ကောက်ကြောင်းအလှပေါ်လွင်စေဖို့

ပွဲလမ်းသဘင်ရှိလို့ပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်ကူးရေးလုပ်ဖို့ပဲဖြစ်ဖြစ် စသဖြင့် အကြောင်းအမျိုး မျိုးအတွက် ပျိုမေတို့ရဲ့ ခန္ဓာကိုယ်အလှပေါ်လွင်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေရှိပါ တယ်။ ဒီတစ်ပတ်မှာ ပျိုမေတို့အတွက် ခန္ဓာကိုယ်က အဆင်မပြေလို့ သင်ကြိုက်နှစ်သက်တဲ့ ကိုယ်လုံးပေါ် အဝတ်အစားတွေကိုရှောင်ပြီး ပွပွချောင်ချောင်အကျီတွေနဲ့ ဖုံးဖိနေစရာမလိုဘဲ ယုံကြည်မှုရှိစေဖို့ ရေးပေးလိုက်ပါတယ်။

အချိန်ဘယ်လောက်ယူရမလဲ
ခန္ဓာကိုယ်အချိုးအစားကို ပြင်ဆင်ဖို့ အချိန်မရှိဘူးဆိုရင်တောင် အများဆုံးတစ်လ၊ အနည်းဆုံး တစ်ပတ်လောက်ကြိုပြီး ပြင်ဆင် နိုင်ပါတယ်။

Motiva­tionအရင်ယူပါ
အရင်ဆုံးစလုပ်ရမှာကတော့ သင့်ခန္ဓာ ကိုယ်ကို သတ်မှတ်အချိန်အတွင်း အသင့်ဖြစ် နေအောင် လုပ်ကိုလုပ်မယ်ဆိုတဲ့ Motiva­tion လိုပါတယ်။ ဒီအတွက် သင်ဝတ်ချင်တဲ့ အဝတ်အစား၊ ကိုယ်ကျပ်အင်္ကျီ၊ ကိုယ်လုံး ပေါ်အင်္ကျီ စသဖြင့်ကို ရည်ရွယ်ထားပြီး ဒီ အင်္ကျီဝတ်တဲ့အခါ သင်ဘယ်လိုလှနေမလဲ ဆိုတာစဉ်းစားပြီး စိတ်ခွန်အားယူလိုက်ပါ။

ယုံကြည်မှုရှိပါ
လူတိုင်းမှာ အလှတစ်မျိုးစီ ပိုင်ဆိုင်ကြပါ တယ်။ ပိန်တာç ၀တာç ဖြူတာç ညိုတာç ပုတာç ရှည်တာ အားလုံး သူ့အလှနဲ့သူပါ။ နဂိုရှိရင်းစွဲ အလှကို ပိုပြီးပေါ်လွင်အောင် ထပ်ပြီး အားထုတ်ဖို့ပဲ လိုတာ ပါ။ ဒီဆောင်းပါးထဲ မှာကတော့ အစာ အငတ်ခံဖို့တို့ အ ပင်ပန်းခံဖို့တို့စ တဲ့ ကျန်းမာရေး နဲ့ မညီညွတ်တဲ့ နည်းလမ်းတွေ ကို အားမပေး ထားပါဘူး။ စိတ်သက် သောင့်သက်သာနဲ့ ပုံမှန်လေးလုပ်ဆောင်သွားဖို့ အချက် တွေကိုပဲ ဦးစားပေးအကြံပြုထားတာ ဖြစ်ပါ တယ်။

Plan ဆွဲပါ
သင်အချိန်ရတဲ့ အပေါ်မူတည်ပြီး သတ် မှတ်ရက်မတိုင်မီ လုပ်ဆောင်ရမယ့်အရာတွေ ကိုချရေးထားပါ။

Plan 1

Plan ထဲမှာ ထည့်ဆွဲရမယ့် မပါမဖြစ် အချက်က ကိုယ်လက်လှုပ်ရှားလုပ်ဖို့အ တွက် တစ်နေ့ကို နာရီဝက် အနည်းဆုံးရ အောင်ထည့်ပါ။ နံနက်အိပ်ရာထ ရေမချိုးခင် မှာ သွေးပူလေ့ကျင့်ခန်း ၁၀ မိနစ်ç ညဘက် ရေမချိုးခင်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း မိနစ် ၂၀ စာလုပ်ပေးပါ။ မိနစ် ၂၀ မှာ ၅ မိနစ်က သွေးပူလေ့ကျင့်ခန်းလုပ်ပြီး ကျန် ၁၅ မိနစ်က လက်မောင်းç ခါးç ဗိုက်ç တင်ပါးç ပေါင်စသဖြင့် လိုအပ်ရာအတွက် ကစားပေး ပါ။ တစ်နေ့တည်း အပြင်းအထန်လုပ်တာထက် ရက်ရှည် ပုံမှန်လုပ်ပေးတာက ထိရောက်တဲ့ရ လဒ်ကို ရစေမှာပါ။

Plan 2

ဒုတိယအချက်က စားစရာပါ။ ယုံကြည် မှုရှိရှိနဲ့လှနေဖို့ အစားအစာကို တစ်ပတ် အလိုကတည်းက သေချာချင့်ချိန်စားပေးပါ။ တစ်ပတ်လေးကိုပဲ သေချာဂရုစိုက်ပေးမယ် ဆိုရင် ထူးခြားချက်ကို မြင်တွေ့ရမှာပါ။ အဆီ များတဲ့စားစရာတွေç အသင့်ထုပ်ပိုးထားတဲ့ စားစရာတွေ၊ ပြုပြင်ထားတဲ့ စားစရာတွေ၊ အသင့်စားစားစရာတွေ၊ အချိုရည်တွေ၊ ဂက်စ် ပါတဲ့ဖျော်ရည်တွေ၊ အချိုစာတွေကို တစ်ပတ် အတွင်း လုံးဝရှောင်လိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်မယ့် ဆီ၊ ဆား လျှော့ချက်ထားတဲ့ စား စရာ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသီး အနှံတွေကို ချင့်ချိန်စားပေးပါ။

Plan 3

အလှအပဆိုင်ရာပြင်ဆင်ဖို့ အချိန်ကြို စဉ်းစားထားပါ။ အနားနီးမှ ဟိုဟာလုပ်ရ အုံးမယ်။ ဒီဟာလုပ်ရအုံးမယ် မဖြစ် စေအောင်ပါ။ ဆံကေသာနဲ့ပတ် သက်တာဖြစ်ဖြစ်၊ လက်သည်း ခြေသည်းအလှဆင်ဖို့ဖြစ်ဖြစ်၊ အသားအရေနဲ့ ပတ်သက်ပြီး တော့ဖြစ်ဖြစ် လုပ်စရာရှိတာ တွေကို ကြိုတင်ရက်ခွဲပြီး သတ်မှတ်ထားပါ။ အနား နီးမှ တစ်ရက်တည်း စု ပြုံပြီး လုပ်ဖို့မဖြစ်နိုင်ပါ ဘူး။ ပွဲနေ့မတိုင်ခင် တစ် ရက်အလိုမှာ ဘာတွေလုပ်မယ်၊ ပွဲနေ့အချိန် မရောက်ခင်မှာ ဘာတွေလုပ် ထားမယ်စသဖြင့် ခွဲပြီးသတ်မှတ်ထားပါ။ နေ့ စဉ်ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အထဲမှာတော့ လိုးရှင်းလိမ်းမယ်၊ Facial Masks လေးတွေ ကပ်မယ်၊ Body Scrub လုပ်မယ် စတာတွေ ပြုလုပ်နိုင်ပါတယ်။

Plan 4

ခေါင်းစခြေဆုံး ကြိုတင်ပြင်ဆင်ပါ။ ဝတ်မယ့် အဝတ်အစား၊ ဖိနပ်၊ လက် ဝတ်လက်စား၊ အပြင်အဆင် စတာ တွေကို ကြိုတင် ပြင်ဆင်ထားပါ။ ပွဲ နေ့ရောက်မှ ထုတ်ဝတ်၊ ထုတ်စီး၊ ထုတ်ပြင်ဆင်တာမျိုးက တစ်ခုခုအ ဆင်မပြေဖြစ်လာရင် ပြန်လည်ပြင် ဆင်ဖို့ အချိန်မလောက်နိုင်လို့ပါ။
ဒါကြောင့်Double Check, Triple Check တွေနဲ့ သေချာစစ်ဆေး ပြင်ဆင်ပါ။

Plan 5

စိတ်ဖိစီးမှုနည်းအောင်နေပါ။ စိတ်ညစ် စရာတွေနဲ့ ကင်းဝေးလို့မရတဲ့ လူ့လောကကြီး မှာ နေ့စဉ်စိတ်ညစ်စရာကြုံတိုင်း စိတ်ဆင်းရဲ နေရမယ်ဆိုရင် ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ် ပျောက်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအခက် အခဲတွေပဲရှိရှိ အကောင်းဆုံးတုံ့ပြန်ပါ။ အပြုံး နဲ့ရင်ဆိုင်ဖြေရှင်းလိုက်ပါ။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိရှိနဲ့ နေ့ရက်တိုင်းကို အလှဆုံးဖြတ်သန်းလိုက်ပါနော်။

Darliko

Post Author: Good Health Journal