အမြန်စာများကို ထုပ်ပိုးပေးသည့်ခွက်များက ကျန်းမာရေးကို ထိခိုက်စေနိုင်

အစားအသောက်တွေကို ထုပ်ပိုးတဲ့နေရာမှာ လူတွေကျန်း မာရေးမထိခိုက်စေဖို့ ပလတ်စတစ်အစား ဖော့ဘူး၊ ကတ်ထူဘူး အစရှိသဖြင့် ပြောင်းလဲအသုံးပြုလာကြပေမယ့် ဒီပစ္စည်းတွေ မှာပါတဲ့per- and polyfluoroalkyl substances (PFAS) ဖလူအိုရင်းဒြပ်ပေါင်း ပါဝင်နေတာကြောင့် ကျန်းမာရေးထိခိုက် စေနိုင်တယ်လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ PFAS ကို ပစ္စည်း တွေအပေါ်ကအုပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ပလတ်စတစ် အစားထိုးအသုံးပြုတဲ့ဘူးအမျိုးမျိုးမှာ အပေါ်ယံလွှာအဖြစ် အ သုံးပြုထားတဲ့ PFAS ဟာ အစားအသောက်ထဲရောက်ရှိနိုင်ခြေ ရှိသလို ပညာရှင်တွေက ဒီဘူးတွေမှာ အသုံးပြုထားတဲ့ တခြား ဓာတုဗေဒပစ္စည်းတွေကိုလည်း စစ်ဆေးနေတုန်းပါပဲ။ ဒါပေမဲ့ လူသုံးကုန်အများစုမှာအသုံးပြုနေတဲ့ PFAS ကို အစားအ သောက်ထုပ်ပိုးတဲ့ဘူးတွေမှာ အသုံးပြုလာကြတာနဲ့ပတ်သက် ပြီး သတိပြုဖို့ဆိုခဲ့ကြတယ်လို့ သိရပါတယ်။
(AP,15.8.19) အေးယုနိုင်

Post Author: Good Health Journal