အအေးမိနှင့် တုပ်ကွေး ခြားနားမှုများ သိပါသလား

အအေးမိရောဂါနဲ့ တုပ်ကွေးရောဂါ အတူတူပဲလား၊ ဘာတွေများကွာခြားနေ သလဲဆိုတာ လေ့လာကြည့်ကြရအောင်။
၁။ မနက်မိုးလင်းလို့ နိုးလာတဲ့အခါ လည် ချောင်းနာပြီး နှာရည်ယိုတာ ဘာကြောင့် ဖြစ်တာလဲ။
(က) အအေးမိလို့
(ခ) တုပ်ကွေးဖြစ်လို့

၂။ အအေးမိလက္ခဏာတွေက တဖြည်း ဖြည်းပေါ်လာတတ်ပေမယ့် တုပ်ကွေးက တော့ ရုတ်တရက်ဖြစ်တတ်တယ်။
(က) မှန်
(ခ) မှား

၃။ နုံးချည့်တာက ဘာလက္ခဏာလဲ။
(က) အအေးမိလက္ခဏာ
(ခ) တုပ်ကွေးလက္ခဏာ
(ဂ) နှစ်မျိုးစလုံး

၄။ တုပ်ကွေးဖြစ်နေပေမယ့် နေမ ကောင်းတဲ့ပုံမပေါက်သေးသူတွေဆီက နေ တုပ်ကွေးရောဂါကူးနိုင်လား။
(က) ကူးနိုင်တယ်
(ခ) မကူးနိုင်ဘူး

၅။ အအေးမိတိုင်း အလုပ်မသွားဘဲ အိမ် မှာပဲနားနေသင့်တယ်။
(က) မှန်
(ခ) မှား

၆။ အရည်များများသောက်တာက တုပ် ကွေးကို သက်သာစေပေမယ့် အအေးမိ တာကို မသက်သာစေပါဘူး။
(က) မှန်
(ခ) မှား

၇။ တုပ်ကွေးဖြစ်နေပါက အဖျားပျောက် တာနဲ့ အလုပ်သွားလို့ ရပါပြီ။
(က) မှန်
(ခ) မှား

၈။ ကြက်စွပ်ပြုတ်က အအေးမိတာကို တိုက်ဖျက်ပေးတယ်။
(က) မှန်
(ခ) မှား

၉။ ဘယ်အရာက လည်ချောင်းနာတာ ကို သက်သာစေပါသလဲ။
(က) ဆားရည်နွေးနဲ့ ပလုတ်ကျင်းတာ
(ခ) ရေခဲစုပ်တာ
(ဂ) နှစ်မျိုးစလုံး

၁၀။ ပုံမှန်အအေးမိတာက ဘယ်လောက် ကြာတတ်လဲ။
(က) နှစ်ရက်
(ခ) တစ်ပတ်
(ဂ) နှစ်ပတ်

၁။ (က) အအေးမိလို့
ဒီလက္ခဏာရပ်က အအေးမိလက္ခ ဏာတွေဖြစ်ပေမယ့် တုပ်ကွေးလည်းဖြစ်နိုင် ပါတယ်။ အအေးမိနဲ့ တုပ်ကွေးက လက္ခ ဏာတချို့ဆင်ပါတယ်။ နှစ်မျိုးလုံးက အပေါ်အသက်ရှူလမ်းကြောင်းထဲ ဗိုင်း ရပ်စ်ပိုးကူးစက်တာကြောင့်ပါ။ အအေး မိတာက တုပ်ကွေးထက်ပိုပျော့ပါတယ်။ ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ချောင်း ခြောက်ဆိုးတာနဲ့ နုံးချည့်တာကျတော့ တုပ်ကွေးရောဂါလက္ခဏာရပ်တွေပါ။

၂။ (က) မှန်
အအေးမိတာက အရင်ဆုံး ချမ်း စိမ့်စိမ့်နဲ့ ရက်အနည်းငယ်ဖြစ်နေပြီးမှ ရောဂါလက္ခဏာတွေပေါ်လာတာပါ။ ဒါပေမဲ့ တုပ်ကွေးကတော့ သုံးနာရီကနေ ခြောက်နာရီအတွင်းမှာပဲ ရုတ်တရက် ထ ဖြစ်လာတတ်ပါတယ်။

၃။ (ခ) တုပ်ကွေးလက္ခဏာ
အိပ်ရာကနေမထနိုင်ဘဲ လှဲပဲလှဲချင် နေတယ်ဆိုရင် ကြိုးစားပြီးမထပါနဲ့။ အ ရမ်းကို နွမ်းနယ်နုံးချည့်နေတာအပြင် ချမ်းတုန်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေ က တုပ်ကွေးလက္ခဏာရပ်တွေပါ။ အဲဒီ လို အခြေအနေမှာ ကောင်းကောင်း အ နားယူပေးရပါမယ်။ ပါရာစီတမောလို အ ကိုက်အခဲပျောက်ဆေးတွေက ကိုယ် လက်ကိုက်ခဲတာတွေကို သက်သာစေနိုင် ပါတယ်။

၄။ (က) ကူးနိုင်တယ်
လူတစ်ယောက်ဟာ တုပ်ကွေးရော ဂါကူးစက်နေတယ်ဆိုရင် စပြီးနေထိုင် မကောင်းစဉ် တစ်ရက်အလိုကနေ ခုနစ် ရက်အကြာအထိ တခြားလူတွေဆီ တုပ် ကွေးရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဒါ ကြောင့် တုပ်ကွေးဖြစ်နေတယ်လို့ မထင် ရသူတွေဆီကနေလည်း ရောဂါကူးနိုင် တာပါ။ အအေးမိသူတွေကတော့ လက္ခ ဏာရပ်တွေပေါ်လာပြီး နှစ်ရက်ကနေ လေးရက်အတွင်း တခြားသူတွေဆီ ရော ဂါကူးစက်နိုင်ခြေအများဆုံးဖြစ်ပြီး နှစ် ပတ်အကြာထိတောင် ကူးစက်နိုင်ခြေ ရှိ ပါတယ်။ ဒါကြောင့်လည်း အအေးမိတုပ် ကွေး အဖြစ်များတဲ့ရာသီမှာ ရောဂါပိုး မကူးအောင် မကြာခဏ လက်ဆေးသင့် ပါတယ်။

၅။ (ခ) မှား
နားသင့်မနားသင့်ဆိုတာ ဘယ်လို ခံစားနေရလဲဆိုတာပေါ် မူတည်ပါတယ်။ အလုပ်မှာအာရုံမစိုက်နိုင်ရင်၊ တအား ချောင်းဆိုးနေရင်၊ နေထိုင်မကောင်းရင် အိမ်မှာနားနေတာ အကောင်းဆုံးပါ။ ရောဂါလည်း ကူးနိုင်တယ်ဆိုတော့လေ။ လုပ်ဖော်ကိုင်ဖက်တွေဆီကူးနိုင်တော့ ဖြစ်နိုင်ရင် အိမ်မှာနားတာပိုကောင်းပါ တယ်။ အလုပ်သွားဖြစ်လို့ ချောင်းဆိုးနှာ ချေခဲ့ရင် တစ်ရှူးအုပ်ပြီးမှ ချောင်းဆိုးနှာ ချေပါ။ လက်လည်း မကြာခဏဆေးပေး ပါ။ တုပ်ကွေးဖြစ်နေရင်တော့ အိမ်မှာပဲ ကောင်းကောင်းအနားယူသင့်ပါတယ်။

၆။ (ခ) မှား
အအေးမိတာပဲဖြစ်ဖြစ် တုပ်ကွေးပဲ ဖြစ်ဖြစ် အရည်သောက်တာက အကျိ အချွဲတွေကို ကျဲစေတာကြောင့် နှာပိတ် တာတွေ သလိပ်ဟက်မရတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် ရေ၊ ရေနွေးကြမ်း၊ ချင်းရည်၊ ဟင်းခါးရည်၊ စွပ်ပြုတ်လို အရည်များများသောက်ပေး ရပါမယ်။

၇။ (ခ) မှား
အဖျားပျောက်ပြီးလို့ ၂၄ နာရီလောက် အနည်းဆုံးစောင့်ပေးပါဦး။ ခရီး သွားတာ တွေ၊ ပွဲတက်တာတွေ၊ ရုပ်ရှင်ရုံမှာ ရုပ်ရှင် ကြည့်တာတွေ၊ လူကြားသူကြားထဲ သွား တာတွေကို ဒီအချိန်မှာ မလုပ်သင့်ပါဘူး။

၈။ (က) မှန်
ကြက်စွပ်ပြုတ်က အားရှိစေသလို ရေဓာတ်ကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ ရောဂါပိုးတွေကို တိုက်ဖျက်ပေးသလို နှာ ခေါင်းကနေ ရောဂါပိုးတွေ မဝင်နိုင် အောင်လည်း ကာကွယ်ပေးပါတယ်။ တခြား အရည်နွေးနွေးတွေထက်စာ ရင်လည်း အကျိအချွဲတွေ၊ နှာရည်တွေကို အရည်ကျဲစေနိုင်ပါတယ်။

၉။ (ဂ) နှစ်မျိုးလုံး
ဆားရည်နွေးနဲ့ ပလုတ်ကျင်းတာက လည်ချောင်းနာသက်သာစေမှန်းသိကြ ပေမယ့် ရေခဲတုံးစုပ်တာက အအေးမိ လည်ချောင်းနာ သက်သာစေတယ်ဆိုရင် ထူးဆန်းနေမှာပါ။ ဒါပေမဲ့ ရေခဲမှာလည်း သူ့အစွမ်းနဲ့သူပါ။ လည်ချောင်းကိုထုံစေ ပြီး ကိုယ်ထဲ အရည်ဓာတ်ရစေလို့ပါတဲ့။ ရေနွေးကြမ်းသောက်တာတွေ ရေနွေး ငွေ့ရှူတာတွေကလည်း သက်သာစေနိုင် ပါတယ်။

၁၀။ (ခ) တစ်ပတ်
အအေးမိရင် ကိုယ်ကခံစားရတဲ့သူ ဆိုတော့ ပျောက်ကို မပျောက်နိုင်တော့ ဘူးလို့ ထင်မိပေမယ့် တကယ်တမ်းအ အေးမိတာက ခုနစ်ရက်ကနေ ၁၀ ရက် အတွင်း ကြာတတ်ပါတယ်။ အများစုက တော့ ခုနစ်ရက်လောက်ပါ။ ခုနစ်ရက် ထက်ကျော်ပြီး နေထိုင်မကောင်းဖြစ်ရင် တော့ ဆရာဝန်နဲ့ပြပါ။ အဖျားကြီးတာ၊ ဂလင်းတွေ ရောင်ရမ်းတာ၊ သလိပ်များ များထွက်တဲ့ချောင်းဆိုးတာ၊ ချောင်းဆိုး ရင်းသွေးပါတာ၊ အသက်ရှူကျပ်တာ၊ မျက်နှာတွေ တင်းပြီး နာတာမျိုးဖြစ်ရင် လည်း ဆေးခန်းအမြန်ပြပါ။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *