အပြုံးချိုတဲ့နှုတ်ခမ်းလေးတွေလှနေဖို့

နှုတ်ခမ်းတစ်စုံရဲ့အလှဟာ လူတစ်ယောက်ရဲ့ ဆွဲဆောင် မှုကို တိုးစေပါတယ်။ နှုတ်ခမ်းတွေ အက်ကွဲနေတာ၊ ခြောက် နေတာဆိုရင် ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်အသွင် ဖြစ်စေပါတယ်။ ဒါကြောင့် နှုတ်ခမ်းလေးတွေ အလှတိုးစေဖို့ Tငဈ တွေကို ရေးပေးလိုက်ပါတယ်။

(၁) နှုတ်ခမ်းနီအမြဲမဆိုးပါနဲ့
နှုတ်ခမ်းနီတွေဆိုတာ ဓာတုပစ္စည်းတွေပါဝင်တဲ့အရာတွေ ဖြစ်ပါတယ်။ လိုအပ်မှ ဆိုးတာမျိုးပဲလုပ်ပါ။ အထူးသဖြင့် အရောင်ထွက်အားကောင်းတဲ့ Matte Type နှုတ်ခမ်းနီတွေကို အချိန်ပြည့်ဆိုးထားတာမျိုး မလုပ်ပါနဲ့။ နေ့စဉ်နေ့တိုင်းဆိုးဖို့ ဆိုရင် Lip Balm ကို ရွေးချယ်ပါ။ သူက အစိုဓာတ်ပါဝင်ပါတယ်။

(၂) ရေဓာတ်ဖြည့်ပါ
ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေမှလည်း အသားအရေ အပါအဝင် နှုတ်ခမ်းအရေပြားလည်း စိုပြည်မှာ ဖြစ်ပါတယ်။ ဘယ်ရာသီဥတုမဆို ရေများများသောက်ဖို့ မမေ့ပါနဲ့၊ အလုပ် ရှုပ်ပြီး ရေသောက်ဖို့ မမေ့ပါနဲ့။ တစ်နေ့ သောက်ရေ ရှစ်ဖန်ခွက် အနည်းဆုံး သောက်ပေးပါ။

(၃) နှုတ်ခမ်းကို မကိုက်ပါနဲ့
နှုတ်ခမ်းကို ကိုက်တာ၊ မကြာခဏ လျှာနဲ့လျက်တဲ့ အကျင့် ရှိရင်တောင်ဖျောက်ဖို့ ကြိုးစားသင့်ပါတယ်။ စိတ်လှုပ်ရှားရင်၊ စိတ်ဖိစီးမှုများရင် ပိုဖြစ်တတ်ပါတယ်။ ဒါဟာ နှုတ်ခမ်းအရေပြား ကို ခြောက်စေတာ၊ အက်ကွဲတာ၊ သွေးထွက်တာတွေ ဖြစ်စေလို့ သတိနဲ့ ရှောင်ပါ။

(၄) SPF ပါတဲ့နှုတ်ခမ်းအဆီတောင့်လိမ်းပါ
နေရောင်ခြည်နဲ့ နှုတ်ခမ်းအရေပြား တိုက်ရိုက်ထိတွေ့တဲ့ အခါ နှုတ်ခမ်းသားညိုမည်းတာ၊ ခြောက်တာတွေ ဖြစ်စေပါ တယ်။ နေရောင်အောက်သွားမယ်ဆိုရင် SPF ပါတဲ့ နှုတ်ခမ်း လိမ်းဆီ လိမ်းတာ၊ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ လုပ်ပါ။

(၅) ညဘက်အဆီလိမ်းအိပ်ပါ
နှုတ်ခမ်းခြောက်တာ၊ ကွဲတာမဖြစ်စေဖို့ဆိုရင် ညဘက်ကို အဆီပါတဲ့ Lငစ ကြအအနမ မျိုးလိမ်းအိပ်ပါ၊ အိမ်မှာ ကိုယ်တိုင်ပြု လုပ်မယ်ဆိုရင် ရေနံဂျယ်လီကို သံလွင်ဆီနဲ့ ရောလိမ်းနိုင်ပါ တယ်။

Darliko

Post Author: Good Health Journal