အမြင်တွေတစ်သက်လုံးကြည်လင်နေအောင်

အင်တီအောက်ဆီးဒင့် ကြွယ်ဝတာ တွေကို စားပါ
အင်တီအောက်ဆီးဒင့်တွေက ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင်ပေးပြီး ကျန်းမာတဲ့ဆဲလ်အကောင်းတွေ မပျက် စီးအောင် ကာကွယ်ပေးပါတယ်။ ဗီတာ မင် စီနဲ့ ဗီတာမင် အီးက မျက်လုံးရဲ့အမြင် လွှာကို ကာကွယ်ပေးတဲ့ အကောင်းဆုံး အင်တီအောက်ဆီးဒင့်တွေပါ။ ဗီတာမင် စီ ရနိုင်တဲ့အကောင်းဆုံးရင်းမြစ်တွေက ပန်း ငရုတ်ပွသီး၊ မာလကာသီး၊ အစိမ်း ရင့်ရောင် ဟင်းသီးဟင်းရွက်၊ ကီဝီသီးနဲ့ အချဉ်ဓာတ်ပါတဲ့အသီးတွေ ဖြစ်ပါ တယ်။ ဗီတာမင် အီးကြွယ်ဝတာတွေက တော့ တိုဟူး၊ ဟင်းနုနယ်ရွက်၊ အစေ့ အဆန်၊ ထောပတ်သီးနဲ့ ငါးတို့ပဲ ဖြစ်ပါ တယ်။

လူတင်းနှင့် ဇီဇမ်သင်း
အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ လူတင်းနဲ့ ဇီဇမ်သင်းတွေက မျက်လုံး ကျန်းမာစေပြီး အမြင်အာရုံစူးရှစေတဲ့ အကောင်းဆုံး အင်တီအောက်ဆီးဒင့် တွေပါ။ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ပြောင်းဖူး၊ ဘူးသီး စတာတွေကို စားသုံး သင့်ပါတယ်။ ကြက်ဥထဲမှာ လူတင်းနဲ့ ဇီဇမ်သင်းတွေလည်း များစွာ ပါဝင်ပါ တယ်။ ပညာရှင်တွေက တစ်နေ့ကို ကြက်ဥ နှစ်လုံးစားပါက မျက်စိကို ကျန်း မာစေတယ်လို့ ဆိုပါတယ်။

အိုမီဂါ-၃ အဆီ
မျက်စိဆိုင်ရာ ဆေးပညာရှင်တွေ က အိုမီဂါ-၃ အဆီ ကြွယ်ဝစွာပါဝင် တဲ့အစာတွေကို နေ့စဉ်အစားအသောက် ထဲမှာပါဝင်အောင် စားသုံးပါက အသက် ကြီးလာချိန်မှာဖြစ်နိုင်တဲ့ မျက်စိအမြင် အာရုံ ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ် နိုင်တယ်လို့ဆိုပါတယ်။ ပိုလီမပြည့်ဝဆီ ဖြစ်တဲ့ အိုမီဂါ -၃ အဆီက မျက်လုံးနဲ့ အာရုံကြောတွေ အပါအ၀င် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ မက်ကရယ် ငါး၊ ပင်လယ်ငါး၊ ထောပတ်သီး စတာ တွေကနေ အိုမီဂါ-၃ အဆီကို များစွာ ရရှိနိုင်ပါတယ်။

DHA
မျက်စိရဲ့မြင်လွှာမှာရှိတဲ့ ဖက်တီး အက်စစ်ဖြစ်ပြီး မျက်စိခြောက်တဲ့ရောဂါ လက္ခဏာစုနဲ့ ဆက်စပ်နေပါတယ်။ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ တူနာငါး၊ ရေချိုငါးတွေမှာ DHA များစွာ ပါဝင်ပါ တယ်။

အစေ့အဆန်
မျက်စိအမြင်အာရုံ ဆုံးရှုံးမှုမဖြစ် အောင် ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် အီးကို အစေ့အဆန်တွေ စားသုံးပါက ရရှိနိုင်ပါတယ်။ ဗာဒံစေ့ တစ်အောင်စ စားသုံးပါက တစ်နေ့တာလိုအပ်တဲ့ ဗီတာ မင်အီးရဲ့ ၅၀ ရာခိုင်နှုန်းကို ရရှိနိုင်ပါ တယ်။

ဖြည့်စွက်ပါ
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ် တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အစား အစာကနေ ရရှိနိုင်တယ်ဆိုပေမယ့် ပြည့် ၀စွာ မရရှိနိုင်တဲ့အခါမျိုးမှာ ဖြည့်စွက် သောက်သုံးဖို့ လိုပါတယ်။ လူတင်း၊ ဇီဇမ် သင်း၊ EPA နဲ့ DHA စတာတွေ ပါဝင်တာ ကို ဖြည့်စွက်သောက်သုံးနိုင်ပါ တယ်။

သွေးဖိအားပုံမှန်ဖြစ်အောင် ထိန်းပါ
သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် အသက်ကြီးတာ ကြောင့်ဖြစ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံး တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သွေးဖိအားတွေ ပုံမှန်မဟုတ်ဘဲ များနေ ပါက သွေးကြောတွေကို ပျက်စီးစေပါ တယ်။ သွေးကြောတွေကိုသာ ပျက်စီးနေ မယ်ဆိုရင် မျက်လုံးဆီကို လိုအပ်တဲ့ ဗီ တာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီး ဒင့်တွေ ရောက်ရှိမှာ မဟုတ်ပါဘူး။ ဒါ ကြောင့် သွေးတိုးရောဂါမဖြစ်အောင်၊ သွေးဖိအားတွေ များမနေအောင် ဂရုစိုက် သင့်ပါတယ်။

ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းပါ
ကိုယ်အလေးချိန်များပြီး ခန္ဓာကိုယ် မှာ အဆီတွေများနေမယ်ဆိုရင် မျက်လုံး အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေကို စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကျန်းမာတဲ့နေထိုင်မှုပုံစံကို လိုက်နာဖို့ လို ပါတယ်။ လတ်ဆတ်တဲ့ အော်ဂဲနစ် သီးနှံတွေကို စားသုံးပါ၊ တက်ကြွလှုပ် ရှားတဲ့ နေထိုင်မှုပုံစံကို အလေးထားပါ၊ နေ့စဉ် တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်ပေးပါ။ ကိုယ်အ လေးချိန်ထိန်းပြီးသားဖြစ်သလို မျက်စိကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *