ကော်ဖီဆိတ်နို့ဆပ်ပြာ

တချို့ဆပ်ပြာတွေက Triclosal, dioxane, formal-dehyde, paradens နဲ့ Artificial fragrance လိုမျိုး ဓာတု ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းတွေက အရေ ပြားကင်ဆာဖြစ်စေမယ့် အစက်အပြောက်တွေ ဖြစ်ပေါ်တာလို မျိုး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဓာတုပစ္စည်းကင်းပြီး ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ကော်ဖီဆိတ်နို့ဆပ်ပြာပြုလုပ်နည်း ကို ဖော်ပြပေးလိုက်ပါတယ်။ သူက အလှကုန်ပစ်္စည်းတွေအသုံး ပြုတာများလို့ ကြမ်းတမ်းနေတဲ့ သင့်အသားအရေကို အ ကောင်းဆုံးနည်းလမ်းနဲ့ ပြန်လည်ကုသပေးနိုင်ပါတယ်။ ဒီ ရာသီမှာ မိုးရေထိပြီး အသားအရေဟာ ထိုင်းမှိုင်းသွားပြီး လင်း လက်မနေတော့ပါဘူး။ ဒီဆပ်ပြာကို အသုံးပြုလိုက်တာကြောင့် သင့်အသားအရေတွေ ပြန်လည်လန်းဆန်းစေနိုင်ပါတယ်။
ဆိတ်နို့မှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ပစ္စည်း၊ သဘာဝ ပိုးသတ်အာနိသင်နဲ့ အမာရွတ်တွေကို သဘာဝအတိုင်း ပြန် လည်ပြုပြင်ပေးနိုင်စွမ်းတွေရှိပါတယ်။ သူ့မှာ Alpha-hydroxyacids တွေ မြင့်မားစွာပါဝင်တာကြောင့် သက်ကြီး အရေးကြောင်းဖြစ်စဉ်ကို ကာကွယ်ပေးနိုင်ပြီး ၀က်ခြံကို ကုသ ပေးနိုင်ကာ အရေပြားရောင်ရမ်းတာ၊ ခြောက်သွေ့တာနဲ့ အ သားအရေပျက်စီးတာတွေကို လျော့ကျစေနိုင်ပါတယ်။
ဒီဆပ်ပြာပြုလုပ်နည်းမှာပါဝင်တဲ့ ပျားရည်ဟာလည်း အရေပြားကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။
နောက်ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ကော်ဖီစေ့ဟာ အင်တီအောက်ဆီးဒင့်နဲ့ သဘာဝကြေး ချွတ်ပစ္စည်းတွေပါဝင်ပါတယ်။ သူဟာ အသားအရေကို ထိန်းညှိပေးနိုင်ပြီး လင်းလက်တောက်ပ စေပါတယ်။ ဒါ့အပြင် အသားအရေနီရဲတာကိုလျှော့ချပေးပြီး ၀က်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် တွေကို ပြုပြင်ပေးနိုင်ပါတယ်။ ဒီလိုကောင်းကျိုးတွေရှိတဲ့ ကော်ဖီဆိတ်နို့ဆပ်ပြာကို ပြုလုပ် ကြည့်ရအောင်။

► လိုအပ်တာတွေက

♦ ဆိတ်နို့အခြေခံ သဘာဝဆပ်ပြာခဲ (ခွက်တစ် ခွက်နဲ့တစ်ဝက်စာ)
♦ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ
♦ ကော်ဖီမှုန့် စားပွဲဇွန်းတစ်ဇွန်းစာ
♦ Essential Oil  (သင်နှစ်သက်ရာရနံ့ ၁၀-၁၂ စက်)
♦ ဆပ်ပြာခဲပြုလုပ်မယ့်Silicon molds – ၃ခု

►  ပြုလုပ်နည်း

♦ ဆိတ်နို့ဆပ်ပြာခဲတွေကို အတုံးလေး တွေပြုလုပ်ပြီး ပန်းကန်လုံးတစ်ခုထဲကို ထည့်ပါ။


♦ အဲဒီပန်းကန်လုံးကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး ၅၀-၆၀ စက္ကန့်ခန့် အပူပေးပါ။ အားလုံးပျော်သွားတဲ့အချိန်ထိ ထားပေးပါ။


♦ အဲဒီပန်းကန်လုံးကို အပြင်ထုတ်လိုက် ပြီး အဲဒီထဲကို ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပါ။


♦ ပြီးရင် ကော်ဖီမှုန့် စားပွဲဇွန်းတစ်ဇွန်းစာ ကို ပေါင်းထည့်ပါ။
♦ အဲဒီထဲကိုEssential Oil ၁၀-၁၂ စက်ခန့်ထည့်ပါ။


♦ အေးရင်ခဲသွားနိုင်တာကြောင့် အပူရှိန်ရှိ နေစဉ် သမအောင် ခပ်မြန်မြန်မွှေပေးပါ။
♦ အဲဒီနောက် ဆပ်ပြာခဲပြုလုပ်မယ့် Sili-con molds တွေထဲကို ထည့်ပါ။


♦ မိနစ်သုံးဆယ်ခန့် အအေးခံပြီးနောက် ဆပ်ပြာခဲတွေကို ထုတ်လိုက်ပါ။
♦ အခုဆိုရင် သင့်အသားအရေအတွက် ဆိတ်နို့ကော်ဖီဆပ်ပြာခဲ ရရှိပါပြီ။

◘ ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *