ဦးရေပြားမှာ ပိုးဝင်တာကို ဘယ်လိုသိနိုင်မလဲ

ဦးရေပြားပိုးဝင်တာကို ဘယ်လိုသိနိုင်မလဲ ဆရာမရှင့်။
ဦးရေပြားမှာ ပိုးဝင်တာကို ဆရာမ တို့က မြင်နေတွေ့နေကျဆိုတော့ အရမ်း သိသာပါတယ်။ ဦးရေပြားမှာ ရောဂါ တွေက အများကြီးဖြစ်နိုင်တယ်။ အရေ ပြားမှာဖြစ်တဲ့ ရောဂါတွေရှိသလိုပဲ ဦးရေ ပြားမှာဖြစ်တဲ့ ရောဂါတွေလည်း ရှိတယ်။ အရေပြားရောင်တာတွေ၊ ဗောက်များ လို့ဆိုပြီး ကုတ်ဖဲ့တာတွေ၊ ဦးရေပြားက အဆီဓာတ်နဲ့ ဓာတ်မတည့်မှု ဖြစ်တာတွေ၊ ကြွပ်ပွေးနာတွေ၊ ဆံပင်းဆိုးဆေးဓာတ် မတည့်မှုတွေ ဒါမျိုးတွေ ရှိတတ်တဲ့အခါ ကျတော့ ဘာဖြစ်နေတယ်ဆိုတာကို စနစ်တကျနဲ့ သေချာစစ်ဆေးရမယ်။
ဦးရေပြားမှာ ပိုးဝင်တဲ့အခါ ကြွက်နို့ တွေလည်း တွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်မှာပေါက်တဲ့ ကြွက်နို့တွေ ကို လက်နဲ့ကုတ်ပြီး ခေါင်းကိုလည်း ပြန် ကုတ်လိုက်တဲ့အခါ အဲဒီကတစ်ဆင့် ပိုး တွေကူးသွားပြီး ခေါင်းမှာ ကြွက်နို့တွေ ဖြစ်တယ်။ ဒီကြွက်နို့တွေကို ဆေးတွေ အများကြီးပေးပြီး ကုသရတယ်။ ခွဲစိတ် ကုသရတာတွေလည်း ရှိတယ်။ လျှပ်စစ် မီးနဲ့တို့ပြီး ကုသရတာတွေလည်း ရှိ တယ်။ ကြွက်နို့က အရမ်းပွားတတ်တဲ့ အတွက် လျှပ်စစ်စက်နဲ့ ခြစ်ချတာမျိုးတွေ၊ အအေးဖျန်းစက်တွေနဲ့ အအေးတွေဖျန်း ပြီး ကုသရတာမျိုးတွေရှိတယ်။

ဦးရေပြားမှာ ရောဂါတစ်ခုခုဖြစ်နေတယ်ဆိုတာ ကို ဘယ်လိုသိနိုင်မလဲ ဆရာမရှင့်။
ဦးရေပြားမှာဖြစ်တဲ့ ရောဂါတိုင်းက တော့ မယားဘူး။ ရေယုန်ဆိုနာမယ်၊ အ နာစိမ်းဆို နာမယ်၊ ဒက်နဲ့သန်းဆိုရင် ယားမယ်။ ကြွက်နို့ဆိုရင်တော့ အဖုတစ်ခု ခုရှိနေတယ်လို့ ခံစားရမှာပေါ့။ ဦးရေပြား မှာ တစ်ခုခုတွေ့တယ်ဆိုရင် ကိုယ့်ဘာ သာ ကောင်းမယ်ထင်တဲ့ဆေးနည်းတွေနဲ့ လုပ်ကြည့်လို့လည်း မရတော့ဘူး၊ အချိန် အားဖြင့် တစ်လကျော်လာပြီ၊ အဲဒီအချိန် မှာ ပိုကြီးလာတာ၊ ပိုပြီး ဘေးကို ပျံ့လာ တာမျိုးဖြစ်မယ်။ ပြည်တည်နာဆိုရင် တော့ အနာစိမ်းက ကိုက်ခဲလာမယ်၊ လည် ပင်းကျိတ်တွေလည်း ဖြစ်လာမယ်။ ရေ ယုန်ဆိုရင်တော့ ချက်ချင်းကုမှရမယ်။ ရေယုန်ပေါက်ပြီးဖြစ်တဲ့ အနာက အကြာ ကြီးဖြစ်တတ်တယ်။ အဲဒါကြောင့် ဘယ် လိုပဲဖြစ်ဖြစ် စောစောသိပြီး စောစောကု တာက အကောင်းဆုံးပဲ။

ဒီလိုရောဂါတွေဖြစ်ပြီးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိပါသလားဆရာမရှင့်။
အနာစိမ်းပေါက်တဲ့အခါ လည်ပင်း မှာ အကျိတ်ရောင်တာ၊ အဖျားတက်တာ မျိုးတွေ ဖြစ်တတ်တယ်။ ရေယုန်ဆိုရင် အကြာကြီးပဲ နာနေတတ်တယ်၊ တချို့ဆို ရင် လချီပြီးနာနေတတ်တယ်၊ ဒက်က တော့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေမှာ တစ်ကျောင်းလုံးကူးပြီး တော့မှ အကြာကြီးဖြစ်နေတာမျိုးတွေ ရှိတတ်တယ်။ သန်းကလည်း တစ်အိမ် လုံးကို ကူးတာပါပဲ။ ကြွက်နို့ဆိုရင် တစ် လုံးကနေ နှစ်လုံး၊ သုံးလုံး ဖြစ်တာမျိုး တွေပေါ့။ ဒါကို အရေးကြီးတယ်လို့ သဘောထားပြီး ကိုယ်ရဲ့ ဦးရေပြားကို စစ်ဆေးရမယ်။ ဦးရေပြားပြဿနာတွေ တက်တယ်ဆိုရင် ဆံပင်လုံးဝမရှိတော့ တာမျိုး ဖြစ်တတ်တဲ့အတွက် ဆံပင်မရှိ တော့တဲ့အခါ လူတစ်ယောက်ရဲ့ ကိုယ် ရည်ကိုယ်သွေးကို ထိခိုက်တာဖြစ်တဲ့ အတွက် ဦးရေပြားရောဂါတွေက အရမ်း အရေးကြီးတယ်လို့ ဆရာမကတော့ တွေးပါတယ်။ အရေပြားရဲ့ အောက်လွှာ အထိရောက်သွားတဲ့ အဖု အကျိတ်ဆိုရင် အမာရွတ်က အတွင်းပိုင်းထိ နက်တဲ့ အတွက် ဆံပင်ပြန်မပေါက်နိုင်ဘူး။ ဒက် အမျိုးအစားထဲမှာဆိုရင်လည်း ရောင် ရမ်းမှုဖြစ်တဲ့ ဒက်တွေ၊ စောစောစီးစီး မကုတဲ့ဒက်တွေ၊ ကြွက်နို့တွေက ကုသ လို့ ပျောက်ကင်းရင်တောင် အမာရွတ် ကျန်ပြီး ဆံပင်မပေါက်တာတွေ ဖြစ်တတ် တယ်။ ဒါကြောင့် စောစောကုသဖို့ တိုက် တွန်းရမယ်။ သန်းကတော့ အမာရွတ် မကျန်တတ်ဘူး၊ အရေပြား ရောင်ရမ်း ရုံလေးပဲ။

ဒီလိုတွေမဖြစ်အောင် ကာကွယ်လို့ ရပါသ လားဆရာမရှင့်။
ကာကွယ်ချင်တယ်ဆိုရင်တော့ Personal Hygeine တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးကြီးတယ်။ ပြီး တော့ ဘီးတို့၊ မျက်နှာသုတ်ပဝါတို့ကို အတူတူသုံးတာ မကောင်းဘူး။ နောက်ပြီး တော့ အများသုံးတဲ့ ဥပမာ-ရေကူးကန် ပေါ့။ ဒါကို သတိထားရမယ်။ အဓိက ကတော့ ထိတွေ့မှုတွေကနေ ကူးစက် တာဖြစ်တဲ့အတွက် သန့်ရှင်းမှုက အရေး ကြီးတယ်။ ပြီးတော့ လူတစ်ဦးတစ် ယောက်မှာ ကိုယ်ခံစွမ်းအားက အရမ်း အရေးကြီးတယ်။ ကိုယ်ခံစွမ်းအားကျနေ ရင်ရောဂါတွေ ဝင်ရောက်လွယ်တယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေက လူနေထူထပ်တဲ့ နေ ရာတွေမှာ ရောဂါကူးစက်ဖို့အရမ်းလွယ် တဲ့အတွက် ဘုန်းကြီးကျောင်းတွေမှာ သင်တုန်းဓားတွေကို သုံးတဲ့နေရာမှာ လည်း တစ်ခါသုံးဓားဖြစ်ဖို့ အရမ်းအရေး ကြီးပါတယ်။ ဆံပင်တွေဖုံးထားတဲ့ အခါကျရင် ကြည့်ရတာအရမ်းခက်တယ်။ ဒါကြောင့် လိုအပ်ရင် ကတုံးတုံးရတယ်။ အရေပြားမှာဖြစ်တဲ့ ရောဂါထက် ဦးရေ ပြားမှာဖြစ်တဲ့ ရောဂါက ပိုပြီး ကုရခက် တယ်။ ရေယုန်ရာသီဆိုရင် ခေါင်းမှာ ရေယုန်လည်း ဖြစ်နိုင်သလို ချွေးထွက်လို့ အရေပြားစိုစွတ်ပြီးတော့ ပူပြင်းတဲ့ ရာသီ ဥတုမျိုးဖြစ်မယ်၊ ဒါမှမဟုတ် မိုးစိုလို့ ဆံပင်ကို ခြောက်သွေ့အောင် မသုတ်ဘူး ဆိုရင် ဆံပင်အုပ်ထားတာကြောင့် စို ထိုင်းမှုတွေ များတာဖြစ်တဲ့အတွက် ဦး ရေပြားက ပိုးပေါက်ဖို့ လွယ်တယ်ဆိုတာ ကို သတိထားသင့်တယ်။ ဒါကြောင့် မိုးစိုတဲ့အခါ ဆံပင်ကို ပြန်ပြီး ခြောက် သွေ့အောင် ထားတာမျိုးတွေနဲ့ ခေါင်းမှန် မှန်လျှော်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ်ခံအားကောင်းအောင်လုပ်ရမယ်ဆိုတာ ကို ပြောပြပေးပါ ဆရာမ။
အိပ်ချိန်က အရေးကြီးပါတယ်။ အိပ်ရေးပျက်တဲ့သူတွေ အိပ်ချိန်နည်းတဲ့ သူတွေမှာ ကိုယ်ခံစွမ်းအား ကျတယ်။ ပြီး တော့ အစားအသောက်လျှော့တာ အခု နောက်ပိုင်း ဝိတ်ချတာတွေက လုပ်ကြ တာများတော့ လိုအပ်တဲ့အာဟာရဓာတ် တွေက ပြည့်ပြည့်၀၀မရှိတော့ဘူး။ ပြီး တော့ ကိုယ်ရဲ့ အရေပြားကို ဂရုမစိုက်နိုင် တဲ့သူတွေမှာ အရေပြားရောဂါတွေဖြစ် မယ်။ လူဦးရေထူထပ်တဲ့နေရာမှာ တစ် ကိုယ်ရေသန့်ရှင်းရေးကို သေချာမှန်မှန် မပြုလုပ်တာ(အေးလို့ ခေါင်းမလျှော်တာ၊ ခေါင်းလျှော်ဖို့ပျင်းတာ)၊ ပြီးတော့ ဆံပင် စိုသွားရင်တောင်မှ သေချာခြောက်သွေ Y အောင် မသုတ်တဲ့သူတွေ၊ တစ်ကိုယ်ရေ သုံးပစ္စည်းတွေကို အများနဲ့ အတူသုံးတာ တွေက တစ်အိမ်တည်းမှာဆိုရင် ရောဂါ တွေ တစ်အိမ်လုံးပျံ့ပြီး ကူးကြတယ်။

ကုသနေစဉ်ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးပါ ဆရာမရှင့်။
လူတွေကတော့ ဆိုးကျိုးရှိရင် ကြောက်တယ်၊ ဒါပေမဲ့ ဆေးတော်တော် များများက အသည်း၊ ကျောက်ကပ်ကို ထိခိုက်တတ်တယ်။ အဲဒါကြောင့် အသည်းနဲ့ ကျောက်ကပ်ကို သေချာစစ် ဆေးပြီးတော့ ဆေးရုံဆေးခန်းမှာ ကုသဖို့ လိုအပ်တယ်။ ပြစ်ချက်မရှိတဲ့ဆေးဆို တာတော့ မရှိဘူး၊ ကိုယ်က ကိုယ်ခံစွမ်းအားကောင်းနေတယ်ဆိုရင်တော့ လူ တစ်ယောက်က ဆီးချိုရောဂါရှိမယ်၊ ကင် ဆာရောဂါ ရှိမယ်၊ ဒါမှမဟုတ် ကလေး လေးတွေ၊ အသက်အရမ်းကြီးတဲ့ အဘိုး အဘွားတွေဖြစ်မယ်ဆိုရင်တော့ ကိုယ်ခံ စွမ်းအားနည်းတာကြောင့် ပိုပြီး ဂရုစိုက် ရမယ်။

တချို့က အရွက်တွေနဲ့ ပွတ်ပြီးကုသတာမျိုး ရှိတယ်၊ ဒီအယူအဆကကော မှန်ကန်ပါ သလား ဆရာမရှင့်။
အရေပြားအကြောင်းကို ဆရာမ တို့က သင်ရိုးòန်းတမ်းတွေနဲ့ သင်ခဲ့ရ တာဖြစ်တဲ့အတွက် ဘယ်ဆေးတွေက ဘယ်လိုအသုံးဝင်ပြီး ကောင်းတယ်ဆို တာတော့ သိတယ်။ ဒါပေမဲ့ အခုလို အပြင်မှာရှိတဲ့ (အရွက်တွေပွတ်တာ) အရာတွေကို သက်သေအထောက်အ ထား မရှိတာဖြစ်တဲ့အတွက် ကုသတဲ့ နေရာမှာ ဆရာမတို့က သုံးလည်း မ သုံးဘူး။ ထောက်ခံချက်လည်မပေးဘူး၊ ဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ အများကြီးပဲ လုပ်နေကြတယ်။ တိုက်ဆိုင်ပြီးကောင်းသွားတာရှိသလို ပိုဆိုးပြီးတော့မှ အရေ ပြားပိုရောင်ရမ်းလာတဲ့ လူနာတွေကို လည်းတွေ့ရတယ်။

သဇင်ဖြူဖြူထွေး တွေ့ဆုံမေးမြန်းသည်။

ပါမောက္ခ မြတ်စန္ဒာကျော်
အရေပြားအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *