ဖုထပြန်တော့ အပ် နဲ့လိုက်ဖောက်၊ နောက်ဆုံးတွင် ခုံဆရာ နဲ့ပေါင်းပြီး ဖြတ်ထုတ်ဆေးကုခဲ့ရတာ လည်းရှိပါရဲ့ (ဆောင်းပါးအဖြစ် ဖော်ပြခဲ့ ပြီး)။ ဒီမှာ ဒီလိုဖြစ်ခဲ့သလို သူများနိုင်ငံ တွေမှာလည်း ဖြစ်ခဲ့ကြောင်း Good Health ဂျာနယ်ရဲ့နိုင်ငံတကာဆေးလော ကအကြောင်း သတင်းတိုတွေမှာ ဖတ်ခဲ့ရ လို့၊ ကိုယ်တွေဆီက သူတို့ထက် မဟုတ် တဲ့နေရာမှာ ရှေ့ရောက်နေတာ။
အခုတစ်ခါလည်း လာပြန်ပြီ။ လူ တစ်သိန်းမှာ တစ်ယောက်လောက် အ တတ်ဆန်းတဲ့လုပ်ရပ်။ အဲဒီလုပ်ရပ်မပြော ခင် စာဖတ်သူတွေထဲက မသိသေးတဲ့သူ တွေသိစေဖို့ အရင်တင်ပြစရာရှိပါတယ်။ အဲဒါက ဒဏ်ရာတစ်ခုရတယ်။ မတော် တဆဖြစ်ဖြစ် ဆရာဝန်က ခွဲစိတ်လို့ဖြစ် ဖြစ် ဒဏ်ရာရရင် သွေးထွက်မယ်။ ချုပ် မယ့် မျက်နှာပြင်နှစ်ခုက သွေးစို့နေမယ်။ ချုပ်ရိုးကြားထဲ ပြင်ပပစ္စည်းဖြစ်ဖြစ်၊ အဆီ၊ အသားစဖြစ်ဖြစ် ကြားခံမရှိရဘူး။ ဒဏ်ရာနေရာက သန့်ရှင်းမယ်။ သွေး လည်ပတ်မှုကောင်းမယ်ဆိုရင် ချုပ်ရိုးက လှပါလိမ့်မယ်။ တချို့လူနာတွေက ဘယ် ဆရာမက ချုပ်တာ ချုပ်ရိုးလှတယ်ဆိုပြီး ဂုဏ်ယူနေကြတာ။ ချုပ်ရိုးလှတယ်ဆို တဲ့နေရာမှာ ခွဲထားတဲ့နှုတ်ခမ်းသားက သေသပ်တာ၊ သွေးလည်ပတ်မှုကောင်း တာ၊ ညီညာအောင် ချုပ်နိုင်တာ၊ ချုပ်ရိုး အစိပ်အကျဲမှန်ကန်တာ၊ ရောဂါပိုးကင်း စင်တာ စတဲ့အချက်က အရေးကြီးပါ တယ်။
နားပေါက်ကျယ်လို့ ပြန်ချုပ်ရင် နှုတ်ခမ်းသားကို နည်းနည်းညှပ်ပြီး သွေး စို့နေတုန်း မျက်နှာနှစ်ခုကိုတေ့ဆိုင်ပြီး ချုပ်မှ ပြန်ဆက်တာပါ။ အဲဒီလိုပဲ လက် ဖျံနှစ်ချောင်းကို ပူးကပ်ဖို့အတွက် ဒီအ တိုင်းအပ်ချည်နဲ့ချုပ်လို့ ဘယ်ကပ်မလဲ။ ပူးကပ်မယ့်နေရာကို ကွယ်ပြီး နှစ်ဖက်စ လုံး အရေပြားရှပ်လှီးကာ တွယ်ကပ်ချုပ် ရင်တော့ လက်နှစ်ဖက်စလုံး ခွာမရတော့ ပါ။ အရေပြားမွေးတဲ့နေရာမှာ လုပ်ကြတဲ့ နည်း။ ဆိုလိုတာက ဒီတိုင်းချုပ်လို့ ဘယ် ရမှာလဲ။
အခု ကျွန်ုပ်ရဲ့လူနာကတော့ ရွှေ ပန်းအငုံဖြစ်နေတာကို ပွင့်ချင်လို့ဆိုပြီး အရေပြားကို နောက်လှန်ဆွဲ၊ အရင်းပိုင်း အရေပြားတစ်နေရာနဲ့ ထိပ်ပိုင်းတစ်နေ ရာမှာ လက်ချုပ်အပ်နဲ့ တိုက်ရိုက်ထိုး၊ သူ့ ဘေးကနေ နောက်တစ်ပေါက်ကို ဒုတိယ အမှတ်က အရေပြားအောက်ထဲ အပ် ချည်တန်းလန်းနဲ့ ပြန်ထိုးသွင်းပြီး နောက် ဆုံး အပေါက်ကအပ်ကို ထုတ်ပြီး ပထမ ပေါက်က အပ်ချည်စနဲ့ အိတ်ရှုံ့ပုံစံဆွဲ တင်းလိုက်တာ။ သုံးနေရာကိုလုပ်ပြီး သ ကာလ မခံနိုင်လို့ အထုံးဖြည်ပြီး အပ်ချည် ပြန်ဆွဲထုတ်လိုက်တာ တစ်ပင်က ကျန်၊ ရောင်ကလည်း ရောင်၊ ရောင်နေတဲ့ကြား က ကျန်ခဲ့တဲ့အပ်ချည်ကို ဘယ်လိုရှာမ လဲ။ စောင့်ကြည့်ရမယ်။ ပြည်တည်ရင် တော့ ခွဲလိုက်ရင် အပ်ချည်ပါကောင်းပါ လာမယ်။ အခုတော့ ခံလိုက်ဦးပေါ့။ လွယ်တာကို ခက်အောင် လုပ်တတ်ပါပေ့။

အေးကမ္ဘာ ဒေါက်တာချစ်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *