ကျောက်ကပ်ပျက်စီးနေသည့် လက္ခဏာများ

ကမ္ဘာ့လူဦးရေထဲမှာ လူအများစုက ကျောက်ကပ်ဝေဒနာတွေ ခံစားနေကြရပါ တယ်။ အဆိုးဆုံးကတော့ သူတို့ဆီမှာ ရောဂါရှိလို့ ရှိမှန်း မသိကြပါဘူး။ ကျောက်ကပ် ရောဂါဟာ တခြားရောဂါတွေလိုမျိုး ရောဂါနုစဉ်အခါမှာ လက္ခဏာမပြတတ်ပါဘူး။ အလွန်အခြေအနေဆိုးရွားတဲ့အချိန် ဒါမှမဟုတ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ် ချိန်ကျမှသာ ကျောက်ကပ်ပျက်စီးနေတာကို သိကြရတာဖြစ်ပါတယ်။ ကျောက်ကပ် ပျက်စီးနေကြောင်း သိနိုင်တဲ့ စောစောစီးစီး လက္ခဏာတွေရှိတာမို့ ဖော်ပြပေးလိုက်ပါ တယ်။

အချိန်ပြည့်မောပန်းနေခြင်း
ကျောက်ကပ်က အလုပ်မလုပ်တော့တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အဆိပ်အ တောက်တွေနဲ့ သွေးထဲက အညစ်အကြေးတွေ စုပုံလာတာကြောင့် မောပန်းတာ၊ မလှုပ်မရှားချင်ဖြစ်တာမျိုးတွေ ဖြစ်လာပါတယ်။ ရောဂါရှိသူတွေအနေနဲ့ လှုပ်ရှားဖို့ စွမ်းအင်လုံလုံလောက်လောက်မရှိတာ၊ အလုပ်ကို အာရုံစိုက်နိုင်စွမ်းကျဆင်းလာတာ တွေ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ရောဂါကြောင့် ဦးနှောက်အတွင်း အောက်ဆီဂျင် ရရှိမှု နည်းသွားတဲ့အတွက် ခေါင်းမူးတာနဲ့ အာရုံစူးစိုက်မရတဲ့ပြဿနာတွေ ဖြစ်လာ ပါတယ်။ အကယ်၍များ ဒီလက္ခဏာတွေ သင့်မှာ ရုတ်တရက်ဖြစ်ပေါ်လာပြီဆိုရင် ဆ ရာဝန်နဲ့ ချက်ချင်းပြသပါ။

အစာစားချင်စိတ်ပျောက်ဆုံးနေခြင်း
အစာစားချင်စိတ်မရှိတာက ကျောက်ကပ်ရောဂါရှိသူတွေမှာ အဖြစ်များလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်အတွင်းမှာ အဆိပ်အတောက်တွေ စုပုံနေ တာကြောင့်ပါ။ တခြားအကြောင်းကြောင်းတွေကြောင့်လည်း အစာစားချင်စိတ်တွေ ပျောက်ဆုံးနိုင်တဲ့အတွက် ဒီလိုဖြစ်လာရင် ရောဂါရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါ တယ်။

မျက်လုံးအစ်နေခြင်း
ကျောက်ကပ်ပျက်စီးနေတာကြောင့် ပရိုတင်းတွေကို စစ်ထုတ်နိုင်စွမ်းမရှိတော့တဲ့ အတွက် ဆီးထဲမှာ ပရိုတင်းတွေ အများအပြားပါဝင်လာတတ်ပါတယ်။ ခန္ဓာကိုယ်ထဲ က ပရိုတင်းတွေ အများအပြားထွက်ရှိသွားတာကြောင့် မျက်လုံးအစ်လာရတာဖြစ်ပါ တယ်။

အိပ်စက်မှုခက်ခဲသည့်ပြဿနာဖြစ်ခြင်း
ကျောက်ကပ်အနေနဲ့ သူရဲ့လုပ်ငန်းဆောင်တာကို သေချာမလုပ်ဆောင်နိုင်တော့ တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ရမယ့်အစား သွေး ထဲမှာ စုဆောင်းလိုက်ပါတယ်။ ဒီအဆိပ်အတောက်တွေကြောင့် အိပ်စက်မှုမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။

ဆီးသွားစဉ် သွေးတစက်စက်ကျခြင်း
သင့်ကျောက်ကပ်ကျန်းမာနေမယ်ဆိုရင် သူက အဆိပ်အတောက်တွေနဲ့ အညစ် အကြေးတွေကို စွန့်ထုတ်လိုက်တိုင်း သွေးဆဲလ်တွေက ခန္ဓာကိုယ်ထဲမှာ အထိအခိုက် မရှိဘဲ ကျန်ရှိနေပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရဲ့ စစ်ထုတ်အားက ပျက်စီးသွားတဲ့ အခါမှာ သွေးဆဲလ်တွေက ယိုစိမ့်လာပြီး ဆီးနဲ့အတူ ထွက်လာပါတယ်။ ဆီးထဲမှာ သွေးပါတာက ကျောက်ကပ်ကျောက်တည်တာ၊ ကင်ဆာဖြစ်တာ ဒါမှမဟုတ် ကျောက် ကပ်အတွင်း ရောဂါပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ တွေ့မြင် ပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

ဆီးအမြှုပ်ထနေခြင်း
သင့်ဆီးက ပုံမှန်ထက် အမြှုပ်တွေ ထပြီး အိမ်သာအိုးကို တစ်ချိန်လုံး ရေဆွဲချ နေရမယ်ဆိုရင် သင့်ကျောက်ကပ်ပျက်စီးနေပါပြီ။ ဆီးအမြှုပ်ထတာက ဆီးထဲမှာ ပရို တင်းများစွာ ပါဝင်နေတဲ့ အဓိပ္ပာယ်ပါ။

မကြာခဏ ဆီးသွားလိုခြင်း
ပုံမှန်အားဖြင့် တစ်နေ့ကို ဆီး ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် (သင်သောက်လိုက်တဲ့ ရေပမာဏပေါ်မူတည်ပြီး) သွားလေ့ရှိကြပါတယ်။ သင့်အနေနဲ့ ဒါထက်ပိုပြီး မကြာ ခဏ ဆီးသွားချင်နေရင် (အထူးသဖြင့် ညဘက်အချိန်မှာဖြစ်နေရင်) သင့်ကျောက် ကပ်ရဲ့ စစ်ထုတ်လုပ်ငန်း ပျက်စီးနေပါပြီ။ ကျောက်ကပ်ရဲ့ စစ်ထုတ်လုပ်ငန်းပျက်စီး နေတဲ့အတွက် မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ ဆီးလမ်း ကြောင်း ပိုးဝင်တဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

ခြေချင်းဝတ်၊ ခြေဖမိုး ဖောရောင်နေခြင်း
ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေက ပုံမှန်မဟုတ်တော့တာကြောင့် ကိုယ် တွင်းမှာ ဆိုဒီယမ်စုဆောင်းမှုတွေ များလာပါတယ်။ ဆိုဒီယမ်တွေ စုပုံနေတာကြောင့် ခြေချင်းဝတ်၊ ခြေဖမိုးနဲ့ အဆစ်တွေမှာ ရောင်ရမ်းမှုတွေ ဖြစ်လာပါတယ်။ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရောင်ရမ်းမှုတွေဖြစ်ပေါ်လာတာက နှလုံး ဒါမှမဟုတ် အသည်းရောဂါ ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

မကြာခဏ ကြွက်တက်ခြင်း
ကျောက်ကပ်က သူရဲ့ လုပ်ငန်းဆောင်တာတွေကို သေချာမပြုလုပ်နိုင်တော့တဲ့ အတွက် ခန္ဓာကိုယ်အတွင်း ဓာတ်ဆားညီညွတ်မျှတမှုလည်း မရှိတော့ပါဘူး။ ကိုယ် တွင်းမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ပရပ်စ်အဆင့်တွေ မထိန်းညှိနိုင်တော့တဲ့အတွက် ခန္ဓာကိုယ်တွင်း ကြွက်တက်လာတာဖြစ်ပါတယ်။

အသားအရေခြောက်သွေ့ယားယံခြင်း
ကျောက်ကပ်နှစ်ဖက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကိုယ်တွင်းက အဆိပ်အ တောက်နဲ့ အညစ်အကြေးတွေကို စွန့်ထုတ်တာ၊ ခန္ဓာကိုယ်တွင်းမှာ သတ္တုဓာတ်ပမာဏ ညီညွတ်မှုရှိအောင် ထိန်းချုပ်တာ၊ အရိုးကျန်းမာပြီး သန်မာစေတာနဲ့ သွေးနီဥတွေ ထုတ်လုပ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းဆောင်တာတွေအပြင် ကျန်းမာပြီး ရေ ဓာတ်ပြည့်ဝနေတဲ့ အသားအရေဖြစ်အောင်လည်း ကူညီပေးပါတယ်။ အရေပြား ခြောက်သွေ့ပြီး ယားယံနေတာက သင့်ကျောက်ကပ်အနေနဲ့ ခန္ဓာကိုယ်တွင်း အာဟာ ရနဲ့ သတ္တုဓာတ်တွေကို ညီညွတ်မျှတအောင် မပြုလုပ်ပေးနိုင်တော့တဲ့အဓိပ္ပာယ်ပါ။ ယားယံတာက ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်စစ်တွေ များနေတာကြောင့်လည်း ဖြစ် နိုင်ပါတယ်။

ပျို့ခြင်း၊ အန်ခြင်း
ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ ပြည့်လျှံနေမယ်ဆိုရင် ပျို့ချင်အန်ချင် ဖြစ်လာပါတယ်။ ဒီအဆိပ်အတောက်တွေကို ခန္ဓာကိုယ်က ဖယ်ရှားဖို့ ကျောက်ကပ်က မပြုလုပ်နိုင်တာကြောင့် အန်ထုတ်တဲ့စနစ်ကို ခန္ဓာကိုယ်က အသုံးပြုလိုက်ရတာဖြစ်ပါ တယ်။ အသက်ရှူမ၀တာတွေလည်း တစ်ခါတစ်ရံဖြစ်တတ်ပါတယ်။

ခံတွင်းပျက်ခြင်း
ကျောက်ကပ်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို မဖယ်ရှားနိုင်တဲ့အခါ မှာ သူတို့တွေက ကိုယ်ထဲမှာ ယူရီးမီးယားအနေနဲ့ စုပုံလာပါတယ်။ ဒီယူရီးမီးယား ကြောင့် ဘာစားစား အရသာမရှိတော့ပါဘူး။

ဟေမိုဂလိုဘင်အဆင့်ကျဆင်းခြင်း
ကျောက်ကပ်ဟာ သွေးနီဥတွေကို ထုတ်လုပ်ပေးဖို့ အီလက်ထရိုပွိုင်ယက်တင် ဆိုတဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ ကျောက်ကပ်ပျက်စီးနေတဲ့အတွက် ဒီဟော် မုန်းကို လုံလုံလောက်လောက် မထုတ်နိုင်တာကြောင့် သွေးနီဥလျော့ကျသွားပြီး သွေး အားနည်းဝေဒနာခံစားရနိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *