ကျောက်ကပ်ကင်ဆာရှိကြောင်း ဘယ်လို ရောဂါလက္ခဏာတွေကနေ သိနိုင်လဲ

ကျောက်ကပ်တွေမှာ ကင်ဆာရော ဂါဖြစ်ပွားနိုင်ပြီး အဖြစ်များဆုံးကင်ဆာ ၁၀ မျိုးထဲမှာ ပါဝင်ပါတယ်။ အသက် ၅၀ ကျော် အမျိုးသားတွေမှာ အဖြစ်များတာ ကို တွေ့ရတယ်လို့ အမေရိကန်ကင်ဆာ အဖွဲ့အစည်းရဲ့လေ့လာမှုအရ သိရပါ တယ်။

ဆီးထဲတွင် သွေးပါခြင်း
ကျောက်ကပ်ကင်ဆာအဖွဲ့ရဲ့ လေ့ လာမှုအရ ဆီးထဲမှာ သွေးပါတာက ကျောက်ကပ်ကင်ဆာရောဂါမှာ တွေ့ရ များတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုပါတယ်။ ဆီးထဲသွေးပါရင် ဆီးအရောင်က ပန်း ရောင်၊ အညိုရောင်၊ အနီရောင် စတဲ့ အရောင်မျိုးဖြစ်တတ်ပါတယ်။ ဆီးထဲမှာ သွေးအနည်းငယ်ပါနေရင်တောင် ဆီးအ ရောင် ပြောင်းလဲနိုင်ပါတယ်။ တစ်ခါတစ် ရံမှာ အလွန့်အလွန်သေးငယ်ပြီး မျက်စိနဲ့ မမြင်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနိုင်ပါတယ်။ ဆီးထဲမှာ သွေးပါတာရဲ့ နောက်ထပ်ဖြစ် နိုင်တဲ့အချက်တွေက ဆီးအိတ်ပိုးဝင်တာ၊ ဆီးကျောက်တည် တာ၊ အရည်အိတ် တည်တာနဲ့ ရောင်ရမ်း တာတွေကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ဆီးထဲမှာ သွေးပါ ခဲ့ရင် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုကို မဖြစ်မနေခံယူဖို့ လိုပါတယ်။

ခါးနာခြင်း
ကျောက်ကပ်ကင်ဆာရှိသူတွေရဲ့ တချို့မှာ ကင်ဆာက နောက်ဆုံးအဆင့် ရောက်ရှိနေရင်တောင် ခါးနာတဲ့ လက္ခဏာ မပြတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ကျောက်ကပ်ကင်ဆာမှာ ခန္ဓာကိုယ်ရဲ့ ဘေးဘက် ခါးနေရာမှာ တစ်ဖက်မှာသာ နာပြီး နာကျင်မှုကတဖြည်းဖြည်းချင်း တင်ပါးဆုံပိုင်းနဲ့ နံရိုးအောက် ဝမ်းဗိုက် ပိုင်းရောက်သွားတတ်ပါတယ်။ နာကျင်မှု က တဖြည်းဖြည်းချင်းနဲ့ မခံမရပ်နိုင် အောင် စူးရှနာကျင်တတ်ပါတယ်။ ရုတ် တရက်နာကျင်မှုကို ခံစားရပြီး ၁-၂ ရက် အတွင်း မသက်သာပါက ဆရာဝန်ထံ ပြသသင့်ပါတယ်။

အဖု၊ အလုံး၊ အကျိတ်
ဝမ်းဗိုက်ထဲမှာ အဖု၊ အလုံး၊ အ ကျိတ်တွေ တွေ့ရရင်တော့ ကျောက်ကပ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါ တယ်။ ကျောက်ကပ်မှာ အလုံးအကျိတ် ပေါ်ပါက ဝမ်းဗိုက်ရဲ့အတွင်းဘက်ကျတာ ကြောင့် လက်နဲ့ စမ်းကြည့်ဖို့ ခက်ခဲတတ် ပါတယ်။ ဝမ်းဗိုက်ပိုင်းမှာ အလုံးအကျိတ် တွေ့ရပါက ဆရာဝန်က အာထရာဆောင်း၊ ဃွှ sခညေ တွေ ရိုက်ကြည့်ပြီး စစ်ဆေးမှု ကို ဆောင်ရွက်ပါလိမ့်မယ်။ တခြားရောဂါ တွေလည်း ဖြစ်နိုင်တာ ကြောင့် ရောဂါရှာ ဖွေနေချိန်မှာ သိပ်ပြီး မစိုးရိမ်သင့်ပါနဲ့။

မောပန်းနွမ်းနယ်နေခြင်း
မောပန်းနွမ်းနယ်နေတဲ့ လက္ခဏာ ကတော့ ကင်ဆာရောဂါအများစုမှာ တွေ့ နိုင်ပါတယ်။ ကင်ဆာရောဂါရှိသူတွေမှာ မောပန်းနွမ်းနယ်နေတာမျိုးက လှုပ်ရှားမှု တွေကြောင့် မောပန်းတာမျိုးနဲ့ မတူပါ ဘူး။ ကင်ဆာကြောင့် မောပန်းနွမ်းနယ်နေ တာမျိုးက အနားယူတာ၊ အိပ်စက်တာ တွေ ပြုလုပ်လိုက်ပေမယ့် မပြေပျောက် တတ်ပါဘူး။ ကင်ဆာရောဂါရှိသူတွေရဲ့ မောပန်းနွမ်းနယ်မှုက နေ့စဉ်လုပ်ငန်း ဆောင်တာတွေ မလုပ်ချင်၊ မကိုင်ချင် လောက်အောင် ဖြစ်တတ်ပါတယ်။

သွေးအားနည်းခြင်း
ကျောက်ကပ်ကင်ဆာရှိသူတွေမှာ သွေးနီဥဆဲလ်တွေ လျော့နည်းတာ ကြောင့် မောပန်းနွမ်းနယ်မှုကို ခံစားရပါ တယ်။ သွေးအားနည်းနေတာကြောင့် ဖြူ ဖတ်ဖြူရော်လည်း ဖြစ်နေတတ်ပါတယ်။
ကိုယ်အလေးချိန်နည်းခြင်း၊ အစာ စားချင်စိတ်မရှိခြင်းနှင့် ဖျားနာခြင်း
ကျောက်ကပ်ကင်ဆာရဲ့ နောက် ထပ် ထင်ရှားတဲ့လက္ခဏာတစ်ရပ်က တော့ ကိုယ်အလေးချိန် လျော့နည်းတာ ပါ။ ကိုယ်အလေးချိန်ချနေတာ မဟုတ်ဘဲ ရုတ်တရက်ကိုယ်အလေးချိန်လျော့နည်း သွားတတ်တာ၊ အစားအသောက်စားချင် စိတ်မရှိဘဲ ကြိုက်နှစ်သက်တဲ့အစား အ သောက်တွေကိုတောင် စားချင် သောက် ချင်စိတ်ပျောက်ဆုံးနေတာ၊ ဘာကြောင့် မှန်းမသိဘဲ ဖျားနာနေတာတွေ ဖြစ်တတ် ပါတယ်။

ရောဂါရှာဖွေနိုင်သော စမ်းသပ်နည်းမျာ
ရှေ့မှာရေးသားခဲ့တဲ့ ရောဂါလက္ခ ဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်ထံ ပြသဖို့ နှောင့်နှေးမနေသင့်ပါ။ ဆရာဝန် က ဆီး၊ သွေးစစ်တာတွေအပြင် တခြား စစ်ဆေးမှုများစွာကို ဆောင်ရွက်ပါလိမ့် မယ်။ကျောက်ကပ်ကင်ဆာရောဂါက များ သောအားဖြင့် ရောဂါရဲ့နောက်ဆုံးအဆင့် မှာတောင် ရောဂါလက္ခဏာပြခဲပါတယ်။ ရှေ့မှာရေးသားခဲ့တဲ့ လက္ခဏာတစ်ရပ်ရပ် ရှိနေတာ၊ တခြားအင်္ဂါမှာ ကင်ဆာရှိဖူးတာ တွေရှိခဲ့ရင် ဆရာဝန်ကို ပြောပြပြီး စစ် ဆေးမှုကို ချက်ချင်းခံယူပါ။
ာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *