ကျောရိုးအကြောင်း ဘယ်လောက်သိပါသလဲ(၂)

လူတွေရဲ့ နောက်ကျောမှာ ကျောရိုး ဆစ်တွေ စီထားတဲ့ ကျောရိုးမကြီးရှိနေပြီး ဒီကျောရိုးဆစ်တွေကြားထဲ ဖြစ်ပြီး သွယ်တန်းနေတဲ့ ကျောရိုးအာရုံကြောမ ကြီးလည်း ရှိပါတယ်။ လူရဲ့ အခြေခံအုတ် မြစ်တိုင်လို အရေးကြီးတဲ့ ကျောရိုးတွေနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိလဲ လေ့လာကြည့်ကြရအောင်။
၁။ အသက်ကြီးလာတာနဲ့အမျှ ကျောရိုး ဆစ်တွေ ပိုများလာတတ်ပါတယ်။
(က) မှန်
(ခ) မှား

၂။ အာကာသယဉ်မှူးတွေက အာကာသ ထဲမှာ အရပ်ပိုရှည်လာတတ်တယ်။
(က) မှန်
(ခ) မှား

၃။ ဘေးတိုက်ကြည့်ရင် ကျောရိုးမကြီးက ဘယ်လိုပုံဖြစ်နေတတ်သလဲ။
(က) အင်္ဂလိပ်အက္ခရာ L
(ခ) အင်္ဂလိပ်အက္ခရာ I
(ဂ) အင်္ဂလိပ်အက္ခရာ S

၄။ ကျောရိုးဆစ်လွဲရင် အပြင်ကို ချော် ထွက်လာတတ်ပါတယ်။
(က) မှန်
(ခ) မှား

၅။ ဘယ်လိုမျိုးအိပ်တာက ကျောရိုး အတွက် အကောင်းဆုံးပါလဲ။
(က) ပက်လက်အိပ်
(ခ) မှောက်ခုံအိပ်
(ဂ) ဘေးစောင်းအိပ်

၆။ ခါးနာနေရင် တစ်ပတ်လောက် အိပ် ရာထဲလှဲနေတာ အကောင်းဆုံးနည်းပါ။
(က) မှန်
(ခ) မှား

၇။ အနောက်ဘက် ဘောင်းဘီအိတ်ထဲ ပိုက်ဆံအိတ်ထည့်ထားတာက ခါး အတွက်မကောင်းဘူး။
(က) မှန်
(ခ) မှား

၈။ လူကြီးတွေပဲ ခါးနာတတ်ကြတာတယ်။
(က) မှန်
(ခ) မှား

၉။ ကျောရိုးတစ်လျှောက်ရှိနေတဲ့ ကျော ရိုးနာ့ဗ်ကြောမကြီးမှာ ထိခိုက်ဒဏ်ရာ ရပါက အပေါ်ပိုင်းမှာ ဒဏ်ရာရရင် ပို အရေးကြီး တယ်ဆိုတာ မှန်လား။
(က) မှန်
(ခ) မှား

၁။ (ခ) မှား
ကျောရိုးမှာ ကျောရိုးဆစ်တွေများစွာ ရှိနေပါတယ်။ လက်စွပ်ကွင်းလိုဖြစ်နေတဲ့ ကျောရိုးဆစ်တွေက တစ်ခုပေါ်တစ်ခုဆင့် ကာ ရှိနေပါတယ်။ လူအများစုက ကျောရိုး ဆစ် ၃၃ ခုနဲ့ မွေးလာကြတာဖြစ်ပြီး အ ရွယ်ရောက်လာတဲ့အခါမှာတော့ ၂၄ ခု သာ ကျန်ပါတော့တယ်။ လူကောင်ထွား လာတာနဲ့အမျှ ကျောရိုးတွေလည်း အတူ တူ လိုက်ထွားလာတာပါ။

၂။ (က) မှန်
ကမ္ဘာပေါ်မှာဆိုရင် ကမ္ဘာမြေပြင်ဆွဲ အားက သင့်ကိုဆွဲချထားတာကြောင့် ကျောရိုးဆစ်တွေက တစ်ခုနဲ့တစ်ခု ပိကပ် နေပါတယ်။ အာကာသထဲမှာတော့ ကမ္ဘာ့ မြေပြင်လို ဆွဲအားမရှိတာကြောင့် ကျော ရိုးဆစ်တွေ ပိုရှည်လာတာပဲဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေဟာ အာကာသ ထဲမှာ အများဆုံး သုံးရာခိုင်နှုန်းလောက် အရပ်ပိုရှည်လာတတ်ပါတယ်။ ကမ္ဘာပေါ် ပြန်ရောက်လာတဲ့အခါမှာတော့ ပုံမှန်အ ရပ် ပြန်ဖြစ်သွားတတ်ပါတယ်။

၃။ (ဂ) အင်္ဂလိပ်အက္ခရာ S
ကျောရိုးကခန္ဓာကိုယ်အလေးချိန်ကို မတည်ပေးရတာဖြစ်ပြီး ထိုင်ရာမှ ထရာ မှာ မတ်မတ်လေးဖြစ်နေအောင် ကူညီပေး ပါတယ်။ ကျောရိုးအပေါ်ပိုင်းက ၁၀ ပေါင် ကနေ ၁၂ ပေါင်လေးတဲ့ဦးခေါင်းကို ထောက်ပေးထားရတာဖြစ်ပြီး ကျောရိုး အောက်ပိုင်းကတော့ ကိုယ်အလေးချိန် အများစုကို ထောက်ပေးထားရတာပါ။ ကျောရိုးရဲ့ ပုံစံကတော့ အင်္ဂလိပ်အက္ခရာ S ပုံရှိပါတယ်။

၄။ (ခ) မှား
ကျောရိုးဆစ်တွေက ကျောရိုးတွေ ကြားမှာရှိနေပြီး အပြင်ဘက်မှာ မာကျော နေကာ အတွင်းမှာတော့ အိအိပျော့ပျော့ လေးပါ။ အဲဒီလို ပျော့နေတာကြောင့်လည်း မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာ၊ ပြေး တာလို ဘယ်လိုလှုပ်ရှားမှုတွေကိုမဆို အ ဆင်ပြေနေစေတာပါ။ ကျောရိုးဆစ်လွဲရင် အထဲက ဂျယ်လီပျော့ပျော့လေးတွေက လွဲတဲ့နေရာကနေ စိမ့်ထွက်လာတတ်တာ နာတာ၊ အားပျော့တာနဲ့ ထုံတာတို့ ဖြစ် တတ်ပါတယ်။

၅။ (ဂ) ဘေးစောင်းအိပ်
မှောက်ခုံအိပ်တာက ခါးနာတတ် သလို လည်ပင်းလည်းနာတတ်ပါတယ်။ ပက်လက်အိပ်တာကလည်း ကျောရိုးပေါ် ဖိအားများစေတတ်ပါတယ်။ ပက်လက် အိပ်တဲ့အခါ ဒူးအောက်မှာ ဖက်လုံးခံအိပ် တာက ကျောရိုးပေါ်ဖိအားသက်ရောက် တာကို လျှော့ချသလို ခါးနာလည်းသက် သာစေပါတယ်။ ဘေးစောင်းအိပ်ပြီး ဒူး နှစ်ဖက်ကြား ဖက်လုံးခွအိပ်တာကတော့ ကျောနဲ့ခါးအတွက်အကောင်းဆုံးပါ။ ထိုင်တဲ့အခါမှာ တင်ပါးထက် ဒူးကို အ ပေါ်မြင့်နေအောင် ခြေထောက်အောက် ခွေးခြေခံထိုင်တာကလည်း ခါးနာသက် သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချပြီး ဆေးလိပ်လည်းဖြတ်လိုက်ပါ။ ဆေးလိပ်က ကျောရိုးဆစ်တွေဆီ သွေး မရောက်အောင် တားပေးတာကြောင့်ပါ။

၆။ (ခ) မှား
အိပ်ရာထဲမှာ တစ်ရက်နှစ်ရက် လောက်လှဲရုံနဲ့ သက်သာနိုင်ပါတယ်။ နှစ် ရက်ထက်ကျော်ရင်တော့ ခါးတောင်ပိုနာ လာနိုင်ပါတယ်။ ဇက်ကြောတက်ခါးနာ လည်ပင်းနာဖြစ်နေရင် အိပ်ရာထဲမှာပဲ လှဲနေတာထက်စာရင် လေ့ကျင့်ခန်းနည်း နည်းလုပ်တာကလည်း သက်သာစေနိုင် မှာပါ။ ဒါကြောင့် ခါးနာလို့ အိပ်ရာထဲလှဲ နေရင်တောင် မကြာမကြာ လမ်းထထ လျှောက်ပေးပါ။

၇။ (က) မှန်
ယောက်ျားလေးအတော်များများဟာ ပိုက်ဆံအိတ်ကို ဘောင်းဘီအနောက် အိတ်ထဲ ထည့်လေ့ရှိကြပါတယ်။ ဒီအမူ အကျင့်က ခါးနာစေနိုင်မှာပါနော်။ ပိုက်ဆံ အိတ်ကိုနောက်ထဲမထည့်ဘဲ လက်က ကိုင်ပါ။ အနောက်အိတ်ထဲပဲ ထည့်မယ်ဆို ရင်လည်း လေးတာတွေ မလိုအပ်တာတွေ ထုတ်လိုက်ပါ။ နောက်ပြီး အိတ်ထဲ ပိုက် ဆံအိတ်ထည့်လျက်သားကြီးကို မခုထိုင် ပါနဲ့။ တစ်နေကုန်ဖင်ခုထိုင်ရင် ခါးနာ တတ်ပါတယ်။

၈။ (ခ) မှား
အသက်၃၀နဲ့အထက်လူကြီးတွေ မှာ ခါးနာတတ်ကြပေမယ့် ကျောပိုးအိတ် အလေးကြီးတွေသယ်လေ့ရှိတဲ့ ကလေးတွေ မှာလည်း ခါးနာတတ်ကြပါတယ်။ ခါးမနာ အောင် အလေးအပင်မတဲ့အခါ ခါးကုန်း ပြီးမယူဘဲ ဒူးကွေးပြီး သယ်မပါ။ မလိုအပ် ဘဲ ပစ္စည်းတွေ အလေးကြီး မသယ်ပါနဲ့။ ကျောပိုးအိတ်ထဲက မလိုတာတွေ ထုတ် ပါ။ အဝမလွန်အောင် ကိုယ်အလေးချိန်ကို လျှော့ချပါ။

၉။ (ခ) မှား
ဘယ်နေရာမှာပဲ ဒဏ်ရာရရ အတူ တူပါပဲ။ တချို့မှာ လည်ပင်းနားက ကျော ရိုး မှာ ဒဏ်ရာရပြီး လေဖြတ်သွားတာမျိုး ရှိတတ်ပါတယ်။ ခါးနာက ကျောရိုးဒဏ် ရာရလို့ ခြေထောက်တွေ ရင်ဘတ်တွေ မလှုပ်ရှားနိုင်တာမျိုးလည်း ဖြစ်တတ်ပါ တယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal