အဖြူဆင်းခြင်းနှင့် ပတ်သက်သော သိကောင်းစရာများ

ဒီပြဿနာက အမျိုးသမီးတွေ အ တော်လေး အမေးများတဲ့ ပြဿနာတစ်ခု လည်း ဖြစ်ပါတယ်။ အဖြူတွေ ဆင်းနေ လို့ ဘာလုပ်ရမလဲ၊ တချို့လည်း အရောင် တွေ ပါတယ်၊ ပျစ်တယ်၊ အနံ့နံတယ် စသဖြင့် မေးတတ်ကြတယ်။ တကယ်တော့ တခြားအရောင်တွေပါပြီး ဆင်းတတ်တာ လည်းရှိတာမို့ အဖြူဆင်းတယ်ဆိုတာ ထက် မိန်းမကိုယ်ကနေ အရည်တွေထွက် တယ်လို့ ခြုံပြောရင် ရနိုင်ပါတယ်။ ဟုတ် ပါပြီ၊ ဒါဆို အဲဒီအရည်နဲ့ပတ်သက်လို့ ဘာတွေ သိထားဖို့ လိုမလဲ။

(၁) ဘာလို့အရည်တွေ ဆင်းတာလဲ
တကယ်တော့ အဲဒီအရည်ဆိုတာ များသောအားဖြင့် သာမန်ပဲ။ ဘာလို့ဆို တော့ သားအိမ်ခေါင်းရဲ့ ချွဲကနေတစ်ဆင့် ဆင်းလာတာမျိုး ဖြစ်လို့ပါ။ မိန်းမကိုယ်ကို စိုစွတ်စေပြီး တချို့ရောဂါပိုးတွေ ဝင်ရောက် မှုကနေ ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ တချို့အခြေအနေတွေမှာတော့ သာမန်လို့ ယူဆလို့မရဘဲ ပြဿနာတခုခုရှိနေတာ ကို ဖော်ပြနေပါတယ်။

(၂) သာမန်နဲ့ သာမန်မဟုတ်တဲ့ အခြေ အနေတွေ
အရည်ကြည်ကိုပဲ ကျဲကျဲဆင်းတယ် ဆို ပုံမှန်ပဲ၊ အားကစားလုပ်ပြီးစတွေဆို ဖြစ်တတ်တယ်။ ဒါမှမဟုတ် အရည်ကြည် တော့ အရည်ကြည်ပဲ၊ ဒါပေမဲ့ လက်နှစ် ချောင်းကြားထဲမှာ ဆွဲဆန့်လိုက်လို့ရတယ် ဆို အဲဒါက မမျိုးဥကြွေနေပြီဆိုတဲ့ လက္ခ ဏာမျိုး ဖြစ်တယ်။ ဒါပေမဲ့ အဖြူပျစ်ပျစ် ဆင်းတယ်၊ အနံ့နံတယ်၊ ယားတယ်ဆိုရင် တော့ ဆေးခန်းပြကြည့်သင့်တယ်။ ရာသီ လာချိန်မဟုတ်ဘဲ သွေးတွေလိုမျိုး ညို ပုပ်ပုပ်တွေဆင်းတာဆိုရင် ဖြစ်နိုင်တာ တွေက သွေးပုံမမှန်ဆင်းတာ ဖြစ်နိုင် တယ်၊ ကိုယ်က အကာအကွယ်မဲ့ လိင် ဆက်ဆံထားတာရှိတယ်၊ ရာသီကလည်း ထိမ်နေတယ်၊ အဲဒါပြီးမှ ဒီလိုညိုပုပ်ပုပ် ဆင်းလာတာမျိုးဆိုရင်တော့ ကိုယ်ဝန်ရှိစ မို့ ဆင်းတာဖြစ်နိုင်သလို ကိုယ်ဝန်ပျက်ကျ သွားလို့ ဆင်းတာလည်း ဖြစ်နိုင်တယ်။ တကယ်လို့မှ အဝါရောင်တွေ၊ အစိမ်းရောင် တွေဆင်းတာ၊ အနံ့ကလည်း နံတယ်ဆို ရင်တော့ ဆေးခန်းပြကိုပြကြည့်သင့်ပါ တယ်။ဒါကြောင့် မိန်းမကိုယ်ကနေ အ ရည်ဆင်းတိုင်း စိတ်ပူနေစရာ မလိုဘူး။ အောက်ပါအခြေအနေတွေမျိုးတွေမှာ တော့ ဆေးခန်းပြပြီး စစ်ဆေးကုသမှု ခံ ယူသင့်ပါတယ်။

၁။ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း
၂။ မိန်းမကိုယ်ယားခြင်း၊ အနံ့နံခြင်း
၃။ ဖျားခြင်း
၎။ ဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း
၅။ မောပန်းလွယ်ခြင်း
၆။ အကြောင်းရင်းမရှိဘဲ ကိုယ်အလေး ချိန် ကျလာခြင်း

(၃) ဘာတွေကြောင့် အဖြူဆင်းနိုင်သလဲ
အကြောင်းရင်းတွေတော့ အများ ကြီးရှိပါတယ်။ ခွဲခြားပြီးပြောရရင်တော့ ပုံမှန်သဘာဝအရလည်း ချွဲလေးတွေ ဆင်းတာရှိသလို မျိုးပွားလမ်းကြောင်းထဲ ပိုးဝင်ရင်လည်း ဒီလိုအဖြူဆင်းတာနဲ့ပဲ ပြတတ်ပါတယ်။ နောက်ပြီး အမျိုးသမီးရောဂါအတော်များများကလည်း ပုံမမှန် အဖြူဆင်းတာနဲ့ လက္ခဏာပြတတ်လို့ တိတိကျကျ ပြောရခက်ပါတယ်။ ဒါကြောင့် ဘယ်လိုဆို ပုံမှန်မဟုတ်ဘူးလဲဆိုတာကို သိထားပြီး အဲဒါတွေဖြစ်လာရင် ဆေးခန်း ပြကြည့်ဖို့လိုပြီဆိုတာကိုတော့ သိစေချင် ပါတယ်။

(၄) မျိုးပွားလမ်းကြောင်းပိုးဝင်ခြင်း
မျိုးပွားလမ်းကြောင်းကို ပိုးဝင်တယ် ဆိုတိုင်း စိတ်ပူသွားစရာ မလိုပါဘူး။ ဘာ လို့ဆိုတော့ အဲဒီလိုပိုးဝင်တိုင်း ကာလ သားရောဂါ ဖြစ်တာမဟုတ်လို့ပါ။အဓိကအားဖြင့် အကြောင်းရင်း သုံးခုရှိပါတယ်။

၁။ မိန်းမကိုယ်ထဲမှာ နဂိုကတည်းက သဘာဝအရရှိနေတဲ့ ပိုးမွှားတွေ ပိုမို ပေါက်ဖွားလာတာကြောင့် ဖြစ်ပါတယ်။ ဒါက အင်မတန်အတွေ့ရလည်း များ တယ်။ ကုသရတာလည်း လွယ်ကူပါ တယ်။ အမျိုးသမီးအတော်များများ၊ အ ပျိုလေးတွေအပါအဝင် အဖြူဆင်းရတာ ဒီအကြောင်းကြောင့် ဖြစ်ပါတယ်။
၂။ ကုသမှုတစ်ခုခုကြောင့် ဖြစ်ရတာပါ။ တချို့သော ပိုးသတ်ဆေးတွေ၊ နောက်ပြီး သားအိမ်ထဲကို ကိုယ်ဝန်တားတဲ့ပစ္စည်း လေး ထည့်ပြီးဖြစ်ဖြစ်၊ ကလေးမွေးဖွား ပြီးဖြစ်ဖြစ် ဆင်းတတ်တာမျိုးပါ။ ဒါက လည်း လိုအပ်တဲ့ ကုသမှုခံယူလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။
၃။ နောက်ဆုံးအကြောင်းရင်းကမှ လိင် ကတစ်ဆင့် ကူးစက်တဲ့ ကာလသား ရောဂါကြောင့် ဖြစ်တာပါ။ ဒီပြဿနာက တော့ အင်မတန်မှကြီးပါတယ်။ မကုသမိ ရင်လည်း နောက်ဆက်တွဲပြဿနာ အ တော်များပါတယ်။

(၅) သိထားသင့်တဲ့ ကာလသားရောဂါ
နာမည်က ကာလသားရောဂါလို့ တပ်ထားပေမယ့် တကယ်တမ်းတော့ အမျိုးသမီးတွေလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့ဆိုတော့ လိင်ကတစ်ဆင့် ကူးစက် တာကိုး။ အများအားဖြင့်လည်း အိမ်ထောင် သည်အမျိုးသမီးတွေဆီ၊ သာမန်မိန်းက လေးတွေဆီ ဒီလိုပိုးတွေ ကူးစက်ရတဲ့ အကြောင်းက သူတို့ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူရည်းစားဆီကနေ ကူးစက်တာ ဖြစ် ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့် ရည်းစားကိုမယုံဖို့ ပြောတာ မဟုတ်ပေ မယ့် သူတို့ဟာ ကိုယ့်နောက်ကွယ်မှာ မတော်တဆ လွန်ကျူးမိတာ၊ ပျော်ပါး မိတာတွေ ရှိနိုင်တာမို့ သတိထားတတ် မယ်ဆို အကောင်းဆုံးပါပဲ။
ဒီနေရာမှာ ယောက်ျားနဲ့ မိန်းမ မတူတာ က ယောက်ျားရဲ့ လိင်အင်္ဂါဟာ ခန္ဓာကိုယ် ပြင်ပမှာ ရှိတယ်။ ဒါကြောင့် ပိုးဝင်ရင် လက္ခဏာပြတယ်၊ ချက်ချင်းသိနိုင်တယ်။ ဥပမာ အနာတွေဖြစ်မယ်၊ ပြည်တွေကျ မယ်၊ ဆီးကျဉ်မယ်၊ ဒါဆို ကိုယ့်မှာ ဒီလို ပိုးဝင်နေပြီဆိုတာကို သိပြီး ဆေးရုံဆေး ခန်းပြ၊ ဆေးကုသမှု ခံယူနိုင်တယ်။ မိန်း ကလေးကျတော့ မတူဘူး။ သူရဲ့ မျိုးပွား အင်္ဂါအစိတ်အပိုင်း အတော်များများက အတွင်းထဲမှာ။ ဒီတော့ လက္ခဏာပြနေရင် တောင် ချက်ချင်းမသိနိုင်ဘူး။ စစ်ဆေး ကြည့်တော့မှ သားအိမ်ခေါင်းရောင်နေ တာ၊ အဖြူဆင်းနေတာ၊ အနာတွေဖြစ် နေတာ သိရတတ်တယ်။ အဲဒီလို ရောဂါ လက္ခဏာမပြဘဲ ငုပ်နေတာ များတာမို့ ပို ပြီးတော့ သတိထားရပါတယ်။ ကိုယ့်အိမ် ထောင်ဖက်၊ ကိုယ့်ရည်းစားမှာ ပြဿနာ တစ်ခုခုဖြစ်နေပြီဆိုရင် ကိုယ်လည်း ဆေး ခန်းပြကြည့်သင့်ပြီ။ ကိုယ့်မှာ ဘာလက္ခ ဏာမှ မပြသေးဘူးဆိုပြီး ပေါ့ဆနေလို့ မရပါဘူး။ ဒီလိုကွာခြားချက်လေးကို သဘောပေါက်ထားဖို့ လိုပါမယ်။
ဒါကြောင့်မို့ ပြန်ခြုံပြီးတော့ ပြော ရရင် မိန်းမကိုယ်ကနေ အရည်ဆင်းတိုင်း စိုးရိမ်စရာ မလိုပါဘူး။ တချို့အခြေအနေ တွေက ပုံမှန်ပါပဲ။ လိင်ဆက်ဆံမှုလည်း မရှိတဲ့အပျိုလေးတစ်ယောက် အဖြူဆင်း တယ်ဆို ခုနကပြောသလို ကိုယ့်ခန္ဓာ ကိုယ်ထဲက ပိုးမွှားတွေ ပုံမှန်ထက်ပိုပေါက် ဖွားလို့ ဖြစ်တာမျိုးပါ။ လိုအပ်တဲ့ ကုသမှု ခံယူလိုက်ရင် အဆင်ပြေသွားနိုင်တယ်။ တချို့အဖြူဆင်းတာတွေကတော့ မဖြစ် မနေ ဆေးခန်းပြကြည့်သင့်တယ်။ ကြီး ကြီးမားမား ပြဿနာတွေလည်း ဖြစ်နိုင်ပါ တယ်။ ဒီဆောင်းပါးလေးကတစ်ဆင့် အ မျိုးသမီးတွေအနေနဲ့ ကိုယ်ရဲ့ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ပိုမိုဂရုစိုက်မိလာ မယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာဖြိုးသီဟ 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *