ဦးနှောက်အတွင်း တုတ်ကောင်ဥဝင်ရောက်သဖြင့် ဆယ်ကျော်သက်တစ်ဦး သေဆုံး

ဦးနှောက်အတွင်း တုတ်ကောင်ဥဝင် ရောက်တာကြောင့် အတက်ဝေဒနာခံစား နေရတဲ့ ၁၈ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးဟာ အိန္ဒိယနိုင်ငံ ဆေးရုံတစ်ရုံရဲ့ အရေးပေါ်ဌာနကို ရောက်ရှိလာတယ်လို့New England Journal of Medicine က လေ့လာမှုအရ သိရပါတယ်။ ဒီဆယ် ကျော်သက်ဟာ ညာဘက်မျက်စိတစ်ဖက် ရောင်ရမ်းပြီး အတက်ဝေဒနာကို တစ် ချိန်လုံးခံစားရတဲ့အတွက် သတိမေ့ကာ အရေးပေါ်ဌာနကို ရောက်ရှိလာတာပါ။ သူရဲ့ ညာဘက်ပေါင်ခြံမှာလည်း နာကျင် တဲ့ဝေဒနာခံစားရပြီး ဝှေးစေ့က အထိမခံ နိုင်ဘူးလို့လည်း သူ့မိဘတွေက ပြောပါ တယ်။ ဆရာဝန်တွေက MRI နဲ့ စမ်းသပ် စစ်ဆေးမှုပြုလုပ်ရာမှာ ဦးနှောက်တစ် သျှူးအတွင်း Cyst (သားဥအိတ်) တွေ့ ရှိခဲ့ပါတယ်။ ကပ်ပါးပိုးကောင်တစ်ကောင် ရဲ့ ဥဖြစ်နေပြီး တုတ်ကောင်ဥရှိနေတဲ့ တစ်ယောက်ယောက်ရဲ့မစင်ကို မျိုချမိ တာကြောင့်ဖြစ်တယ်လို့ မှတ်ချက်ပေးကြ ပါတယ်။ ဒီတုတ်ကောင်ဥဟာ ကြွက်သား၊ ဦးနှောက်တစ်သျှူးတွေဆီကို ရောက်ရှိ ပြီး ဃပျအ ဖြစ်လာတာပါ။ ဦးနှောက်အပြင် လူနာရဲ့ ညာဘက်မျက်စိနဲ့ ညာဘက်ဝှေး စေ့မှာပါ Cystကို တွေ့ရတယ်လို့ ဆိုပါတယ်။ Cyst တွေ အများကြီးရှိတာ ကြောင့် ဆရာဝန်က သူ့ကို Anti Para-sitic (ကပ်ပါးပိုးကောင်သတ်ဆေး)တွေ နဲ့ ကုသပေးခဲ့ပါတယ်။ ဒါ့အပြင် ရောင် ရမ်းမှုပျောက်ဆေးနဲ့ အတက်ကျဆေး တွေနဲ့ပါ ကုသခဲ့ပါတယ်။ ဒါပေမဲ့ အရေး ပေါ်ဌာနရောက်ပြီး နှစ်ပတ်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
ခန္ဓာကိုယ်အတွင်း တုတ်ကောင်ဥ တွေ ပျံ့နှံ့နေတဲ့ ရောဂါကို Cysticer-cosis လို့ ခေါ်ပြီး ကမ္ဘာတစ်လွှားမှာ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။ များသောအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ တောနယ်တွေ (တစ်ကိုယ်ရေသန့်ရှင်း ရေးအလွန်နည်းပါးတဲ့နေရာ) မှာ အဖြစ် များတယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်း ချုပ်ရေးဗဟိုဌာနက ရှင်းပြပါတယ်။ လူ့ မစင်နဲ့ ထိတွေ့မှုမရှိတဲ့ ဝက်တွေရှိနေတဲ့ နိုင်ငံတွေမှာတော့ အဖြစ်နည်းပါတယ်။ ရောဂါဝေဒနာလက္ခဏာတွေအနေ နဲ့ Cyst ရှိတဲ့ တည်နေရာပေါ်မှာ မူတည် ပါတယ်။ တစ်ခါတစ်ရံမှာ အရေပြား အောက်မှာ အကျိတ်ရှိတာ၊ ဦးနှောက်ထဲ မှာ ရှိနေပေမယ့် တစ်ခါတလေ ကယောင် ကတမ်းဖြစ်တာမျိုးလောက်ပဲ ဝေဒနာခံ စားရပါတယ်။ ရောဂါလက္ခဏာတွေက ရောဂါပိုးဝင်ရောက်ပြီး လအနည်းငယ် အကြာ ဒါမှမဟုတ် နှစ်အနည်းငယ် အကြာ(Cyst တွေ သေဆုံးစပြုပြီး တစ် သျှူးတွေရောင်ရမ်းတဲ့အချိန်အခါ) မှ ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။
ဒီရောဂါပိုးဝင်ရောက်ခဲ့ရင် ကပ် ပါးကောင်သတ်ဆေးကို ရောင်ရမ်းမှု ပျောက်ဆေးနဲ့ ရောစပ်ပြီး ကုသတာ၊ ဆေးဝါးနဲ့ကုသလို့ ဝေဒနာမသက်သာသူ တွေအတွက် ခွဲစိတ်ကုသမှုတွေ ပြုလုပ် ရပါတယ်။ Cysticercosis ရှိတဲ့ လူနာ တွေက တခြားလူတွေဆီ ရောဂါကူးစက်မှု မပေးနိုင်ပါဘူး။ တစ်ကိုယ်ရေသန့်ရှင်း ရေး အလွန်နည်းပါးပြီး အူထဲမှာ တုတ် ကောင်တွေရှိနေတဲ့သူဆီကမှသာ တခြား ဆီကို တုတ်ကောင်ဥကူးစက်နိုင်တာ ဖြစ် ပါတယ်။

SM

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *