အရွယ်တင်နုပျိုစေတဲ့ပစ္စည်းတွေအကြောင်း ဘယ်လောက်သိပါသလဲ(၁)

အခုခေတ်မှာနည်းပညာတွေ၊ ကု ထုံးအသစ်တွေ ပေါ်လာတာနဲ့အမျှ ငယ် ရွယ်နုပျိုစေနိုင်တဲ့ နည်းတွေလည်းအ များကြီး ပေါ်ထွက်လာပါတယ်။ အိုမင်း ရင့်ရော်မှုကို တိုက်ဖျက်ပြီး အသားအရေ တင်းရင်းနုပျိုစေဖို့ ကုသနည်းတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်သိသလဲလေ့ လာကြည့်ကြရအောင်။

၁။ အောက်ပါတို့အနက် ဘယ်အရာက အရွယ်တင်နုပျိုစေတဲ့ ဂုဏ်သတ္တိရှိတယ် ဆိုပြီးသိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ ထားပါသလဲ။
(က) Retinoids
(ခ) Alpha-hydroxy acids
(ဂ) Alzelaic acid
(ဃ) အပေါ်ကအရာအကုန်

၂။ ဈေးကွက်မှာရောင်းချနေတဲ့ လိပ် ခေါင်းလိမ်းဆေးတွေက မျက်လုံးအောက် မျက်အိတ်ဖောင်းတာတွေကို ဖယ်ရှားနိုင် ပါတယ်။
(က) မှန်
(ခ) မှား

၃။ အကြောပြတ်ရာတွေကို လိမ်းဆေး လိမ်းရင် ပျောက်နိုင်ပါတယ်။
(က) မှန်
(ခ) မှား

။ မျက်ကွင်းညိုတာပျောက်ဖို့ ဘယ် နည်းသုံးလို့ရပါသလဲ။
(က) လေဆာကုထုံး
(ခ) အရေပြားဝင်းပစေတဲ့ကုသနည်း
(ဂ) အရေးအကြောင်းပျောက်ထိုးဆေး
(ဃ) အပေါ်ကနည်းအားလုံး

၅။ မေးစေ့နဲ့ လည်ပင်းနားတစ်ဝိုက်ကအရေပြားတွဲနေတာတွေကို ဘယ်လို နည်း သုံးပြီးပျောက်အောင်ကုမလဲ။
(က) chemical peels
(ခ) ကော်လာဂျင်ခရင်(မ်)
(ဂ) လေဆာ
(ဃ) Antioxidants

၆။ အသက်ကြီးလို့ပေါ်လာတဲ့အစက် တွေကိုကုရာမှာ ဘယ်အရာပါဖို့အရေး ကြီးလဲ။
(က) Hydroquinone
(ခ) Niacinamide
(ဂ) Coenzyme Q10
(ဃ) Alpha-lipoic Acid

၇။ ဘယ်လိမ်းဆေးက အရေပြားထဲ ကော်လာဂျင်ဖြစ်စေပြီး အရေပြားကို တင်းရင်းကာ အရေးအကြောင်းတွေ ပျောက်စေနိုင်သလဲ။
(က) Antioxidants
(ခ) Retinoids

၈။ Retinoids ပါတဲ့ အရေပြားလိမ်းဆေးနဲ့ဗီတာမင်အီးပါတဲ့ လိမ်းဆေး၂ မျိုးကို ဘယ်တော့မှ တွဲမလိမ်းသင့်ဘူး။
(က) မှန်
(ခ) မှား

၁။ (ဃ) အပေါ်ကအရာအကုန်
Retinoids၊ Alpha-hydroxy အက်စစ်၊ Alzelaic အက်စစ်၊ Hydro- quinone၊ Kojic အက်စစ်နဲ့ Salicylic အက်စစ် စတဲ့ဓာတ်တွေပါရှိတဲ့ ပစ္စည်း တွေက အိုမင်းရင့်ရော်မှုလက္ခဏာတွေ ကို ကုသပေးနိုင်သလို အရေပြားကိုလည်း ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။

၂။ (က) မှန်
ဟုတ်ပါတယ်။ အလွယ်တကူဝယ် ယူနိုင်တဲ့ လိပ်ခေါင်းလိမ်းဆေးတွေက မျက်အိတ်ဖောင်းတာတွေကို လျော့စေ နိုင်သလို အရေပြားကိုပါ တင်းရင်းချော မွေ့စေနိုင်ပါတယ်။ လက်ဖက်စိမ်းလက် ဖက်ခြောက်အိတ်တွေကို ရေနွေးထဲစိမ် သောက်ပြီးတဲ့အခါ လွှင့်မပစ်ဘဲ မျက်လုံး အောက်မျက်အိတ်ပေါ်တင်ထားကြည့်ပါ။ သဘာဝအရောင်ကျစေနိုင်တဲ့ ဂုဏ်သတ္တိ ပါရှိတာကြောင့် မျက်လုံးအောက်အရည် တွေစုကာ မျက်အိတ်ဖောင်းတာမျိုးမဖြစ် အောင် ကာကွယ်ပေးပါတယ်။

၃။ (ခ) မှား
တချို့လိမ်းဆေးတွေက အကြော ပြတ်ရာတွေကို ခဏတာပျောက်ကင်းနေ စေပေမယ့် လုံးဝပျောက်ကင်းသွားစေ နိုင်တဲ့ လိမ်းဆေးဆိုတာတော့မရှိပါဘူး။

၎။ (ဃ) အပေါ်ကနည်းအားလုံး
မျက်ကွင်းညိုတာကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေများစွာရှိပါတယ်။ မျိုးရိုးလိုက်တာရယ် ဗီဇရယ်ကြောင့်ဖြစ် နိုင်သလို ပင်ပန်းနုံးချည့်တာတွေက လည်း မျက်ကွင်းညိုစေနိုင်ပါတယ်။ အ ရက်ကလည်း အရေပြားမှာရေဓာတ် ခြောက်ခန်းစေနိုင်ပြီး မျက်ကွင်းညိုစေပါ တယ်။ အရေပြားအောက်သွေးကြောတွေ ကျယ်တာ၊ အရေပြားရောင်ခြယ်ပစ္စည်း တွေပိုလျှံနေတာကလည်း မျက်ကွင်းညို ရတဲ့ အကြောင်းရင်းတွေ ဖြစ်နေတတ် ပါတယ်။ မျက်ကွင်းညိုတာကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ အကောင်းဆုံး နည်းက ဘယ်လိုမျက်ကွင်းညိုလဲဆိုတာ ပေါ်မှာ မူတည်နေပါတယ်။
အရေပြားပါးလွှာလို့ မျက်ကွင်းညို တာမျိုးဆိုရင် လေဆာဒါမှမဟုတ် IPL (Intense Pulsed Light) ကုထုံးမျိုးနဲ့ သင့်တော်ပါတယ်။ အရေပြားရောင်ခြယ် ပစ္စည်းကြောင့် မျက်ကွင်းညိုတာမျိုးဆို ရင် အရေပြားကိုလင်းစေတဲ့ Hydro-quinone လိုလိမ်းဆေးတွေနဲ့ အဆင်ပြေ ပါလိမ့်မယ်။ မျက်လုံးအောက်အရေပြား ချိုင့်လို့ မျက်ကွင်းညိုတာမျိုးဆိုရင်တော့ Filler တွေ ထိုးပေးရပါမယ်။

၅။ (ဂ) လေဆာ
လေဆာကုထုံးတွေနဲ့ အလင်းပြကု ထုံးတွေက အရေပြားကို နုပျိုတင်းရင်း စေနိုင်ပါတယ်။ လည်ပင်းနဲ့မေးစေ့အရေပြားတွဲကျနေတာတွေ မေးနှစ်ထပ်ဖြစ်နေ တာတွေကို ခွဲစိတ်စရာမလိုဘဲ ကုသနိုင် တဲ့နည်းတွေလည်း အများကြီးရှိပါတယ်။ Botox ကလည်ပင်းအရစ်တွေကို ပျောက်စေနိုင်ပါတယ်။ အရေပြားတင်း ရင်းစေနိုင်တဲ့ ဓာတ်တွေဖြစ်တဲ့Niaci-namide? Hyaluronic အက်စစ်နဲ့ Hexamidine တို့ပါရှိတဲ့ ပစ္စည်းတွေက အိုမင်းရင့်ရော်တဲ့ လက္ခဏာရပ်အပျော့ စားတွေကို ကုသပေးနိုင်ပါတယ်။
အရေပြားအပေါ်ယံလွှာတွေကို ဖယ်ရှားပေးတဲ့ Chemical Peels နဲ့ Antioxidants တွေကလည်း အရေပြား ကို နုပျိုစေနိုင်သလို အရေပြားအရောင် မညီတာတွေ၊ နေလောင်တာတွေ၊ ခြောက်သွေ့ထိုင်းမှိုင်းတာတွေကို ကုသ ပေးနိုင်ပေမယ့် အရေပြားတွဲကျနေတာကို တော့ မကုသပေးနိုင်ပါဘူး။ ကော်လာဂျင် လိမ်းဆေးတွေကလည်း အရေပြားထဲထိုး ဖောက်မဝင်ရောက်နိုင်ဘဲ အပေါ်ယံပဲ ကောင်းစေနိုင်တာပါ။

၆။ (က) Hydroquinone
Hydroquinone က အသက်ကြီး လို့ပေါ်လာတဲ့ အစက်တွေကို အထိရောက် ဆုံး ကုသပေးနိုင်တဲ့အရာပါ။ အရေပြား အပေါ်ယံလွှာတွေ ဖယ်ရှားပေးနိုင်တဲ့ Chemical Peels နဲ့ အလင်းပြကုထုံး တွေ၊ လေဆာကုထုံးတွေကလည်း သက် ကြီးအစက်တွေကို ကုသပေးနိုင်ပါတယ်။

၇။ (ခ) Retinoids
ဗီတာမင်အေတစ်မျိုးဖြစ်တဲ့ Retinoids လိမ်းဆေးတွေက အရေးအ ကြောင်းနဲ့ အခြားအိုမင်းရင့်ရော်တဲ့အရေ ပြားတွေကို ကုသပေးလေ့ရှိတဲ့ ဆေးတွေ ပါ။ အရေပြားထဲ ကော်လာဂျင်တွေဖြစ်စေ တာကြောင့် အရေပြားကိုတင်းရင်းစိုပြည် စေနိုင်ပါတယ်။ ဗီတာမင်အီး၊ Alpha-hydroxy နဲ့ Beta-hydroxy အက်စစ် တွေလို Antioxidants တွေက အရေ ပြားကို နုပျိုလှပစိုပြည်စေနိုင်ပါတယ်။

၈။ (ခ) မှား
ဗီတာမင်အီးနဲ့ Retinoids နှစ်မျိုးပါ ဝင်တဲ့ ပစ္စည်းတွေက ပိုလို့တောင် အရေ ပြားကို ချောမွေ့စေနိုင်တာပါ။

  ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal